2887 ကြိမ် ကြည့်ရှု့ ပြီး

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

ကဲ သိပ်မကြာမီအချိန်မှာတော့ မြန်မာလူမျိုးတွေရဲ့ ဝါတွင်းသုံးလ ဆိုတဲ့ မိုးဦး အချိန် ကာလကို ကျော်လွန်နိုင်ပြီးတော့ မြန်မာလူမျိုး တွေရဲ့ တကယ့်ကို ကြည်နူး စိတ်လှုပ်ရှားဖွယ် ရာအချိန်ရောက်ရှိ လာတာက သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲ တော်တွေပဲ ဖြစ်မှာပါ။ ပွဲလမ်းသဘင်တွေနဲ့ လူကြီး မိဘဆရာသမားတွေကို ရိုသေသမှုနဲ့ ကန်တော့ပွဲတွေပြုလုပ်ကြတယ်။ ကလေးငယ်တွေဆိုလည်း ဒီသီ တင်းကျွတ်ပွဲမှာ မီးအလင်း တိုင်လေးတွေ ထွန်းညှိပြီးတော့ဆော့ ကစကားကြတာလည်း တကယ့်ကိုချစ်စရာကောင်းတဲ့ ဓလေ့လေး တွေ ဖြစ်ပါတယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

ဒီလို သီတင်းကျွတ်ရဲ့ အဓိကအစိတ်အပိုင်းကတော့ မီးထွန်းတိုင် လေးတွေပဲ ဖြစ်ပါတယ်။ မီးပုံးကလေးတွေ၊ မီးတိုင်ကလေးတွေ၊ မီးရှုးမီးပန်းကလေးတွေ၊ မီးလုံး၊ မီးချောင်းကလေးတွေ၊ အစရှိသဖြင့်နဲ့အလင်းရောင် မီးအလင်းလေးတွေ ထွန်းညှိပြီးတော့ ဆော့ကစား ကြတယ်။ အလှဆင်ကြတယ်။ ဒါ့ကြောင့်မို့လို့ ဒီလိုမျိုး ချစ်စရာ ကောင်းတဲ့ မီးပုံးလေးတွေ၊ မီးလုံးကလေးတွေကို ဘယ်လိုမျိုးဒီဇိုင်း ဖန်တီးဖို့နဲ့ ဘယ်နေရာလေးတွေမှာ ထားရှိပြင်ဆင်လို့ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

၁။ မီးထွန်းညှိမယ့် မီးအလင်းရောင်လေးကို သေချာရွေးချယ်ပါ။ လျှပ်စစ်နဲ့ ထွန်းညှိမယ့်မီးလုံးလား။ ဒါမှမဟုတ် ဖယောင်းချက်နဲ့ ထွန်းမယ့် မီးအလင်းရောင်လားဆိုတာ သေချာရွေးချယ်ပါ။နောက် မီးပုံး၊ မီးခွက်၊ မီးလုံး လှလှကလေးတွေ လုပ်ဖို့အတွက် ပစ္စည်းလေး အရင်စုဆောင်းရပါမယ်။ ကော်၊ ပလက်စတစ်အခွံလေးတွေ၊ သံဘူး အခွံလေးတွေ၊ စသဖြင့် မီးပုံး၊ မီးလုံးလေးတွေ ပြုလုပ်လို့ ရနိုင်ပါ တယ်။ ဆီစိမ်စက္ကူရွက်လေးတွေ၊ ဖြတ်တောက်ဒီဇိုင်းပုံဖော်ထားတဲ့ ဖန်၊ သံခွံအပိုင်းအစလေး စသဖြင့်တို့နဲ့လည်း ပြုလုပ်လို့ရနိုင်ပါ တယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

၂။ မီးလုံး၊ မီးပုံးဒီဇိုင်းလေးတွေကို လှလှကလေးတွေက ပိုပြီးတော့ ကြည့်ကောင်းပါတယ်။ အကောင်တိရစ္ဆာန်လေးတွေ၊ ပန်းပွင့်ဒီဇိုင်း၊ ဘောလုံးဒီဇိုင်းလေးတွေ၊ ကြယ်ပွင့်လေးတွေ၊ လခြမ်းလေးတွေ ၊ ခြင်းလုံးအစရှိသဖြင့် ဒီဇိုင်းဆန်းဆန်းလေးတွေ ပြုလုပ်လို့ရနိုင်ပါ တယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

နောက်ပြီး ယခုနောက်ပိုင်းခေတ်စားလာတဲ့ သရီးဒီ ဒီဇိုင်း ဆန်းဆန်းလေးတွေကလည်း ကြည့်ကောင်းပါတယ်။ သာမန်ထက် အနည်းငယ်ထူးခြားပြီး ပုံဖော်မှုအတွက် စိတ်ရှည်လက်ရှည်နဲ့ အနု စိတ်ပုံဖော်ရတဲ့အတွက် အနည်းငယ်တော့ ခက်ခဲပါတယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

၃။ မီးလုံး၊ မီးပုံးလေးတွေထဲမှာ ထွန်းညှိမယ့် မီးတောက်ကလေးတွေ ကို စနစ်တကျထွန်းညှိပါ။ အပြင်ဘက်က မီးပုံးလေးရဲ့အရောင်နဲ့ လိုက်ဖက်ပြီး တောက်ပတဲ့ အရောင်ကလေးတွေကို ထွန်းညှိပါ။ ဖ ယောင်းတိုင်မီးတောက်ဆိုရင် ဒီလိုမျိုးအရောင်လေးတွေနဲ့ ပုံဖော် ဖို့ အဆင်မပြေနိုင်ပေမယ့် လျှပ်စစ်မီးလုံး၊ ဓာတ်ခဲအားထွန်းမီးလုံးက လေးတွေဆိုရင်တော့ အရောင်စုံ၊ လှလှကလေးတွေ ထွန်းညှိလို့ရ နိုင်ပါတယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

၎။ ဖော့ခွက်ကလေးတွေ၊ ဖော့ပြားလေးတွေကလည်း မီးထွန်းညှိ ဆော့ကစားဖို့ အကောင်းဆုံးနဲ့၊ အလွယ်ကူဆုံးဖြစ်နိုင်ပါတယ်။ ဖော့ ခွက်ကလေးတွေပေါ်မှာ မီးအလင်းတိုင်လေးတွေ ထွန်းညှိမယ်။ ဖော့ ခွက်ကလေးတွေကို တစ်ခုနဲ့တစ်ခုဆင့်ကာ ထွန်းညှိမယ်ဆိုရင် လည်း ထူးခြားပါတယ်။ အိမ်ရှေ့အပေါက်ဝကလေးတွေမှာ၊ လျှေက် လမ်းကလေးတွေမှာ ခင်းပြီး ပြင်ဆင်နိုင်ပါတယ်။

သီတင်းကျွတ်မှာ ချစ်စရာကောင်းတဲ့ မီးလုံး၊ မီးပုံးကလေးတွေထွန်း ညှိဖို့အတွက် ပြင်ဆင်ဖို့နည်းလမ်းကောင်းလေးတွေ…..

နောက် ဖန်ပုလင်း လေးတွေ၊ ဖန်ခွက်ကလေးတွေ၊ ဖန်မီးအိမ်ကလေးတွေကလည်း မီးထွန်းညှိပြင်ဆင်ဖို့အတွက် အဆင်ပြေနိုင်ပါတယ်။ အသုံးမလို တော့တဲ့ ဖန်ပုလင်းလေး တွေထဲမှာ မီးလုံးလေးတွေ ထွန်းညှိပြီး အိမ်ရဲ့ဝရန်တာ၊တိုင်၊တန်း ကလေးတွေမှာ ချိတ်ဆွဲပြီး အလှပြင် ဆင်နိုင်ပါတယ်။

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)