602 ကြိမ် ကြည့်ရှု့ ပြီး

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

သင်တို့မိသားစုအတွက် လုံခြုံပြီး ချစ်စရာကောင်းခမ်းနားတဲ့ နေအိမ် တစ်လုံးအပြင် သင်တို့အိမ်မှာ ခြံဝင်းကျယ်ကျယ်လေးရှိခဲ့မယ် ဆို ရင်တော့ နေအိမ်ကလေးအတွက် အပြင်အဆင် အလှဖန်တီးခြင်း တွေကို  ခြံဝင်းလေးမှာလည်း ချစ်စရာကောင်းတဲ့ ခြံဝင်းအပြင်အ ဆင်လေး ပြင်ဆင်ရမှာပေါ့။ ခြံဝင်းဆိုတော့ အများဆုံး ရှိတတ်တာ က အပင်ကလေးတွေနဲ့ မြက်ခင်းစိမ်းစိုစိုလေးတွေပါပဲ။ အပင်ငယ် လေးတွေအပြင်ကို အပင်ကြီးကြီး၊ အုပ်အုပ်ကလေးတွေလည်းရှိ နေမှာပါ။

 

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

ဒီလိုခြံဝင်းလေးထဲက သစ်ပင်လေးတွေကို ဒီအတိုင်းစိုက်ပျိုးထား လိုက်ရုံပဲ မဟုတ်ပဲ ခြံဝင်းလေးအတွက် တစ်စိတ်တစ်ပိုင်းအလှအပ ပံ့ပိုးပြင်ဆင်ပေးတတ်ဖို့လည်း လိုပါတယ်။ မြေကြီးပေါ်၊ မြက်ခင်းပေါ် မှာပေါက်နေတဲ့ သစ်ပင်ကြီး၊ သစ်ပင်ငယ်လေးတွေအတွက် ဘယ် လိုမျိုး အလှပြင်ဆင်ပြီး ဖန်တီးပေးလို့ရမလဲဆိုတဲ့ နည်းလမ်းကောင်း လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

၁။ မြက်ခင်းပေါ်မှာ၊ မြေကြီးပေါ်မှာ ပေါက်နေတဲ့ သစ်ပင်လေးတွေအတွက် အဓိကပြင်ဆင်မှုကတော့ ပင်စည်အောက်ခြေအမြစ်ကနေ ပဲ စည်းဝိုင်း၊ ဝင်းခြံကလေးခတ်ပြီး ပြင်ဆင်ပေးဖို့ပါပဲ။ မြက်ခင်းပေါ် မှာ ပေါက်နေတဲ့သစ်ပင်ကိုမှ လှပပြီးချစ်စရာကောင်းတဲ့ အလှပြင် ဆင်လို့ ရနိုင်ပါတယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

၂။ ပင်စည်အမြစ်ရဲ့ ပတ်ပတ်လည်မှာ နောက်ထပ် ပန်းပင်၊ သစ်ပင် လေးတွေ စိုက်ပျိုးလို့ရနိုင်ပါတယ်။ ဝင်းခြံ၊ စည်းဝိုင်းလေးခတ်ပြီး အဲ့ ဒီ ဝင်းလေးထဲအတွင်းမှာ အလှစိုက်ပျိုးစရာ ရောင်စုံပန်းပင်လေး တွေ၊ ပန်းခြံဝင်းလေးတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

ခြံဝင်း၊ စည်း ဝိုင်းလေးကို အဝိုင်းပုံ၊ အတွန့်အလိမ်အကောက်လေးတွေနဲ့ နောက် ထပ် ပုံသဏ္ဍာန်ဆန်းဆန်းလေးတွေ ပြုလုပ်နိုင်ပါသေးတယ်။ မိမိ စိတ်ကူးရတဲ့အတိုင်းလဲ အပင်ရဲ့အမြစ်အောက်ခြေမှာ စည်းဝိုင်းခြံ ဝင်းလေးတွေ ပြုလုပ်လို့ ရနိုင်ပါတယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

၃။ အဲ့ဒီခြံဝင်းလေး ဘယ်လိုလုပ်ရမလဲဆိုတာနဲ့၊ ပြင်ဆင်ရမလဲဆို တာကို ဦးစားပေးပြီး စဉ်းစားပါ။ ဥပမာ အပင်ပတ်ပတ်လည် မြေ ကျင်းတူးလိုက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် မြက်ခင်းပေါ်မှာပဲ ကျောက်ခင်းပြား၊ ကျောက်စရစ်၊ အုတ်ပုံလေးတွေနဲ့ပဲ စည်းခတ်ကာရံထား လိုက်တာတို့နဲ့ အစသဖြင့် ပြင်ဆင်နိုင်ပါတယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

၎။ စည်းဝိုင်းခတ်ပြီးတာနဲ့တော့ အဲ့ဒီစည်းဝိုင်းလေး၊ အပင်ရဲ့ပင်စည် အောက်ခြေမှာ ဘယ်လိုအလှပြင်ဆင်မလဲဆိုတာ ဖန်တီးပါ။ ရောင်စုံ ပန်းပင်အငယ်လေးတွေ စိုက်ပျိုးလို့ရမယ်။ အလှစိုက်အပင်ပုလေး တွေ၊ အပင်ငယ်လေးတွေ စိုက်ပျိုးလို့ရမယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

ဒါမှမဟုတ်ခြံဝင်းအ သေးစားလေးနောက်တစ်ခုလုပ်ဖို့အတွက် ရောင်စုံကျောက်စရစ်လှ လှကလေးတွေ၊ ခြံဝင်းလေးအလှဆင်ပစ္စည်းလေးတွေ၊ စိမ်းစိုစို ပန်း ပင်လေးတွေ စိုက်ပျိုးပြင်ဆင်လို့ရနိုင်ပါတယ်။ မိမိပုံဖော်ထားတဲ့ ဒီဇိုင်းလေးနဲ့လိုက်ဖက်အောင် ချစ်စရာကောင်းတဲ့ အပြင်အဆင် လေးတွေ ပန်းပင်လေးတွေ စိုက်ပျိုးပြင်ဆင်လို့ ရနိုင်ပါသေးတယ်။

ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးတတ်ဖို့

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)