703 ကြိမ် ကြည့်ရှု့ ပြီး

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

နေအိမ်တစ်အိမ်နဲ့ တစ်အိမ်တည်ဆောက်တာချင်း အတူတူဖြစ်တာ တောင် တချို့နေအိမ်လေးတွေက ထူးခြားပြီးစွဲဆောင်မှုရှိပြီး ပိုပြီး တော့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ပေးစွမ်းနိုင်ရပါတယ်။ ထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်၊ ထူးထူးခြားခြားလေး ထည့်သွင်းတည်ဆောက်လို့ ရနိုင်ပါတယ်။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

အခုဆိုရင် ဈေးကွက်ထဲမှာ နေအိမ် အိမ်တွင်းအလှ ပြင်ဆင်မယ့်ပစ္စည်းတွေ၊ အသုံးအဆောင်တွေ အစရှိသဖြင့်အသုံးအဆောင်တွေကလည်း အမျိုးအစားအစုံအလင်နဲ့ ရရှိနိုင်မှာဖြစ်ပါ တယ်။ ဒါ့ကြောင့်မို့လို့ အခုနောက်ပိုင်းမှာ ဆောက်လုပ်လာကြတဲ့ မော်ဒန်ဆန်ဆန် ထူးခြားတဲ့ အိမ်အပြင်အဆင်၊ ဆောက်လုပ်ပြင် ဆင်မှုတွေကို ဖော်ပြပေးလိုက်ရပါတယ်….

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

၁။ အိမ်တစ်အိမ်လုံးမှာ ပါဝင်တဲ့ အခန်းတိုင်းအားလုံးမှာ ပြင်ဆင်နိုင် ပါတယ်။ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ နားနေခန်း အစရှိသဖြင့် အခန်းတိုင်းအားလုံးမှာ ထူးထူးခြားခြား ဒီဇိုင်းအပြင်အဆင်တွေ ပြင်ဆင်လို့ ရနိုင်တာကို ဆိုလိုတာပါ။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

အိမ်ရဲ့ဒီဇိုင်းပြင်ဆင်ထူးခြားမှုတင် မဟုတ်ပဲ အိမ်မှာအသုံးမယ့် အသုံးအဆောင်တွေ၊ ပရိဘောဂ အခန်း ပြင်ဆင်အသုံးပြုမှုတွေကို အသုံးပြုမှုတွေကို ပြင်ဆင်နိုင်ပါသေး တယ်။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

၂။ အိပ်ခန်းအတွက်ဆိုရင် သာမန်အတိုင်း လှလှပပပြင်ဆင်ဖို့ထက် ကို ဘယ်သူကမှနဲ့ ဘယ်မှာမှမပြင်ဆင်ဖူးသေးတဲ့ အပြင်အဆင် လေးတွေပါ။ ပုံမှာပြထားသလိုပါပဲ။ သင်တို့ရဲ့အိပ်စက်ခြင်းက အိပ်မက်ဆန်ပြီး လှပတဲ့ညဦးယံကိုရရှိနိုင်မှာပါ။ သရီးဒီဒီဇိုင်းနဲ့ပြင်ဆင် ထားတဲ့ အိပ်ခန်းအမိုးမျက်နှာကျက်မှာဆိုရင် တကယ့်ကြယ်ရောင်စုံ တောက်ပနေတဲ့ ကောင်းကင်အောက် ဇိမ်ခံရှုရှားရင်း အိပ်စက်အနားယူလို့ ရနိုင်မှာလည်း ဖြစ်ပါတယ်။ အဓိကပြင်ဆင်တတ်ဖို့နဲ့အ လွယ်ကလေး ပြင်ဆင်တတ်ဖို့ဆိုရင်တော့ အခန်းရဲ့ နံရံဆေးရောင် တွေနဲ့ အလင်းရောင်အသုံးပြုမှုတွေကို ဆန်းဆန်းပြားပြားလေးတွေ ရွေးချယ်အသုံးပြုတတ်ဖို့ပါပဲ။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

၃။ နောက်ပြီး အိမ်တိုင်း၊ မိသားစုတိုင်းမှာရှိတတ်တဲ့ ကလေးငယ် လေးတွေအတွက် အကောင်းဆုံးဆော့ကစားနိုင်မယ့် အခန်း၊နေရာ လေးတွေကို အိမ်တွင်းမှာထည့်သွင်းတည်ဆောက်လိုက်မယ်ဆိုရင်လည်း ထူးခြားပြီးတော့ သူတို့လေးတွေလည်းကြိုက်ကြမှာပါ။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

သီးသန့် ဆော့ကစားရာနေရာလေးတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်တွင်း အခန်းကျယ်ကြီးမှာပဲ ဖြစ်ဖြစ် ပြင်ဆင်ပေးနိုင်ပါတယ်။ ပိုက်ကွန်ချာ၊ အခင်းတွေနဲ့ ပျော့အိအိဆော့နိုင်တဲ့ ကစားနည်းတွေက သူတို့လေး တွေကိုစွဲဆောင်နိုင်ပါတယ်။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

နောက်လျောစီးလေးတွေ၊ ဒန်းလေး တွေ၊ စက်ဘီးစီးနင်းမယ့် လမ်းကြောင်းလေးတွေ၊ နောက် အိမ်တွင်း နံရံပေါ်လေးတွေမှာ သူတို့လေးတွေအတွက် တောင်တက်ဆော့က စားခြင်းတွေ ပြုလုပ်နိုင်ဖို့အတွက်လည်း စိတ်ကူးကူးကောင်းကောင်း ဖန်တီးနိုင်ပါသေးတယ်။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

၎။ နောက်ထပ် အခန်းတစ်ခုအနေနဲ့တော့ အိမ်ကျယ်ကျယ်နဲ့ အိမ် ခန်းများများတည်ဆောက်ထားတဲ့ အိမ်တွေမှာဆိုရင်တော့ အိမ်ရဲ့ ရုပ်မြင်သံကြားကြည့်ရှုခန်း၊ နားနေခန်း အစရှိသဖြင့် အခန်းတွေမှာ ထူးထူးခြားခြားလေး ပြင်ဆင်လို့ ရနိုင်ပါတယ်။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

အပြင်က ကာရာအို ကေခန်းတွေ၊ ရုပ်ရှင်ရုံတွေကလိုမျိုး ဖန်သားပြင်ကျယ်ကျယ်နဲ့ ထိုင် ခုံနေရာ ပြင်ဆင်မှုတွေကို ပြင်ဆင်လိုက်ပါ။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

ဒီအတိုင်း မိသားစုလိုက် ထိုင်ကြည့်မယ့် အပြင်အဆင်တွေအစား ထိုင်ခုံအတန်းလိုက်နဲ့ အပြင်အဆင်တွေကို ပြင်ဆင်ပါ။ မီးအရောင်တွေ၊ မီးလုံးတွေ၊ ထိုင်ခုံ၊ စက်တီတွေ အစရှိသဖြင့် ပြင်ဆင်နိုင်ပါတယ်။

ဆန်းကျယ်တဲ့ စိတ်ကူးဒီဇိုင်းဖန်တီးမှုတွေနဲ့ မော်ဒန်ဆန်ဆန်နေအိမ် အပြင်အဆင်

၅။ ဒါ့အပြင် ထမင်းစားပွဲ၊ ကော်ဖီစားပွဲ၊ နားနေထိုင်ခုံလေးတွေကို လည်း သာမန်ထိုင်ခုံလေးတွေ ပြင်ဆင်မယ့်အစား အခုပုံလေးမှာ ပြ ထားသလိုမျိုး ဒန်းစီးလွှဲပြီးထိုင်လို့ရနိုင်မယ့် ခုံကလေးတွေကို အစား ထိုးလိုက်ပါ။ ဒီလိုဆိုရင် ခံစားမှုလည်း အပြောင်းအလဲဖြစ်သွားနိုင်သလို ထူးထူးခြားခြားလေး ဖြစ်သွားမှာပါ။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)