1106 ကြိမ် ကြည့်ရှု့ ပြီး

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

သင့်အိမ်တွင်း မိသားစုထဲက ရင်သွေးရတနာလေးတွေအတွက် ချစ်စရာကောင်းပြီး ခမ်းခမ်းနားနားလေးဖြစ်တဲ့ အိပ်ခန်းလေးတည် ဆောက်ဖို့အတွက် စိတ်ကူးခဲ့ဖူးပါသလား။ ကလေးငယ်သားသား မီးမီးလေးတွေအတွက် သူတို့လေးတွေ စိတ်ကြိုက်အခန်းလေး တွေတည်ဆောက်ပေးခြင်း ကလည်း သူတို့လေးတွေအပေါ်ချစ် ခြင်းမေတ္တာကို ပြသရာလည်းရောက်ပါတယ်။ 

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

သာမန်ပြင်ဆင်နေ ကြ ကလေးငယ်အိပ်ခန်းလေးတွေထက် ထူးခြားပြီး နှစ်လိုဖွယ် ကောင်းတဲ့ ခမ်းခမ်းနားနား အခန်းအပြင်အဆင်လေးကို ဖော်ပြပေး လိုက်ပါတယ်…

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

၁။  ကလေးငယ်လေးအတွက် သီးသန့်အခန်းလေးဖြစ်တာမို့လို့ နေရာအကျယ်ကြီးတော့ ပေးစရာမလိုပါဘူး။ သူတို့လေးတွေအိပ် စက်မယ့်ကုတင်၊ အိပ်ယာဒန်းလေးတွေ၊ ထိုင်ခုံ၊ ဆိုဖာခုံလေးတွေ အစရှိသဖြင့် အဓိကအသုံးအဆောင်လေးတွေ ထည့်ပေးရင်ပဲ ရနိုင် ပါတယ်။ ကလေးငယ် သေးသေးလေးတွေဖြစ်တာမို့လို့ အခန်းလေး ကို နွေးနွေးထွေးထွေးနဲ့ အကာအရံတွေ၊ အခင်းတွေအကျင်းတွေနဲ့ သန့်ရှင်းသပ်ရပ်ဖို့ကို ဦးစားပေးပြီး ပြင်ဆင်သင့်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

၂။ ငယ်သေးတဲ့အရွယ် ကလေးငယ်လေးတွေအတွက် ပြင်ဆင်မှာ ဖြစ်တာကြောင့် အခန်းရဲ့အရောင်ကို တောက်လွန်းတာမျိုး၊ စူးရှ တာမျိုးမဖြစ်စေတာက ပိုပြီးတော့ သင့်တော်နိုင်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

အလင်းအားကိုလည်း ခပ်ဖျော့ဖျော့၊ အသုံးအဆောင်နဲ့ အခန်းအပြင်အဆင် အရောင်တွေအားလုံးကိုလည်း အရောင်ခပ်ဖျော့ဖျော့အသုံးပြုပေး သင့်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

၃။ လုံခြုံတဲ့အခင်းအကျင်း၊ အခန်းအပြင်အဆင် ဖြစ်အောင် ဖန်တီးပြင်ဆင်ပေးသင့်ပါတယ်။ ကလေးငယ်လေးအတွက် ကုတင်၊ ထိုင်ခုံနဲ့ အိပ်ယာကလေးတွေကို အတတ်နိုင်ဆုံး၊ အကာအကွယ် ပေးနိုင်ဆုံးဖြစ်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

စောင်၊ အိပ်ယာခင်း၊ ကြမ်းခင်းအခင်း၊ ဆိုဖာထိုင်ခုံ အစရှိသဖြင့်လေးတွေကို ပြင်ဆင်ပေး ပါ။ နောက်သူတို့လေးတွေ မျက်စိကျမယ့် အသုံးအဆောင်လေး တွေ၊ ဆော့ကစားနိုင်မယ့် ကစားစရာပစ္စည်းလေးတွေကိုလည်း ထည့်သွင်းထားရှိလို့ ရနိုင်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

၎။ အခန်းအပြင်အဆင်နဲ့ အသုံးပြုမယ့် အသုံးအဆောင်တွေကို လိုက်ဖက်ညီမယ့် အရာကိုတွဲဖက်ပြီး အသုံးပြုပြင်ဆင်သင့်ပါ တယ်။ ကလေးငယ်လေးတွေရဲ့ အိပ်ယာကုတင်၊ စောင်၊ ခြင်ထောင်၊ ထိုင်ခုံ အစရှိတာတွေရဲ့ အရောင်နုနုကလေးတွေနဲ့ အခန်းရဲ့အပြင်အဆင် လေးတွေက သူတို့လေးတွေ မျက်စိကျမယ့် အရောင်နုနုကလေး တွေ၊ နွေးနွေးထွေးထွေးရှိစေမယ့် အရောင်လေးတွေ တွဲစပ်ပြီး အသုံးပြုသင့်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

 

နို့နှစ်ရောင်၊ အဖြူရောင်၊ မိတ်ကပ်ရောင်၊ နို့စိမ်းဖျော့ရောင်၊ အဝါနုရောင်၊ ပန်းနုရောင် အစရှိသဖြင့်အရောင် လေးတွေက ကလေးငယ်လေးတွေအတွက် အလိုက်ဖက်ဆုံးအ ရောင်လေးတွေ ဖြစ်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဒီဇိုင်းထူးခြားပြီး နှစ်လိုဖွယ်ကောင်း တဲ့ အိပ်ခန်းအပြင်အဆင်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)