1731 ကြိမ် ကြည့်ရှု့ ပြီး

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

ချစ်စရာကောင်းတဲ့ မီးဖိုခန်းလေးက သင့်အတွက်တော့ အိပ်မက် ကမ္ဘာလေးတစ်ခုလိုပါပဲ။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

အိမ်တွင်းက မိသားစုဝင်တွေအတွက် အကောင်းဆုံး ဟင်းဖွယ်အရသာတွေကို ချက်ပြုတ်ကျွေးမယ်၊ သင် ကိုယ်တိုင်လည်း အစားအသောက်တွေ ချက်ပြုတ်စားသောက်နေရ တာကို ဝါသနာပါလွန်းသူဆိုရင်တော့ ဒီပန်းရောင်ခြယ်ထားတဲ့ မီးဖို ခန်းလေးအပြင်အဆင်ကို သဘောကျမိမှာ အမှန်ပါပဲ။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..


မီးဖိုခန်းဆိုပြီး မီးခိုးတွေ၊ ကျက်ခိုးတွေနဲ့ ဟင်းနံ့ထုံပူနေတဲ့ အခန်းမျိုးမဟုတ်ပဲ ဝင် လိုက်တာနဲ့ ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိကာ နေချင်စဖွယ် အခန်း လေးဖြစ်အောင် ပြင်ဆင် တတ်ဖို့ ပြင်ဆင်နည်းလမ်းလေး ပေးလိုက် ပါတယ်…
ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

၁။ မီးဖိုခန်းလေးရဲ့ နေရာအများဆုံးနဲ့ ပြင်ဆင်မှုအများဆုံးရှိတာက တော့ မီးဖိုနဲ့တွဲရက်စပ်ထားတဲ့ ဘေစင်၊ ဗီဒို၊ အကန့်ငယ်၊ ဟင်းချက် ကောင်တာ အစရှိသဖြင့် အစိတ်အပိုင်း အသုံးအဆောင်တွေ အား လုံးကို ပန်းရောင်ခြယ် အရောင်အသွေးလေးနဲ့ ပြင်ဆင်ပါ။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

၂။ မီးဖိုခန်းရဲ့ ကြမ်းခင်းပြင်၊ နံရံနဲ့ မျက်နှာကျက်လေးတွေမှာလည်း ပန်းရောင်အရောင်အသွေးခြယ်ပြီး ပြင်ဆင်လို့ရနိုင်ပါတယ်။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

ပန်း ရောင်ကိုမှ အရောင်တောက်တောက်ကြီးမဟုတ်တဲ့ မိတ်ကပ်ရောင်၊ ပန်းဖျော့ရောင် အစရှိသဖြင့် အရောင်လေးတွေ သုတ်နိုင်ပါတယ်။တစ်ခု သတိထားရမှာက မီးဖိုခန်းတစ်ခုလုံးနဲ့ အသုံးအဆောင်တွေ အားလုံးကိုတော့ ပန်းရောင်တစ်ရောင်တည်းနဲ့ပဲ အသုံးပြုတာကို တော့ ရှောင်ရှားသင့်ပါတယ်။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

၃။ အရောင်လေးတွေ ခြယ်သုတ်တဲ့နည်းလမ်းအပြင်ကို အရောင် ချည်းသက် သက် မဟုတ်ပဲ ဒီဇိုင်းပုံဖော်ထားတဲ့ ပန်းရောင်ဒီဇိုင်လေး တွေကလည်း လှပနိုင် ပါသေး တယ်။  ပန်းရောင် အပွင့်လေးတွေ၊ ပန်းရောင်အပေါ်မှာမှ ဒီဇိုင်းပုံဖော်ထား တာလေးတွေ၊ ဆန်းသစ်တဲ့ စိတ်ကူးပုံဖော်မှုလေးတွေနဲ့ ပြင်ဆင်နိုင်ပါသေးတယ်။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

၎။ အသုံးအဆောင်လေးတွေမှာလည်း ပန်းရောင်အသွေးနဲ့ ပုံဖော် ပြင် ဆင်နိုင် ပါသေးတယ်။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

ရေခဲသေတ္တာ၊ မီးဖို၊ စားပွဲခုံ၊ ကောင်တာ၊ ဗီဒိုအသေးစားလေးတွေ၊ စင်တန်း၊ ခုံ၊ စသဖြင့် အသုံးအဆောင် လေးတွေမှာလည်း ပန်းရောင်လေးတွေရှိတဲ့ အသုံးအဆောင် လေးတွေကို ထားရှိအသုံးပြုနိုင်ပါသေးတယ်။

ပန်းရောင်ခြယ်တဲ့ ချစ်စရာမီးဖိုခန်းလေး ပြင်ဆင်ကြမယ်…..

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)