1232 ကြိမ် ကြည့်ရှု့ ပြီး

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

ရေချိုးခန်းတံခါးဖွင့်လိုက်ပြီဆိုတာနဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မယ့် အရောင်စုံမြင်ကွင်းလေးက တကယ့်ကိုချစ်စရာကောင်းပြီး စွဲ ဆောင်မှုရှိစေပါတယ်။ ရောင်စုံသက်တန့်လေးတွေအတိုင်း ကာလာ အရောင်စုံနဲ့ ရေချိုးခန်းလေးထဲမှာ ပြင်ဆင်ထားလိုက်တာက ထူးထူး ခြားခြားလေး ဖြစ်နေမှာပါ။ ဒီလိုလေး ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရောင်စုံရေချိုးခန်းလေးတစ်ခန်း ပြင်ဆင်ဖို့၊ ဒီဇိုင်းနဲ့ ပြင်ဆင်လို့ရမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

၁။ ရေချိုးခန်းတစ်ခုလုံးရဲ့ အဓိကပြင်ဆင်မှုအပိုင်းကတော့ နံရံနဲ့ မျက်နှာကျက်လေးတွေပါပဲ။ သပ်သပ်ရပ်ရပ်နဲ့ ဒီဇိုင်းလှလှ တည် ဆောက်ထားတဲ့ နံရံ၊ မျက်နှာကျက်၊ ကြမ်းခင်းပြင်တွေမှာ အရောင် စုံလှလှကလေးတွေကို ခြယ်သုတ်ပြင်ဆင်သင့်ပါတယ်။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

အရောင် အားဖြင့် အနည်းဆုံး သုံးမျိုးစပ်ကလေးတွေ ခြယ်သနိုင်ပါတယ်။ အမိုးအရောင်နဲ့လိုက်ဖက်တဲ့ နံရံ၊ ကြမ်းခင်းပြင်တွေမှာ ဆေးရောင် စုံလေးတွေကို အသုံးပြုပါ။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

၂။ ရေချိုးခန်းမှာအသုံးပြုမယ့် အသုံးအဆောင်ပစ္စည်းလေးတွေ၊ အလှဆင်ပစ္စည်းလေးတွေမှာလည်း အရောင်စုံကာလာလေးတွေကို ရွေးချယ်ပြီး ထည့်သွင်းပြင်ဆင်သင့်ပါတယ်။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

ရေချိုးဇလုံ၊ ကြွေခင်း ပြား၊ ကြမ်းခင်းပြင်၊ ဘေးအကာနံရံလေးတွေ၊ ရေပိုက်၊ ဘေစင်၊ ရေဘား၊ခွက်လေးတွေ အစရှိသဖြင့် အသုံးအဆောင်လေးတွေကို အရောင်လှလှ ရောင်စုံကလေးတွေပြင်ဆင်ပါ။ဥပမာ ကြမ်းခင်းပြင် ကလေးက အရောင်တစ်မျိုး၊ နံရံကလေးက အရောင်တစ်မျိုး၊ အမိုး လေးက အရောင်တစ်မျိုးနဲ့ အရောင်စုံကာလာလေး သုံးမျိုးစပ်ကို ရရှိမှာပါ။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

၃။ အရောင်စုံတွေထဲမှာတော့ အဖြူရောင်ကိုတော့ မပါမဖြစ် အဓိက ထည့်သွင်းပြီး အသုံးပြုသင့်ပါတယ်။ အဖြူလေးကနေမှ တခြားအ ရောင်ကလေးတွေကို ပံ့ပိုးပေးနိုင်ပါတယ်။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

အဝါရောင်တောက် တောက်ကလေးတွေ၊ အပြာရင့်ရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်း ရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင် အစရှိသဖြင့် အရောင်ကလေး တွေက သင့်ရေချိုးခန်းအတွက်အရောင်စုံသက်တန့်ရောင်ကလေး တွေ ဖြစ်လာစေနိုင်ပါတယ်။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

၎။ ရေချိုးခန်း ဒီဇိုင်းတည်ဆောက်မှုအတွက် ဒီဇိုင်းခပ်ဆန်းဆန်း လေးဖြစ်ဖြစ်၊ သပ်သပ်ရပ်ရပ်နဲ့ ထူးထူးခြားခြား ဖန်တီးပြင်ဆင်ထား တဲ့ ရေချိုးခန်းဒီဇိုင်းလေးက အနည်းငယ်တော့ ထူးခြားမှုနဲ့ စွဲဆောင် မှုရှိနေမှာပါ။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

ရေချိုးခန်း၊ အိမ်သာ တွဲရက်ဖြစ်စေ၊ သီးသန့်ရေချိုးခန်း ဖြစ်စေ အသုံးပြုမယ့် အခန်းမှာ ပစ္စည်းအစုံအလင်နဲ့ ရေချိုးခန်းသုံး အလှဆင်ပစ္စည်းလေးတွေကို ဒီဇိုင်းနဲ့ နေရာထားရှိ ပြင်ဆင်မှုအတွက် စိတ်ကူးကောင်းကောင်းနဲ့ ပြင်ဆင်လိုက်ပါ။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

အရောင်စုံနဲ့ စိတ်ကို စွဲဆောင်နေတဲ့ ရေချိုးခန်းလေးမှာ တခြားထူးခြားတဲ့အပြင် အဆင်လေးတွေကလည်း ရေချိုးခန်းထဲဝင်လာတဲ့သူအတွက် စိတ်အာရုံကို ညို့ယူဖမ်းစားနိုင်မှာပါ။

အရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ရေချိုးခန်းအပြင်အဆင်လေးတွေ…..

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)