2764 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

### Unicode Version ###

ကိုယ်ပိုင်ဆိုင်တဲ့အိမ်လေးတစ်လုံးထဲမှာ မိမိစိတ်ကူးထဲကအတိုင်း ခန့်ညားထယ်ဝါအောင် အိမ်တွင်းအလှဆင် ယင်ထားပြီး အပင်လှလှလေးတွေစိုက်ပျိုးထားခြင်းဟာ ကိုယ့်အိမ်ခန်းလေးထဲရောက်တာနဲ့ဘဝရဲ့တစ်နေ့တာ လုပ်ငန်းခွင်အတွင်း ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေမှာ အသေအချာပါ။ အိမ်ခန်းလေးရဲ့အလှတရားကလည်း အလှပန်းအိုးတွေနဲ့ဆို အေးမြစိမ်းလန်းနေမှာဖြစ်ပြီး အိမ်သာမှဧည့်လာဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့အိမ်လေးဟာ လူအများသဘောကျရအောင် လှပနေမှာပါ။

အပင်လေးတွေကို ဂရုတစိုက်ပျိုးထောင်ပေး၍ ကောင်းမွန်သော မြေဆီလွှာဖြစ်နေပါစေ။

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

အပင်လေးတွေမှာ ရေ၊ မြေ၊ လေနဲ့ ဂရုတစိုက်ပျိုးထောင်ပေးမှုတွေကို လိုအပ်ပါတယ်။ အိမ်တွေမှာစိုက်တဲ့ သစ်ပင်၊ပန်းပင်တွေရဲ့ မြေဆီလွှာတွေမှာ မြေသြဇာထည့်ကြရပါတယ်။ အိမ်မှာစိုက်တဲ့သစ်ပင်၊ ပန်းပင်တွေက အပြင်မှာစိုက်ထားတဲ့အပင်တွေနဲ့မတူပါဘူး။ အိမ်အပြင်စိုက်ပျိုးထားတဲ့ သစ်ပင်၊ ပန်းပင်တွေက သဘာဝအားဖြင့် မြေသြဇာရရှိဖို့လွယ်ကူပါတယ်။

အပင်ကြီးထွားမှုအလိုက် သင့်လျော်သော အိုးကိုလဲလှယ်ပေးပါ။

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

အိုးအရွယ်အစားအပြင်အထဲကမြေက အပင်ကြီးထွားဖို့ လိုအပ်တာမျိုးဖြစ်အောင် မြေဓာတ်အားကောင်းသော မြေလည်းလိုသလို လဲပေးရ ဖြည့်ပေးရတာမျိုးရှိပါတယ်။ အိမ်တွင်းအလှဆင်မယ်ဆိုရင် ပန်းအလှထိုးဖို့ ပန်းအိုးလေးတွေက မပါမဖြစ်ပါပဲ။ မြေအိုး၊ စဉ့်အိုး၊ ကြွေအိုး အစရှိတဲ့ အိုးအမျိုးမျိုးနဲ့အတူ ကြိမ်နဲ့ပြုလုပ်ထားတဲ့ ကြိမ်အိုးလေးတွေကလည်း ချစ်စဖွယ်အလှဆင်နိုင်ပါသေးတယ်။ အိမ်တွင်းအပင်တွေကို အပြင်ထားတဲ့ အပင်တွေထက်ပိုပြီး အိုးလှလှလေးတွေမျိုးစုံနဲ့ စိတ်တိုင်းကျ စိုက်ပျိုးလို့ရပါတယ်။ အိမ်တွင်းစိုက်ပျိူးတဲ့နေရာမှာ ရေသိပ်မလောင်းရတဲ့ ကန္တာရပင်လိုမျိုး၊ ရေနဲ့စိုက်တဲ့ ရွှေလာငွေလာတွေ၊ လာဘ်ရွင်ဝါးပင်တွေစိုက်တဲ့ အိုးတွေ) မှာ အောက်ခြေအပေါက်မပါတဲ့အိုးတွေ သုံးပါတယ်။ အပေါက်ပါတဲ့ အိုးဆိုရင်တော့ အောက်ခံပြားပါဝယ်ပါ။ အောက်ခံပြားလေးပါမှ ရေလောင်းရင် အဆင်ပြေပါတယ်။ တစ်ချို့က အိုးကြီးကြီးကိုလည်း အိမ်တွင်းစိုက်အပင် လေးတွေ တစ်မျိုးနှစ်မျိုးမကရောပြီး အုပ်စုလိုက်အလှပြပြီးစိုက်တဲ့အနေနဲ့သုံးပါတယ်။ ရွံ့အိုးတွေက လေးတဲ့အတွက် အပေါ်ပိုင်းအပွင့်အရွက် ထူထပ်လေးလံတဲ့အပင်တွေအတွက် သင့်လျော်ပါတယ်။ ပလတ်စတစ်အိုးက ပေါ့တယ်။ ဒါပေမယ့် ရေဓာတ်ကို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ရေကြိုက်တဲ့အပင်တွေကို ပလတ်စတစ်အိုးအသုံးပြုတာ ကောင်းပါတယ်။

လေဝင်လေထွက်ရှိပြီး နေရောင်ရသောနေရာတွင် အလှဆင်ပါ။

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

အိမ်တွင်းအလှပျိုးပင်တွေက အပြင်အပင်တွေလိုမဟုတ်ဘဲ အိမ်တွင်း အလှပြယုဂ် တစ်ခုအနေနဲ့ပါ အလှပန်းအိုးတွေကို အိမ်ခန်း၊ ဧည့်ခန်းတွေရဲ့ ထောင့်မှာထားပြီး အလှဆင်ခြင်းအားဖြင့်လည်း ကိုယ့်နေအိမ်ကို ပိုပြီးတင့်တယ်သွားစေသလို စားပွဲပေါ်မှာ ဒီအတိုင်းဘာမှမတင်ဘဲ ပြောင်ရှင်းရှင်းကြီး ထားတာထက် ပန်းအိုးလှလှလေးတလုံးတင်ပြီး အလှဆင်ထားတာ ပိုပြီးကြည့်ကောင်းစေပါတယ်။များသောအားဖြင့် ပန်းပင်၊သစ်ပင်တွေရှင်သန်မှုတွင် ရေနည်းတူ နေရောင်၊ အလင်းရောင်သည်လည်း အှရေးကြီးတဲ့ကဏ္ဍ တစ်ရပ်ဖြစ်ပါတယ်။ အပင်များကို နေရောင်၊ အလင်းရောင် အလုံအလောက်ရနိုင်တဲ့ ပြတင်းပေါက်နားမှာ စိုက်တာကအပင်ရှင်သန်မှုကောင်းစေပါတယ်။ ကိုယ့်အိမ်အနေအထား အပေါ်မူတည်ပြီး ပန်းအိုးအကြီးအသေး ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ သင့်ရဲ့စိတ်လေး လန်းဆန်းသွားအောင် ပန်းအိုးလှလှလေးတွေနဲ့ အိမ်တွင်း အလှဆင်လိုက်ပါ။

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

ပန်းအိုးလှလှလေးတွေနဲ့ ကိုယ်ပိုင်နေအိမ်လေး အလှဆင်ရအောင်

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com


### Zawgyi Version ###

ပန္းအိုးလွလွေလးေတြနဲ႕ ကိုယ္ပိုင္ေနအိမ္ေလး အလွဆင္ရေအာင္


ကိုယ္ပိုင္ဆိုင္တဲ့အိမ္ေလးတစ္လုံးထဲမွာ မိမိစိတ္ကူးထဲကအတိုင္း ခန္႔ညားထယ္ဝါေအာင္ အိမ္တြင္းအလွဆင္ ယင္ထားၿပီး အပင္လွလွေလးေတြစိုက္ပ်ိဳးထားျခင္းဟာ ကိုယ့္အိမ္ခန္းေလးထဲေရာက္တာနဲ႔ဘ၀ရဲ႕တစ္ေန႔တာ လုပ္ငန္းခြင္အတြင္း ပင္ပန္းႏြမ္းနယ္မႈမ်ားကို ေျပေပ်ာက္ေစမွာ အေသအခ်ာပါ။ အိမ္ခန္းေလးရဲ႕အလွတရားကလည္း အလွပန္းအိုးေတြနဲ႕ဆို ေအးျမစိမ္းလန္းေနမွာျဖစ္ၿပီး အိမ္သာမွဧည့္လာဆိုတဲ့ စကားအတိုင္း ကိုယ့္ရဲ႕အိမ္ေလးဟာ လူအမ်ားသေဘာက်ရေအာင္ လွပေနမွာပါ။

အပင္ေလးေတြကို ဂ႐ုတစိုက္ပ်ိဳးေထာင္ေပး၍ ေကာင္းမြန္ေသာ ေျမဆီလႊာျဖစ္ေနပါေစ။

အပင္ေလးေတြမွာ ေရ၊ ေျမ၊ ေလနဲ႔ ဂ႐ုတစိုက္ပ်ိဳးေထာင္ေပးမႈေတြကို လိုအပ္ပါတယ္။ အိမ္ေတြမွာစိုက္တဲ့ သစ္ပင္၊ပန္းပင္ေတြရဲ႕ ေျမဆီလႊာေတြမွာ ေျမၾသဇာထည့္ၾကရပါတယ္။ အိမ္မွာစိုက္တဲ့သစ္ပင္၊ ပန္းပင္ေတြက အျပင္မွာစိုက္ထားတဲ့အပင္ေတြနဲ႕မတူပါဘူး။ အိမ္အျပင္စိုက္ပ်ိဳးထားတဲ့ သစ္ပင္၊ ပန္းပင္ေတြက သဘာ၀အားျဖင့္ ေျမၾသဇာရရွိဖို႔လြယ္ကူပါတယ္။

အပင္ႀကီးထြားမႈအလိုက္ သင့္ေလ်ာ္ေသာ အိုးကိုလဲလွယ္ေပးပါ။

အိုးအ႐ြယ္အစားအျပင္အထဲကေျမက အပင္ႀကီးထြားဖို႔ လိုအပ္တာမ်ိဳးျဖစ္ေအာင္ ေျမဓာတ္အားေကာင္းေသာ ေျမလည္းလိုသလို လဲေပးရ ျဖည့္ေပးရတာမ်ိဳးရွိပါတယ္။ အိမ္တြင္းအလွဆင္မယ္ဆုိရင္ ပန္းအလွထုိးဖုိ႔ ပန္းအိုးေလးေတြက မပါမျဖစ္ပါပဲ။ ေျမအိုး၊ စဥ္႔အိုး၊ ေၾကြအိုး အစရိွတဲ့ အိုးအမ်ိဳးမ်ိဳးနဲ႔အတူ ႀကိမ္နဲ႔ျပဳလုပ္ထားတဲ့ ႀကိမ္အိုးေလးေတြကလည္း ခ်စ္စဖြယ္အလွဆင္ႏိုင္ပါေသးတယ္။ အိမ္တြင္းအပင္ေတြကို အျပင္ထားတဲ့ အပင္ေတြထက္ပိုၿပီး အိုးလွလွေလးေတြမ်ိဳးစုံနဲ႔ စိတ္တိုင္းက် စိုက္ပ်ိဳးလို႔ရပါတယ္။ အိမ္တြင္းစိုက္ပ်ိဴးတဲ့ေနရာမွာ ေရသိပ္မေလာင္းရတဲ့ ကႏၲာရပင္လိုမ်ိဳး၊ ေရနဲ႔စိုက္တဲ့ ေ႐ႊလာေငြလာေတြ၊ လာဘ္႐ြင္ဝါးပင္ေတြစိုက္တဲ့ အိုးေတြ) မွာ ေအာက္ေျခအေပါက္မပါတဲ့အိုးေတြ သုံးပါတယ္။ အေပါက္ပါတဲ့ အိုးဆိုရင္ေတာ့ ေအာက္ခံျပားပါဝယ္ပါ။ ေအာက္ခံျပားေလးပါမွ ေရေလာင္းရင္ အဆင္ေျပပါတယ္။ တစ္ခ်ိဳ႕က အိုးႀကီးႀကီးကိုလည္း အိမ္တြင္းစိုက္အပင္ ေလးေတြ တစ္မ်ိဳးႏွစ္မ်ိဳးမကေရာၿပီး အုပ္စုလိုက္အလွျပၿပီးစိုက္တဲ့အေနနဲ႔သုံးပါတယ္။ ႐ြံ႕အိုးေတြက ေလးတဲ့အတြက္ အေပၚပိုင္းအပြင့္အ႐ြက္ ထူထပ္ေလးလံတဲ့အပင္ေတြအတြက္ သင့္ေလ်ာ္ပါတယ္။ ပလတ္စတစ္အိုးက ေပါ့တယ္။ ဒါေပမယ့္ ေရဓာတ္ကို ထိန္းႏိုင္ပါတယ္။ ဒါေၾကာင့္ ေရႀကိဳက္တဲ့အပင္ေတြကို ပလတ္စတစ္အိုးအသုံးျပဳတာ ေကာင္းပါတယ္။

ေလ၀င္ေလထြက္ရွိၿပီး ေနေရာင္ရေသာေနရာတြင္ အလွဆင္ပါ။

အိမ္တြင္းအလွပ်ိဳးပင္ေတြက အျပင္အပင္ေတြလိုမဟုတ္ဘဲ အိမ္တြင္း အလွျပယုဂ္ တစ္ခုအေနနဲ႔ပါ အလွပန္းအိုးေတြကို အိမ္ခန္း၊ ဧည့္ခန္းေတြရဲ႔ ေထာင့္မွာထားၿပီး အလွဆင္ျခင္းအားျဖင့္လည္း ကိုယ့္ေနအိမ္ကို ပိုၿပီးတင့္တယ္သြားေစသလို စားပြဲေပၚမွာ ဒီအတုိင္းဘာမွမတင္ဘဲ ေျပာင္ရွင္းရွင္းႀကီးထားတာထက္ ပန္းအိုးလွလွေလးတလံုးတင္ၿပီး အလွဆင္ထားတာ ပိုၿပီးၾကည့္ေကာင္းေစပါတယ္။မ်ားေသာအားျဖင့္ ပန္းပင္၊သစ္ပင္ေတြရွင္သန္မႈတြင္ ေရနည္းတူ ေနေရာင္၊ အလင္းေရာင္သည္လည္း အေရးႀကီးတဲ့က႑ တစ္ရပ္ျဖစ္ပါတယ္။ အပင္မ်ားကို ေနေရာင္၊ အလင္းေရာင္ အလုံအေလာက္ရႏိုင္တဲ့ ျပတင္းေပါက္နားမွာ စိုက္တာကအပင္ရွင္သန္မႈေကာင္းေစပါတယ္။ ကိုယ့္အိမ္အေနအထား အေပၚမူတည္ၿပီး ပန္းအိုးအႀကီးအေသး ေရြးခ်ယ္စိုက္ပိ်ဳးႏိုင္ပါတယ္။ သင့္ရဲ႕စိတ္ေလး လန္းဆန္းသြားေအာင္ ပန္းအိုးလွလွေလးေတြနဲ႕ အိမ္တြင္း အလွဆင္လိုက္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)