နေအိမ်တစ်အိမ်ရဲ့ အမိုးမျက်နှာကျက်ဆိုတာ သိပ်ကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အိမ်တစ်အိမ်လုံးစာ မျက်နှာကျက် တွေက အိမ်ရဲ့အဓိကအမိုးအကာတွေ ဖြစ်ကြတဲ့အပြင် အိမ်ရဲ့အလှ အပနဲ့အပြင်အဆင်အတွက် အရမ်းကိုအရေးပါလှပါတယ်။
ခမ်းနား တဲ့ မျက်နှာကျက်အပြင်အဆင်တွေ၊ ခေတ်ဆန်ပြီး သပ်ရပ်တဲ့ ဒီဇိုင်း တွေရှိတဲ့ မျက်နှာကျက်အခင်းတွေ စသဖြင့်တို့ကို ပြင်ဆင်တည် ဆောက်မှု အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်…
၁။ မိမိအခန်း၊ နေအိမ်နဲ့လိုက်ဖက်တဲ့ မျက်နှာကျက်တွေကို ရွေးချယ် တည်ဆောက်ပါ။ အရောင်အားဖြင့်နဲ့ လိုက်ဖက်တဲ့ရွေးချယ်မှုတွေ ဖြစ်နေပါစေ။ များသောအားဖြင့် အရောင်တောက်တောက်ကြီးတွေ ကို အသုံးမပြုပဲ အလင်းအားမျှတစွာရတဲ့အရောင်နဲ့ မျက်စိအေးနိုင် မယ့် အရောင်လေးတွေကိုအသုံးပြုပါ။
၂။ ဒီဇိုင်းတွေကို ရွေးချယ်ပါ။ ဆန်းပြားတဲ့ဒီဇိုင်းမျိုးလား။ ဒါမှ မဟုတ် ခမ်းနားတာမျိုးတွေလား။ အပြင်အဆင်သပ်ရပ်ပြီးတော့ စွဲဆောင်မှုရှိ တဲ့ ဒီဇိုင်းမျိုးတွေက အခန်းရဲ့အလှကိုပံ့ပိုးပေးစေပါတယ်။
အခု နောက်ပိုင်းမှာတော့ ဒီဇိုင်းပညာရှင်တွေရဲ့ ထူးခြားတဲ့စိတ်ကူးဒီဇိုင်း တွေက များစွာရှိလာပြီး တွဲဖက်ပြီး အသုံးပြုနိုင်မယ့် အိမ်အလှဆင် ပစ္စည်းတွေကလည်း ဈေးကွက်ထဲမှာ အရေအတွက်အစုံအလင်နဲ့ များစွာရှိနေတာမို့လို့ ပိုပြီးတော့ ပြင်ဆင်ရအဆင်ပြေသွားပါပြီ။
၃။ မျက်နှာကျက်မှာ တပ်ဆင်မယ့် အလင်းအားအတွက်နဲ့ အိမ်အလှ ဆင်ပစ္စည်းတွေကို သင့်တော်ရာရွေးချယ်တတ်ပါစေ။
မီးဆိုင်းလှ လှကြီးတွေ၊ မီးပွင့်ဆန်းဆန်းကလေးတွေ၊ မီးလုံးလေးတွေ၊ စသဖြင့် အလင်းအားအတွက် မီးလုံးအပြင်အဆင်လေးတွေကို မျှတစွာပြင် ဆင်တတ်ဖို့လိုပါတယ်။
၎။ အခန်းနဲ့လိုက်ဖက်တဲ့ ကြမ်းခင်း၊ နံရံ၊ မျက်နှာကျက် အစရှိသဖြင့် ကို လိုက်ဖက်ညီစွာပြင်ဆင်ဖို့လိုပါတယ်။ ကြမ်းခင်းအရောင်လေးနဲ့ မျက်နှာကျက်အရောင် ဒီဇိုင်းလေးတွေက တူညီမယ်ဆိုရင်လည်း ပို ပြီးတော့ ကြည့်လို့ကောင်းပါတယ်။
အခုနောက်ပိုင်းမှာ သာမန်ထက် ထူးခြားတဲ့ ဖန်တီးမှုတွေကြောင့် မျက်နှာကျက်ခင်းပြားလေးတွေက ဆန်းကြယ်သလို၊ ဒီဇိုင်းလေးတွေ၊ အရောင်လေးတွေကလည်း ဆန်း ကြယ်ပါတယ်။ ဒါ့ကြောင့်မို့လို့ သင့်စိတ်ကြိုက်ဖန်တီးမှုလေးတွေနဲ့ သင့်အိမ်ရဲ့ မျက်နှာကျက်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီး နိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)