4420 ကြိမ် ကြည့်ရှု့ ပြီး
[Zawgyi]
Credit: moda
[Unicode]
စာအုပ်စင်လေးတွေကလည်း သင့်အိမ်ရဲ့ အလှအပပစ္စည်းတစ်မျိုးဆိုတာ သေချာပါတယ်နော်
လူနေမှုဘဝနဲ့ပတ်သက်လို့ အရေးတကြီးအကြံပြုချင်တဲ့အချက်သုံးချက်ရှိပါတယ်။ အဲဒါကတော့ တစ်အချက် စာဖတ်ပါ။ နှစ်အချက် စာဖတ်ပါ။ သုံးအချက် စာဖတ်ပါပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ စာဖတ်ဖို့ပဲ အကြံပြုချင်ပါတယ်။ခေတ်က အရှေ့ကို အရှိန်နဲ့ပြေးနေတဲ့အချိန်မှာ အရာအားလုံးပြောင်းလဲနှုန်းက မြန်ဆန်နေတာဖြစ်လို့ စာဖတ်ဖို့ လေ့လာဖို့အပြင် တခြားအကြံပေးချင်တာမျိုးမရှိပါဘူး။ စာအုပ်တွေစုဆောင်းရတာ ဝါသနာပါသူတွေအနေနဲ့လည်း သင်တို့စုဆောင်းထားတဲ့စာအုပ်တွေကို စတိုခန်းထဲကနေထုတ်လိုက်ပြီး စာအုပ်စင်တစ်ခုကို ဖန်တီးဖို့ ပြောချင်ပါတယ်။
1. စာအုပ်တွေကို အခုမှစဖတ်မယ်၊ အခုမှစစုဆောင်းမယ်ဆိုတဲ့လူတွေနဲ့တော့ နံရံကပ်စာအုပ်စင်တွေနဲ့ သိပ်မလိုက်ဖက်သေးပါဘူး။ နံရံကပ်စာအုပ်စင်ကြီးတွေကတော့ မိဘတွေ၊ အဘိုးအဘွားတွေလက်ထက်ကတည်းက စာအုပ်တွေကို စုဆောင်းရတာဝါသနာပါလာပြီး သူတို့ကိုယ်တိုင်ကလည်း ဆက်လက်ဖတ်ရှူချင်စိတ်ရှိတယ်၊ ဆက်လက်စုဆောင်းချင်စိတ်ရှိတဲ့သူတွေနဲ့သာ ပိုအဆင်ပြေစေပါတယ်။ မျိုးရိုးစဉ်ဆက်စုဆောင်းလာတဲ့စာအုပ်တွေကို တစ်နေရာတည်း သိမ်းဆည်းထားလို့ရသလို စာဖတ်ခန်းသပ်သပ် ဒါမှမဟုတ် စာအုပ်တွေကို နေရာပေးနိုင်တာသေချာမှပဲ နံရံကပ်စာအုပ်စင်ကြီးတွေကို တည်ဆောက်သင့်ပါတယ်။
2. နောက်တစ်ခုကတော့ ရိုးရှင်းပါတယ်။ သင့်ရဲ့ အိမ်တွင်းအခန်းဒီဇိုင်းတွေပြောင်းရင်တောင်မှ သူ့ကိုပါ လိုက်ပြီးပြောင်းလဲထားလို့ရပါတယ်။တကူးတကကြီးတည်ဆောက်စရာမလိုပဲ ဈေးကွက်မှာလည်း အလွယ်တကူဝယ်ယူလို့ ရနေတဲ့အတွက်ကြောင့်မို့လို့ နေရာအပြောင်းအလဲပြုလုပ်နိုင်ပြီး အနည်းငယ်ကျစ်လစ်တဲ့ ရွေ့လျားစာအုပ်စင်တွေကိုတော့ အခုမှစာအုပ်စတင်စုဆောင်းပြီးဖတ်ချင်တဲ့လူငယ်တွေအတွက် ညွှန်းပေးချင်ပါတယ်သူက တခြားစာအုပ်စင်တွေလောက်တော့ မလှပပေမယ့် သူ့ရဲ့အားသာချက်က အိပ်ခန်းထဲမှာထားမလား၊ ဧည့်ခန်းမှာပဲပြောင်းထားမလား၊ ဟိုဘက်ကနေ ဒီဘက်ကိုရော ပြောင်းဦးမှာလား ကြိုက်သလို ရွှေ့ပြောင်းလို့ရနေတဲ့အချက်ပဲ ဖြစ်ပါတယ်။
3. တိုက်ခန်းမှာနေလို့ အခန်းတွေကန့်သတ်ဖို့ ဒုက္ခရောက်နေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် စတိုင်လုပ်ချင်လို့ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ စာအုပ်စင်ပုံစံလေးတွေရှိပါသေးတယ်။ သူက စာအုပ်တွေရယ် ပန်းပင်လေးတွေရယ် တခြားတိုလီမုတ်စပစ္စည်းလေးတွေပါ ထားလို့ရပြီး တစ်နေရာနဲ့တစ်နေရာ၊ အခန်းတစ်ခန်းနဲ့ တစ်ခန်းကို ကန့်သတ်ထားတဲ့ပုံစံမျိုးလေးကလည်း သဘောကျစရာကောင်းပါတယ်။ ဒီလိုစာအုပ်စင်မျိုးလေးတွေကိုတော့ စာအုပ်တွေသာမကပဲ အရာအားလုံးလိုလိုကို တစ်နေရာတည်းမှာတင်ထားချင်တဲ့သူတွေအတွက် အကြံပြုပေးပါရစေ။
4. နောက်ပုံစံတစ်မျိုးကတော့ အိမ်ကျဉ်းတဲ့သူတွေအတွက်သီးသန့်ပါ။ နံရံမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်း Pattern လေးတွေအလိုက် စာအုပ်စင်လေးတွေလုပ်လို့ရပါတယ်။ နေရာလည်း တစ်နေရာထပ်မယူပဲ နံရံပေါ်မှာပဲ တိုင်ကပ်နာရီကြီးလို လွတ်လွတ်လပ်လပ် သူ့ဘာသာသူနေမှာဖြစ်လို့ အခန်းကျဉ်းတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အိမ်မှာအရပ်နိမ့်တဲ့သူတွေရှိနေတယ်ဆိုရင်တော့ အရမ်းအမြင့်ကြီးမှာမထားပါနဲ့နော်။
5. အပိုအနေနဲ့လည်း လှတပတလေးကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် ပြင်ဆင်လို့ရတဲ့ လူငယ်ဆန်ဆန်စာအုပ်စင်ဒီဇိုင်းလေးတွေကိုလည်း ထပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ 2019 အတွက် သင့်ရဲ့ အိပ်ခန်းကို ပြင်ဆင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ စာအုပ်စင်နဲ့ပတ်သက်ပြီး Idea တွေရကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်နော်။
စာအုပ်စင်ဆိုတာ အိမ်တစ်အိမ်ရဲ့ ပြယုဂ်တစ်ခုပါပဲ။ အိမ်တစ်အိမ်မှာ အပင်စိုက်၏ မစိုက်၏ကိုကြည့်ပြီး အဲဒီ့အိမ်သားတွေရဲ့ စိတ်ရှည်သည်းခံမှုကိုသိနိုင်သလိုပဲ အိမ်တစ်အိမ်မှာ တိရစာ္ဆန်မွေးထား၏ မမွေးထား၏ကိုကြည့်ပြီး အဲဒီ့အိမ်သားတွေရဲ့ နှလုံးသားကိုခန့်မှန်းလို့ရပါတယ်။ နောက်တစ်ချက်ကတော့ အိမ်တစ်အိမ်မှာ စာအုပ်စင်တစ်ခု ကောင်းမွန်စွာ ရှိ၏ မရှိ၏ကို လေ့လာပြီးတော့လည်း အဲဒီ့အိမ်သားတွေရဲ့ ဉာဏ်ပညာနဲ့ဗဟုသုတကို တွက်ဆလို့ရပါတယ်။ ဒါကြောင့် သင့်အိမ်မှာ စာအုပ်စင်မရှိသေးရင် အခုပဲ ထပြီး ပြင်ဆင်ပါတော့။
Credit: moda
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)