1114 ကြိမ် ကြည့်ရှု့ ပြီး

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်

(၁) ညကြည့်မီးအုပ်ဆောင်းစားပွဲနှင့် ကြောင်ဂေဟာ (JAXPETY Nightstand Pet Litter Box)

အိပ်ရာဘေး ညကြည့်မီးအုပ်ဆောင်းစားပွဲအဖြစ်အသုံးပြုနိုင်သည့်နည်းတူ သင်ချစ်မြတ်နိုးသည့် ကြောင်ကလေးအိပ်စက်ရာ နေရာလည်း တွဲဖက်ပါဝင်သည်။

ကြောင်ကလေးအိပ်စက်မည့်နေရာတွင် လှပသည့်တံခါးပေါက်ကလေးတစ်ခု တပ်ဆင်ပေးထားပြီး အလိုရှိသလို အဝင်အထွက် ပြုလုပ်နိုင်ရန်လည်း စက်ဝိုင်းသဏ္ဍာန် အဝိုင်းပေါက်
ဖောက်ပေးထားသည်။

တံခါးဖွင့်ပြီး အတွင်းတွင် မွေ့ယာငယ်တစ်ခု ထားရှိပေးပါက မိုးနှင့် ဆောင်းကာလများတွင် သခင်၏အနီး၌ နွေးထွေးစွာ ထားရှိနိုင် မည်လည်း ဖြစ်သည်။
အဆိုပါ product ကို မြန်မာနိုင်ငံသို့လည်း ပို့ဆောင်ပေးသည်ဟုဆိုသည်။


ဈေးနှုန်း- ကန်ဒေါ်လာ ၅၀ ဒသမ ၉၉ ဒေါ်လာ (မြန်မာငွေ ၇၇၃၆၃ ကျပ်- မတ်လ ၂၂ ရက် ငွေလဲနှုန်း ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၅၁၇ ကျပ်ဖြင့် တွက်ချက်ထားပါသည်)
အရောင်- အညိုရောင်
အရွယ်အစား- ၂၀” × ၁၉” × ၂၅” ( L X W X H )
Source- Amazon


(၂) ကြောင်သစ်ပင်အိမ် (FEANDREA Cat Tree)

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်

ကြောင်သစ်ပင်ဟု အမည်ပေးထားသည့် နေအိမ်တွဲကလေးတွင် ကြောင်ကလေးများ အိပ်စက်နိုင်မည့် နေရာ ၃ ခု ပါဝင်ပြီး ထောက်မပေးထားသည့် တိုင်လုံးလေးများကို ကြောင်တို့၏
ကုတ်ခြစ်မှုခံနိုင်ရည်ရှိမည့် နာနတ်လျှော်ဖြင့် ရစ်ပတ်ပေးထားသည်။
အာမခံကာလမှာ လပေါင်း ၃၀ ဖြစ်ကာ မြန်မာနိုင်ငံသို့လည်း ပို့ဆောင်ပေးသည်ဟု ဆိုသည်။

ဈေးနှုန်း- ကန်ဒေါ်လာ ၆၆ ဒသမ ၉၉ (မြန်မာငွေ ၁၀၁၆၃၈ ကျပ်)
အရောင်- Smoky Gray
အရွယ်အစား- ၂၃.၆” × ၁၅.၇” × ၃၃.၁” ( L X W X H )
Source- Amazon


(၃) ကြောင်ကွန်ဒို (Tobbi Fir Wooden Cat House)

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်

နှစ်ထပ် ကြောင်နေအိမ်ဖြစ်ပြီး အမိုးပါဝင်ကာ ရာသီဥတုဒဏ်ခံနိုင်အောင် ထုတ်လုပ်ထားသဖြင့် အိမ်တွင်း၊ အိမ်ပြင် ထားရှိနိုင်သည်။
နေအိမ်များမှ လမ်းပျောက်နေကြသည့် ကြောင်ကလေးများ ယာယီခိုနားနိုင်မည့် အိမ်ကလေးအဖြစ်လည်း ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ရာ အဆိုပါအိမ်ငယ်ကလေးများကို ဝယ်ယူပြီး
လမ်းဘေးသင့်လျော်ရာနေရာများတွင် ချထားပေးခြင်းအားဖြင့်လည်း သခင်များနှင့် ကွဲကွာနေသည့်ကြောင်ကလေးများ ခိုနားနိုင်မည် ဖြစ်သည်။

ဈေးနှုန်း- ကန်ဒေါ်လာ ၅၇ ဒသမ ၉၉ (မြန်မာငွေ ၈၇၉၈၃ ကျပ်)
အရောင်- အဝါရောင်
အရွယ်အစား- ၂၃” × ၂၃” × ၃၀” ( L X W X H )
(မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးသည်)
Source- Amazon

(၄) ၅ ထပ် ကြောင်သစ်ပင် (go2buy 53.5 Inches Cat Tree)

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်

ဈေးနှုန်း- ကန်ဒေါ်လာ ၆၅ ဒသမ ၉၉ (မြန်မာငွေ ၁၀၀၁၂၁ ကျပ်) (အမြင့်အပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိသည်)
အရောင်- မီးခိုးရောင်၊ အပြာရောင်- ၆၂ ဒသမ ၉၉ ဒေါ်လာ
သိုးမွှေးခင်း- ၆၂ ဒသမ ၉၉ ဒေါ်လာ
နီညိုရင့်ရောင်- ၆၂ ဒသမ ၉၉ ဒေါ်လာ
အရွယ်အစား- ၁၉.၇” × ၁၉.၇”× ၅၃.၅” ( L X W X H )
ကြောင်နေအိမ်အကြီး၏အရွယ်အစား- -၁၇.၃” × ၁၀.၆”× ၉.၈” (L X W X H )
ကြောင်နေအိမ်အသေး၏အရွယ်အစား- - ၁၀.၆” × ၁၀.၆”× ၉.၄” (မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးသည်)
Source- Amazon

(၅) ကြောင်ပုခက် (Wood Cat Swings)

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်

ဈေးနှုန်း- ကန်ဒေါ်လာ ၃၅၈ (မြန်မာငွေ ၅၄၃၁၆၆ ကျပ်)
အရောင်- အညိုရောင်
အရွယ်အစား- ၂၂” × ၂၀.၉၀”× ၂၁.၆၀” ( L X W X H )
အသုံးပြုထားသည့်ပစ္စည်း- သစ်သား
Source- Amazon (မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးသည်)

အိမ်​မွေးတိရ စ္ဆာန်များအတွက် ချစ်စဖွယ်ပရိဘောဂလမ်းညွှန်


ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)