3219 ကြိမ် ကြည့်ရှု့ ပြီး

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

ဝါးကုန်ကြမ်းတွေက မြန်မာနိုင်ငံမှာဆိုရင် အပေါများဆုံးနဲ့ ဈေးအသက်သာဆုံး အိမ်ဆောက်ကုန်ကြမ်းပစ္စည်းဖြစ်လို့ ပေါပေါများများ အသုံးပြုလို့ရနိုင်ပါတယ်။ နိုင်ငံရဲ့များစွာသော သစ်တောတွေမှာ ဆိုရင် ဝါးပင်တွေပေါများစွာပေါက်ရောက်နေတာကိုတွေ့ရတာမို့လို့ ဝါးကုန်ကြမ်းကို အလွယ်တကူပဲ ခုတ်ယူအသုံးပြုနိုင်ပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

တခြား အိမ်ဆောက်ပစ္စည်းတွေထက်စာရင် စရိတ်သက်သာတာကြောင့် လည်း တချို့ပြည်နယ်တွေ ဝါးကုန်ကြမ်းတွေနဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်လေးတွေက ထူးထူးခြားခြားနဲ့ လှပပြီးစွဲဆောင်မှုရှိနေပါ တယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

ဒါ့ကြောင့်မို့လို့ ဒီလိုဝါးတွေနဲ့ နေအိမ်ကလေးတွေအပြင် အိမ်မှာ အသုံးအဆောင်ပစ္စည်းလေးတွေကို ဘယ်လိုပြင်ဆင်အသုံးပြု နိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

၁။ ဝါးကုန်ကြမ်းတွေနဲ့ အိမ်ဆောက်လုပ်တော့မယ်ဆိုရင် ဝါးအတွင်း သားထဲ ပိုးမထိုးထားတဲ့ ဝါးပင်သန့်သန့်၊ ဖြောင့်စင်းတောင့်တင်းနေ တဲ့ ဝါးချောင်း၊ ဝါးလုံးတွေကို ရွေးချယ်တတ်ရပါမယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

နေအိမ်ရဲ့ အ မိုး၊ ကြမ်းခင်း၊ အကာအရံတွေ အစရှိသဖြင့် အားလုံးသော နေအိမ် တစ်ခုလုံးစာကို ဝါးတွေနဲ့ တည်ဆောက်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ တောင့်တင်းခိုင်မာပြီး တာရှည်ခံနိုင်မယ့် ဝါးချောင်းတွေနဲ့ ခိုင်ခိုင်ခံ့ခံ့ နဲ့ တည်ဆောက်သင့်ပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

၂။ ဝါးလုံးချောင်းတွေကိုကြိုး ဒါမှမဟုတ် သံထည့်ရိုက်ကာ ခိုင်ခိုင် ခံ့ခံ့နဲ့စည်းနှောင်ထားပြီး တည်ဆောက်ကြပါတယ်။ ဝါးလုံးချည်းပဲ မဟုတ်ပဲ အလယ်မှာ ခံထားတဲ့သစ်သားချောင်းတွေကိုလည်း ထည့်သွင်းပြီး ခိုင်ခံ့ဖို့လည်း တည်ဆောက်လို့ရနိုင်ပါတယ်။ ဝါးစိမ်းစိမ်းနဲ့ ဝါးရင့်ရင့် အမျိုးအစားတွေက ပိုပြီးတော့အိမ်ဆောက်လုပ်မှုအတွက် ခိုင်ခံ့ပြီး တာရှည်ခံပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

ဝါးကုန်ကြမ်းလေးတွေနဲ့ အိမ်ဆောက် လုပ်ထားတာဖြစ်လို့ သင့်အိမ်ပတ်ဝန်းကျင်လေးက တကယ့်ကို သဘာဝတောတောင် ပတ်ဝန်းကျင်လေးထဲမှာ နေထိုင်ရသလိုအေး ချမ်းပြီးတော့ စိမ်းစိုတဲ့ ခံစားမှုလေးတွေရရှိမှာပါ။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

၃။ နေအိမ်အပြင် ဝါးနဲ့ပြုလုပ်ထားတဲ့ အိမ်တွင်းအသုံးအဆောင် ပစ္စည်းလေးတွေကလည်း တကယ့်ကိုအသုံးတည့်ပြီး လုပ်ရလွယ်ကူ ပါတယ်။ ဝါးနဲ့ဆောက်လုပ်ထားတဲ့ နေအိမ်လေးဆို ဝါးကုန်ကြမ်း ပစ္စည်းလေးတွေနဲ့ လိုက်ဖက်တဲ့အပြင် တခြားနေအိမ်တွေမှာလည်း ဝါးအသုံးအဆောင်ပစ္စည်းလေးတွေ ပြုလုပ်ပြီးအသုံးပြုလို့ရနိုင်ပါ တယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

ခြံဝင်းလေးထဲမှာ ဝါးနဲ့လုပ်ထားတဲ့ အသုံးအဆောင်လေးတွေက ထူးခြားပြီးတော့စွဲဆောင်မှုရှိပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

၎။ ဝါးပင်၊ ဝါးချောင်းလေးတွေကို ခုတ်ထွင်းပြီး မိမိလိုအပ်တဲ့ အသုံး အဆောင်အတွက် အပိုင်းအစလေးတွေကို ပြုလုပ်ပြီးတော့ အသုံး ပြုနိုင်ပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

ခြံဝင်းလေးထဲမှာဆိုရင် ရေတံခွန်ငယ်လေးတွေ၊ ရေပန်းအတွက် တခြားသတ္တုပစ္စည်းတွေမဟုတ်ပဲဝါးအစစ်လေး တွေနဲ့ပြုလုပ်ထားတဲ့ ရေပန်း၊ ရေငုတ်ငယ်လေးတွေတို့က တကယ့် ကိုချစ်စရာကောင်းပြီး စွဲဆောင်မှုရှိပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

 ခြံဝင်းလေးထဲကရေ ချိုးခန်းနေရာလေးတွေ၊ အကာအရံလုပ်မယ့် အခန်းငယ်လေးတွေ အစရှိသဖြင့်တို့ကို ဝါးနဲ့ကာရံနိုင်ပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

၅။ ခုံလေးတွေ၊ ပန်းအိုးလေးတွေ၊ ရေဇလောက်၊ ခြံဝင်းအကာအရံ၊ ဝါးတံတားလေးတွေ၊ ပန်းပင်အလှစိုက်အိုးလေးတွေ၊ ဝင်းထရံလေး တွေ၊ ဒန်းခုံ၊ စားပွဲလေးတွေ အစရှိသဖြင့်မှာ အသုံးတည့်မယ့် ပစ္စည်း လေးတွေမှာ စိတ်ကြိုက်ဒီဇိုင်းပုံဖော်ပြီး အသုံးပြုနိုင်ပါတယ်။

ဝါးနဲ့တည်ဆောက်ထားတဲ့ အိမ်ကလေးတွေနဲ့ အသုံးအဆောင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

နောက် ပြီး အိမ်တွင်းမှာလည်း အလှထားပစ္စည်းလေးတွေအဖြစ် ဝါးနဲ့ပတ် သက်တဲ့ အသုံးအဆောင်လေးတွေလည်း မိမိစိတ်ကူးတည့်ပုံဖော်ရာ အသုံးပြုနိုင်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)