1196 ကြိမ် ကြည့်ရှု့ ပြီး

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

နေအိမ်တိုင်းတွင် ဧည့်ခန်းသည် အလွန်အရေးပါသည့်နေရာတစ်ခုဖြစ်၏။

ဧည့်ခန်းသည် အပန်းဖြေရာနေရာ၊ မိသားစုများ ဆုံစည်းရာနေရာ၊ မိတ်ဆွေ များနှင့် စကားစမြည်ပြောဆိုရာနေရာ ဖြစ်သည်။

ဧည့်ခန်းဆောင်၏ အလှတရားများ အပြည့်အ၀ရရှိ နိုင်ရန်အတွက် မွမ်းမံမှုကို အထူးဂရုပြုရန် လိုအပ်လေသည်။

ထို့ကြောင့် နေအိမ်ဆောက်လုပ်ပြီးနောက် ဧည့်ခန်းဆောင်ကို မွမ်းမံပြင်ဆင်ခြင်းမပြုမီ သက်ဆိုင်ရာကျွမ်းကျင်ပုဂ်္ဂိုလ်များထံ မှ အကြံဥာဏ်များရယူသင့်၏။

သို့မှသာ ဧည့်ခန်းဆောင်သည် သင့်အတွက် အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမည်လည်း ဖြစ်သည်။

အိမ်တွင်းအလှဆင် ကျွမ်းကျင်ပညာရှင်များက လမ်းညွှန်ထားသည့် နည်းလမ်း အချို့ ကို ဖော်ပြပေးလိုက်ပါသည်။

(၁) အလင်းနှင့်အမှောင်ရောစပ်ပေးပါ

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

ဧည့်ခန်းဆောင်အတွင်း ပရိဘောဂနှင့် အခြား အသုံးအဆောင်ပစ္စည်းအားလုံးကို အဖြူရောင်ချည်းသာ အသုံး ပြုမည်ဆိုပါက လင်းအားများလွန်းနေမည်ဖြစ်ပြီး မျက်စိစူးစေ မည်ဖြစ်သည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ
ထို့အတူ အနက်ရောင်များသာ အများစုအသုံးပြုထား ပါကလည်း ခြောက်ခြားဖွယ်ရာ နေရာ တစ်ခုသဖွယ် ဖြစ်နေပါ လိမ့်မည်။ ထို့ကြောင့် အရောင်အတွဲအစပ် မျှခြေညီစေရန် အတွက် အလင်းနှင့် အမှောင်အရောင်များကို ရောစပ်အသုံးပြု ပေးရန် လိုအပ်၏။ အရောင်များ မျှခြေညီမှသာလျှင် ဧည့်ခန်းတွင် အပန်းဖြေမည့်သင့်အတွက် စိတ်အေးချမ်းတည်ငြိမ်မှု ပေးစွမ်း နိုင်မည် ဖြစ်သည်။

(၂)နှစ်သက်စဖွယ်ဖြစ်အောင် ဖွဲ့စည်းထားသိုပုံကို အလေးပေးပါ။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

သင်၏ ဧည့်ခန်းကို လှပထည်ဝါရုံမျှကပဲ ငြိမ်းချမ်း ၏ စွဲဆောင်မှုရှိသည့်နေရာလေးတစ်ခုဖြစ်လိုပါက လူအများဂရု မထားတတ်ကြသည့် အပြင်အဆင်၊အထားအသို ဖွဲ့စည်းပုံကို ဂရုထားပေးရမည် ဖြစ်ပါသည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

အဖြူရောင်နံရံသက်သက်မထားရှိဘဲ သစ်သားနံရံအသွင် ထည့်သွင်းပေးခြင်း၊ ခေါင်းအုံးများ အခြားအလှဆင်ပစ္စည်းများထည့်သွင်းကာ စိတ်ဝင်စားဖွယ် ဧည့်ခန်းအသွင်ဖြစ်အောင် ပြင်ဆင်ထားသိုပေးခြင်းများ ပြုလုပ်ပါ။

(၃)သစ်သားပရိဘောဂအချို့ ထည့်သွင်းပေးပါ

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

သစ်သားပရိဘောဂများ ထည့်သွင်းပေးခြင်းအားဖြင့် သင်၏ ဧည့်ခန်းကို သဘာဝတရားနှင့် နီးစပ်သည့်ခံစားချက် မျိုး ရရှိစေမည်ဖြစ်သည်။

သစ်သားထည်တို့သည် ဂန္ထ၀င်မြောက်သွင်ပြင်ပိုင်ဆိုင် ထားကြပြီး မည်သည့်အခန်းတွင်ထားရှိသည်ဖြစ်စေ ဂန္ထ၀င်ဆန် ဆန် လှပခမ်းနားမှုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

ထို့ကြောင့် ဧည့်ခန်းအတွင်း သစ်ဖြင့်ပြုလုပ်ထားသော ပရိဘောဂများ ထားရှိခြင်း၊ အခြားအနုပညာလက်ရာပစ္စည်း များ ထည့်သွင်းပေးခြင်း၊ မျက်နှာကြက် ဂျပ်ဆင်ဘုတ်ကို သစ်ဖြင့် ပြုလုပ်ခြင်းများအားဖြင့် သဘာဝတရားနှင့် နီးစပ်သည့်ခံစား ချက်၊ ဂန္ထ၀င်မြောက်အလှတရားတို့ကို ရရှိစေမည် ဖြစ်သည်။

(၄) အခင်းထည် ရောယှက်ပေးခြင်း

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

ဧည့်ခန်းအတွင်းရှိ ဆိုဖာဆက်တီနှင့် ထိုင်ခုံများတွင် ခင်းကျင်းပေးပုံ အမျိုးမျိုးရှိသည်။

အထည်စဖြင့် ခင်းကျင်းထားသည့် ဆိုဖာများနှင့် လည်သာဖြင့်ပြုလုပ်ထားသည့်ခုံများ ၊ ကော်ခုံ၊ စတီးခုံ၊ သစ်သားခုံ အစရှိသဖြင့် မျိုးစုံပေါင်းစပ်အသုံးပြုကြည့်ပါ။

ထိုအခါ သင်၏ဧည့်ခန်းမှာ သမားရိုးကျမြင်ကွင်းမှ ကွဲထွက်ကာ စိတ်ဝင်စားစရာ သွင်ပြင်ရရှိလာမည် ဖြစ်ပါသည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ


ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)