987 ကြိမ် ကြည့်ရှု့ ပြီး

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

သင့်အိမ်ကလှေကားထစ်လေးတွေကို သင့်အနေနဲ့ အလှပြင်ဆင် ကြည့်မယ်လို့  စိတ်ကူးထားခဲ့ဖူးလား။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

ဒီအတိုင်း သာမန်အတိုင်း တည်ဆောက်ထားတဲ့ လှေကားထစ်ကလေးတွေထက်စာရင် ဒီဇိုင်း ဆန်းဆန်းကလေးနဲ့ လှလှကလေးပုံဖော်ထားတဲ့ လှေကားကလေး တွေဆိုရင် ပိုပြီးတော့ ကြည့်ကောင်းနိုင်ပါလိမ့်မယ်။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

အခုဖော်ပြမယ့် နည်းလမ်းကလေးတွေက သင့်အိမ်ရဲ့ လှေကားထစ်ကလေးတွေမှာ မီးလုံးလေးတွေ၊ မီးအလင်းရောင်ကလေးတွေနဲ့ ကြည့်ကောင်းပြီး စွဲ ဆောင်မှုရှိတဲ့ အပြင်အဆင်လေးတွေ ပြင်ဆင်တတ်ဖို့ပဲ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်…

 

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

၁။ညဘက်အချိန်အခါမှာ လှေကားထစ်ကလေးတွေရဲ့ အောက်နဲ့ဘေးဘက်ကလေးတွေ မီးလေးတွေ ထွန်းညှိလို့ပြင်ဆင်နိုင်ပါတယ်။
ဖယောင်းတိုင်နဲ့ အလင်းမီးတိုင်တွေအစား လျှပ်စစ်မီးကြိုးခွေ၊ မီးတန်းလေးတွေဆို ပိုပြီးတော့သင့်တော်နိုင်ပါတယ်။
ဒါ့ကြောင့်မို့ လို့ လျှပ်စစ်မီးလုံးကြိုးခွေလေးတွေ၊ မီးပွင့်လေးတွေ ထွန်းညှိဖို့ ပြင် ဆင်နိုင်ပါတယ်။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်


၂။ လှေကားမီးထွန်းညှိမယ့် ပုံစံလေးတွေနဲ့ အလင်းရောင်၊အရောင် လေးတွေကို အခန်းနဲ့ လိုက်ဖက်မယ့်အရောင်လေးတွေကို ရွေးချယ်ပါ။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

အပြာရောင်၊ အဝါရောင်၊ အနီရောင် အစရှိသဖြင့် အရောင်လေး တွေကို လှေကားထစ်ကလေးတွေနဲ့လည်း လိုက်ဖက်အောင်၊
အခန်း အပြင်အဆင်နဲ့လည်း လိုက်ဖက်ညီမှုရှိမယ့် အလင်းရောင်လေးတွေကို ရွေးချယ်သင့်ပါတယ်။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

၃။ မီးလုံးလေးတွေ၊ မီးချောင်းလေးတွေ ပြင်ဆင်မှုဒီဇိုင်းလေးတွေကို ရွေးချယ်ပါ။ ချစ်စရာကောင်းပြီး ဒီဇိုင်းဆန်းဆန်းလေးတည်ဆောက် ထားတဲ့ လှေကားထစ်ကလေးတွေမှာ မီးချောင်းကလေးတွေဆင်မလား၊ မီးလုံးကလေးတွေ ဆင်မလားဆိုတာပါ။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

လှေကားထစ်တိုင်း မှာ အောက်ခြေလေးတွေမှာ မီးလုံးကလေးတွေ ဆင်နိုင်ပါတယ်။ဒါမှမဟုတ် လှေကားဘေးဘက်ကလေးတွေမှာ၊ ခြေနင်းပြားလေး တွေမှာ၊ လက်တန်းတိုင်လေးတွေမှာ အစရှိသဖြင့် ပြင်ဆင်နိုင်ပါ တယ်။

လှေကားထစ်ကလေးတွေမှာ မီးအလင်းလှလှကလေးတွေနဲ့ ပြင်ဆင်ကြမယ်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)