1933 ကြိမ် ကြည့်ရှု့ ပြီး
[Zawgyi]
[Unicode]
အိမ်တွင်းနံရံလေးတွေမှာ မီးလုံးလှလှလေးတွေ တပ်ဆင်ပြီး အလှဆင်ကြမယ်….
အိမ်ရဲ့ အခန်းလေးတွေ၊ အိမ်ခန်းလေးတွေမှာ အလှပြင်ဆင်နေရ တာကို စိတ်ဝင်စား နှစ်သက်သဘောကျတဲ့သူတွေအတွက် အခု တစ်ခါမှာလည်း မီးအလင်းတိုင်လေးတွေနဲ့ ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ ပြင်ဆင်မှုလေးတွေ ဖော်ပြပေးချင်ပါတယ်။
ညဘက် မှာ လှပပြီး ကြည့်လိုကောင်းတဲ့ ဒီဇိုင်းဆန်းဆန်း မီးအလင်းတိုင် လေးတွေက နေ့ဘက်မှာလည်း ကြည့်လို့ကောင်း လှပတဲ့ အိမ်အလှ ဆင်ပစ္စည်းလေးတွေ လိုပဲ ဖြစ်နေမှာပါ။
ဒီလိုအလင်းတိုင်းလေးတွေ ပြုလုပ်ဖို့ ကုန်ကြမ်းပစ္စည်းက သိပ်ပြီးတော့ မလိုအပ်သလို ပြင်ဆင်မှု အပိုင်းလေးတွေကလည်း လွယ်ကူပါတယ်။ ဒါ့ကြောင့်မို့လို့ လေ့လာကြည့်ရအောင်…
၁။ နံရံလေးတွေမှာ မီးလုံးလေးတွေ ပြင်ဆင်ဖို့အတွက် အရောင်စုံ လျှပ်စစ်မီးလုံးလေးတွေ စုဆောင်းထားပါ။ ဒါမှမဟုတ် ဒီဇိုင်းဆန်း ဆန်း ပုံဖော်ပြုလုပ်ထားတဲ့ မီးသီးလေးတွေ၊ မီးချောင်းလေးတွေ လိုအပ်ပါတယ်။
အလှဆင်ပြင်ဆင်မယ့် နံရံလေးကိုလည်း အသေအ ချာ အတိုင်းအတာ နဲ့ နေရာ ကို ပြင်ဆင်ထားသင့်ပါတယ်။
၂။ နံရံမှာ ကပ်ပြီး ပြင်ဆင်ရတဲ့ မီးလုံးလေးတွေ ရှိသလို၊ နံရံနဲ့ တသားတည်း ထည့်ပြီးပြင်ဆင်ထားရတဲ့ မီးလုံးအပြင်အဆင် လေးတွေ၊ နောက်ပြီး ဒီဇိုင်းပုံဖော်ထားတဲ့ စင်၊ တန်းလေးတွေ ပြုလုပ်ထားတဲ့ မီးလုံး အလင်းတိုင်လေးတွေလည်းရှိပါတယ်။ မိမိပြင် ဆင်ချင်တဲ့ ဖန်တီးမှုအပြင်အဆင်ကို ရွေးချယ်နိုင်ပါတယ်။
၃။ အပြင်ဘက်က လှပတဲ့ဒီဇိုင်းလေးတွေနဲ့ ပုံဖော်ထားတဲ့ မီးအိမ်၊ ဖန်လုံးလေးတွေက နံရံမှာကပ်ပြီး ပြင်ဆင်နိုင်ပါတယ်။
ပျဉ်ချပ်၊ နံရံ ပြုလုပ်ထားတဲ့ ပျဉ်ချပ်ကလေးတွေမှာ တချို့အချပ်လိုက်ကလေးကို ခွထောက်ခံထားသလို ခပ်ဟဟ ကလေးပြုလုပ်ပြီးတော့လည်း အဲ့ဒီ နေရာအတွင်းလေးထဲမှာ မီးခွက်ကလေးစိုက်ထူပြီးတော့ အလင်း တိုင်ကလေး ပြုလုပ်နိုင်ပါတယ်။
နံရံချပ်မှာ အပေါက်ကလေးတွေ ဖောက်ပြီးတော့လည်း အလင်းမီးလုံးလေးတွေ ထည့်နိုင်ပါတယ်။
၄။ သံချောင်း၊ အတိုင်၊ ဖော်မီကာ အချပ်၊ ပုံဖော်ထားတဲ့ ဘောက်စ် အစရှိတာလေးတွေနဲ့လည်း မီးအလင်းတိုင်လေးတွေ ပုံဖောနိုင်ပါ သေးတယ်။
အိမ်ရဲ့ နံရံလေးတွေမှာ၊ အခန်းနံရံ၊ လှေကားအဆင်း၊ ဧည့်ခန်းနံရံ အစရှိသဖြင့်လေးတွေမှာ ဒီဇိုင်းအစုံအလင်ရှိတဲ့ အလင်း မီးတိုင်၊ ဖန်ချောင်းလေးတွေ ပြုလုပ်နိုင်ပါတယ်။
ပုံသဏ္ဍာန်မျိုးစုံနဲ့ ပြု လုပ်ထားတဲ့ အလင်းတိုင်လေးတွေ လည်း ဈေးကွက်ထဲ မှာ ရောက် ရှိ ပြီးသားမို့လည်း လုပ်ရတာ လွယ်ကူပါလိမ့်မယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)