750 ကြိမ် ကြည့်ရှု့ ပြီး

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

သင့်အနေနဲ့ အပန်းဖြေစရာ၊ ဒါမှမဟုတ် စိတ်ဖြေစရာနဲ့ အပျင်းပြေ အရက်၊ ယမကာ အဖျော်ရည်သောက်သုံးဖို့အတွက် ဘားဆိုင်တွေ၊ အရက်ဆိုင်၊ စားသောက်ဆိုင်တွေ သွားဖူးမှာပါ။ ဆိုင်အပြင်အဆင် လှလှကလေးနဲ့ ထိုင်စရာဘား၊ တန်းခုံကလေးတွေနဲ့ စမတ်ကျကျ သောက်စားရတာကို နှစ်သက်မှာပါ။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

ဒီလိုအပြင်အဆင်လေးနဲ့ စွဲမက်  စရာဘားခုံတန်းလေးတွေ၊ စမတ်ကျကျ ယမကာသောက်သုံး၊ စား သောက်လို့ရမယ့် ဘားငယ်ကလေးတွေကို သင့်အိမ်တွင်းမှာပဲ တည်ဆောက်လို့ရမယ့် နည်းလမ်းနဲ့ အပြင်အဆင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ အိမ်တွင်းထဲမှာပဲ ဒီလိုမျိုး အပန်းဖြေချင်စရာ နေရာလေးရှိတော့ အိမ်အပြင်ကို အချိန်ကုန်ခံပြီးတော့သွားစရာမ လိုတော့ပါဘူး။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

၁။ အိမ်တွင်းရဲ့ ဘယ်နေရာလေးမှာ ဒီလိုမီနီဘားငယ်လေးတစ်ခု ပြင်ဆင်မလဲဆိုတာရွေးချယ်ပါ။ အသင့်တော်ဆုံးနဲ့ အများဆုံးတည် ဆောက်ကြတာကတော့ ထမင်းစားခန်း၊ မီးဖိုချောင်နဲ့တွဲရက်၊ ဒါမှမ ဟုတ် နားနေခန်းတို့လို အေးအေးလူလူနေလို့ရမယ့်နေရာလေးတွေ မှာ ဒီလို အရက်ဘား၊ ကောင်တာလေးတွေကို ပြင်ဆင်တည် ဆောက်သင့်ပါတယ်။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

၂။ ဘားကောင်တာတည်ဆောက်မှုပုံစံလေးကို ရွေးချယ်ပါ။ အထူးသဖြင့် ဒီဇိုင်းအပြင်အဆင်နဲ့ အခန်းနဲ့ လိုက်ဖက်ညီမှု ရှိအောင်ပြင်ဆင်တတ်ဖို့လိုပါတယ်။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာနေမယ့် နေရာဖြစ်တာကြောင့် အရမ်းကြီးကို ခမ်းနားထည်ဝါလွန်းတာမျိုး၊ ရှုပ်ယှက်ခတ်ပြီးတော့ လင်းထင်းနေ တာမျိုး၊ ပရိဘောဂတွေနဲ့ အသုံးအဆောင်တွေအများကြီးထည့်တာ မျိုးတွေ မလုပ်သင့်ပါဘူး။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

အရက်ဘားလေးနဲ့ သက်ဆိုင်တဲ့ အသုံး အဆောင်၊ ဘီဒို၊ အရက်ပုလင်းသိမ်းဆည်းစရာ တန်း၊ စင်၊ အစား အသောက် သိမ်းဆည်းထားသိုစရာ ရေခဲသေတ္တာ၊ အအေးခန်း အစရှိသဖြင့် ပစ္စည်းတွေသာ ထားရှိပါ။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

၃။ အရက်ဘား၊ ကောင်တာအတွက် ဒီဇိုင်းနဲ့အပြင်အဆင်လေး ကို ရွေးချယ်ပါ။ တစ်ယောက်၊ နှစ်ယောက်စာ ခပ်ကျဉ်းကျဉ်းဘား ကောင်တာလေးလား။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

ဒါမှမဟုတ် ခပ်ကျယ်ကျယ်နဲ့ ရှည်ရှည်ဘား ကောင်တာလေးလား။ ထိုင်ခုံခပ်များများ ဘားကောင်တာ စသ ဖြင့်ပြင်ဆင်နိုင်ပါတယ်။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

အခန်းရဲ့အပြင်အဆင်နဲ့ ဘားကောင် တာလေးရဲ့ အပြင်အဆင်ကို ချိန်ညှိပြင်ဆင်တတ်ဖို့ လိုပါတယ်။ အရောင်ခပ်မှိန်မှိန်ကလေး အသုံးပြုထားတဲ့ အလင်းရောင် အပြင်အဆင်နဲ့ ကလပ်စစ်ဆန်တဲ့ အပြင်အဆင်၊ ရှေးဟောင်းဆန်တဲ့ အပြင်အဆင်၊ စွဲဆောင်မှုရှိတဲ့ အပြင်အဆင်တွေနဲ့ မိမိကြိုက်နှစ် သက်သလို ဒီဇိုင်းဆွဲဖန်တီးနိုင်ပါတယ်။

မိမိအိမ်တွင်းမှာပဲ ဆောက်လုပ်ပြင်ဆင်လို့ရမယ့် မီနီဘားလေး တွေ…..

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)