6080 ကြိမ် ကြည့်ရှု့ ပြီး
အိမ်ရှေ့တံခါး၀ မှဖုန်းရွှေ၊ ဓနဥစ္စာများကို သင့်အိမ်အတွင်း သို့ဖိတ်ခေါ်ခြင်း
[Unicode]
အိမ်တံခါး၀ မှကောင်းမွန်တဲ့ ဖုန်းရွှေ အစီအရင်တစ်ခုဟာ သင့်အိမ်အား ကြီးပွားဖွံ့ဖြိုး စေနိုင်ပါတယ်။ ဒီအရာကိုချီစွမ်းအားရဲ့ ခံတွင်းပေါက် ဟုလည်းခေါ်ပါတယ်။
အိမ်ရှေ့တံခါးအားဖွင့်လှစ်ခြင်း
အိမ်ရှေ့တံခါးတစ်ချပ်ကိုဖွင့်လှစ်ရာမှာ အပြင်ဘက်သို့မဖွင့်လှစ်ဘဲ အတွင်းဘက်သို့သာဖွင့်လှစ် သင့်ပါတယ်။
အိမ်တံခါးတစ်ချပ်အတွင်းဘက်သို့ဖွင့်လှစ်ထားခြင်းဟာကြိုဆိုခြင်းဒါမှမဟုတ်ချီစွမ်းအားတွေကိုဆွဲယူခြင်းဖြစ်ပြီးအပြင်သို့တွန်းထုတ်ခြင်းမဟုတ်ပါ။ အကယ်၍ တံခါးများသည် အပြင်ဘက်သို့ဖွင့်ထားတဲ့ ပုံစံဖြစ်နေပါက ပတ္တာတွေကိုပြောင်းလဲပစ်ပါ။ အိမ်ရှေ့တံခါးတွေကို အပြင်ဘက်သို့ ဖွင့်ထားခြင်းဟာ အိမ်တစ်ခုလုံး၏ ဖုန်းရွှေအစီအ ရင်ကို နှောင့်ယှက်ဖျက်စီးနိုင်ပါတယ်။
ကောင်းမွန်တဲ့အိမ်ရှေ့တံခါးကိုကျယ်ပြန့်စွာ ဖွင့်ထားသင့်ပြီး ကျဉ်းမြောင်းတဲ့ ဖွင့်ထားခြင်းမျိုး မပြုလုပ်သင့်ပေ။ သင့်အိမ်တံခါးတွေကို ပြည့်စုံလုံလောက် အဆင်ပြေအောင်ဖွင့်ထားပြီးပါပြီလား ဒါမှမဟုတ်တံခါးနောက် ကွယ်မှာ သင်သိုမှီးသိမ်းဆည်းထားတာ တွေနဲ့ပိတ်ဆို့နေပါသလား။ ဖုန်တွေ တက်နေတဲ့ အမှိုက်ပုံး ကွဲပျက်နေတဲ့အိုးဟောင်းတွေ ဒါမှ မဟုတ်ခြောက်သွေ့နေတဲ့ အပင်တွေဟာ ဓနဥစ္စာချီစွမ်းအင်ကို သင့်အိမ်ထဲသို့မဖိတ်ခေါ်နိုင်ပါဘူး။ အခြားသောအချက် အနေနဲ့ ဒီအရာတွေဟာ သင့်အိမ်တစ်ခုလုံးရဲ့ ဖုန်းရွှေကိုဖျက်ဆီး ပစ်မှာ ဖြစ်ပါတယ်သင့်အိမ်တံခါးတွေကို ပြည့်စုံစွာဖွင့်မထားလျှင် သင့်စွမ်းအင်တွေရပ်တန့်နေမှာ ဖြစ်ပြီးကံကောင်းစေတဲ့ အခွင့်အလမ်းတွေ ဟာ သင့်အတွက်ပွင့်နေမှာမဟုတ်ပါဘူး။သင့်အိမ်တံခါး နောက်ကွယ်မှာ ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားထားသင့်ပြီး သင့်ရဲ့အနာဂတ်ကောင်း ကျိုးချမ်းသာတွေ ကောင်းမွန်စွာပွင့်လင်းနေအောင် ပြုလုပ်ထားသင့်ပါတယ်။
သင့်အိမ်ရှေ့ တံခါးဖွင့်ထားရာမှာ အခန်းငယ်လေးတစ်ခု ဖြစ်နေပါသလား။ တကယ်လို့ အခန်းငယ်လေးပုံစံ ဖြစ်နေတယ်ဆိုပါကရှေ့တံခါးရဲ့ ဆန့်ကျင်ရာဘက်မှာနံရံတစ်ချပ်ရှိနေတာနဲ့ တူနေပြီးဒီအရာဟာ စွမ်းအင်စီးဆင်းမှုကို ပိတ်ဆို့နေလိမ့်မယ်။ဒီအတွင်းခန်းငယ်လေးဟာ သေးငယ်လွန်းနေပါကတံခါးရွက်အပေါ်မှာ တောက်ပတဲ့အလင်းတိုင်လေးတစ်ခု ကိုထွန်းထားသင့်ပါတယ်။ဒီအလင်းတိုင်ကိုအနည်းဆုံးတစ်ရက်လျှင်၃နာရီကြာအောင်ထွန်းထားရမှာ ဖြစ်ပါတယ်။
သင့်အနေနဲ့ကြေးမုံတစ်ချပ်ကိုအသုံး ပြုပြီးအခန်းငယ်ကိုအမြင် အားဖြင့်ကျယ်ပြန့်သွားအောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့မှန်အနေအထားဟာ အခန်းငယ်သို့ တိုက်ရိုက်မျက်နှာချင်း ဆိုင်ခြင်းမျိုးမဖြစ်စေရပါ။တံခါးဖွင့်ရာလမ်းကြောင်းရဲ့ မျက်မြင်လမ်းကြောင်းမှာချိတ်ဆွဲထားခြင်းက စွမ်းအားတွေနဲ့ဆုံတွေ့ဖို့အတွက်အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မူရှေကတံခါးရဲ့တိုက်ရိုက်ဆန့်ကျင်ဘက်မှာချိတ်ဆွဲထား ခြင်းမျိုးမပြုလုပ်ရပါ။ဒီလိုပြုလုပ်ခြင်းဟာသင့်အိမ်ရဲ့ဓနစွမ်းအင်တွေကိုအဝေးသို့တွန်းထုတ်ရာရောက်တယ်ဆိုတာကို သတိပြုရပါမယ်။
အိမ်ရှေ့တံခါးဟာဓနဥစ္စာတွေဝင်ရာလမ်းဖြစ်ပြီးဒီလမ်းကြောင်းကိုစောင့်ကြည့်ထားပါမယ်။
ကောင်းမွန်တဲ့ဖုန်းရွှေရှေ့တံခါးဟာအလွန်ကြီးနေခြင်းမျိုးအလွန်သေးငယ်နေ ခြင်းမျိုးမဖြစ်သင့်ပါဘူး။
၂ထပ်ဒါမှမဟုတ်၃ထပ်အိမ်တွေမှာအိမ်ရှေ့တံခါးပေါက်သေးငယ်နေတာကိုသင့်အနေနဲ့အကြိမ်ပေါင်းများစွာသတိပြုမိနေပါလိမ့်မယ်။အိမ်ဟာသေးငယ်နေတဲ့အခါမျိုးမှာအရှေ့တံခါးဟာ ပြည့်စုံလုံလောက်တဲ့အကျယ်အဝန်းမျိုးရှိနေသင့်ပါတယ်။
တစ်ထပ်အိမ်တွေအနေနဲ့ကစွမ်းအားတွေအိမ်ရှေ့တံခါးပေါက်ကနေအိမ်ထဲကိုလွတ်လပ်စွာစီးဝင်နေတာမျိုးသေချာအောင် ပြုလုပ်ထားသင့်ပါတယ်။ခြေနင်းခုံတပ်ဆင်ထားတာမျိုးမပြုလုပ်သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့အဝင်ပေါက်နေရာဟာအိမ်ထဲကိုစွမ်းအင်တွေလုံလုံလောက်လောက်လှည့်ပတ်စီးဝင် ဖြတ်သန်းဖို့အတွက်သေးငယ်လွန်းနေတာမျိုးမဖြစ်သင့်ပါဘူး။
အိမ်ဆီသို့ဝင်ပေါက်တစ်ခုဟာအချိုးအစားကြီးမားနေရင်အိမ်အတွက်လိုအပ်တဲ့စွမ်းအားတွေကိုပိုမိုဖိတ်ခေါ်နိုင်ပါတယ်။ သင့်အနေနဲ့ သင့်အိမ်ရှေ့တံခါးဟာ ချီစွမ်းအားတွေ လုံလုံလောက်လောက် ဝင်ရောက်နိုင်ဖို့အတွက်ခွင့်မပြုနိုင်လောက်အောင် သေးငယ်လွန်းတယ် ထင်ရရင်တံခါး ၂ ဘက်လုံးမှာ ကြေးမုံပြင်တပ်ဆင်ထားနိုင်ပါတယ်။
ကောင်းမွန်တဲ့ဖုန်းရွှေတံခါးပေါက်ဟာအိမ်တစ်လုံးရဲ့တံခါးတွေထဲမှအကောင်းဆုံးတံခါးပေါက်ဖြစ်ကို ဖြစ်နေရပါမယ်။
ဒီအဓိပ္ပာယ်ကတော့ကြည့်လိုက်တာနဲ့ဖရိုဖရဲ ဖြစ်နေတာမျိုးတွေ၊ တံခါးအစွန်းမှာ လက်သည်းရာတွေ ငြိတွယ်နေတာမျိုးတွေ၊တံခါးလက်ကိုင် ဘုမှာချေးတက်နေတာမျိုးတွေ၊ ခြောက်သွေ့နေတဲ့ပန်းတွေ၊နွယ်ပင်ဒါမှမဟုတ်ဟောင်းနွမ်းနေတဲ့ပန်းနွယ်တွေရစ်နွယ်တက်နေတာမျိုးတွေသင့်အိမ်ရှေ့တံခါးမှာမရှိသင့်ပါဘူး။ သင့်အိမ်ရှေ့တံခါးကိုခိုင်မာတဲ့သစ်သားမျိုးနဲ့ ပြုလုပ်ထားသင့်ပြီး မှန်တွေနဲ့ မပြုလုပ်သင့်ပါဘူး။ ဒါ့အပြင်သင့်အိမ်ထဲမှာ ရှိတဲ့အခြားတံခါးတွေထက် ပိုမိုကြီးမားနေသင့်ပါတယ်။
ကောင်းမွန်တဲ့ဖုန်းရွှေရှေ့ တံခါးဟာ အနည်းဆုံးလုံလောက် တဲ့အမြင့်ရှိသင့်ပါတယ်။ သင့်အိမ်ရဲ့ အရှည်ဆုံး အသုံးဆောင် ပစ္စည်းဟာ အခက်အခဲမရှိဘဲနဲ့ဝင်ရောက်နိုင်တဲ့အမြင့်ရှိရပါမယ်။ တံခါးနဲ့ မျက်နှာကျက်ကြားမှာ လုံလောက်တဲ့ အကွာအဝေး ရှိထားသင့်ပါတယ်။ အိမ်တစ်အိမ်ရဲ့ မျက်နှာကျက်နိမ့်နေပြီး တံခါးထိပ်ပိုင်းဟာမျက်နှာကျက်နဲ့ ထိတွေ့နေတဲ့အခါမျိုးမှာ ချီစွမ်းအားတွေ တံခါးကို ဖြတ်သန်း လာတဲ့အခါမှာ အားနဲ့ဖိထားသလိုမျိုး ဖြစ်နေတတ်ပြီး မိသားစုအတွက် ကောင်းတဲ့နိမိတ်မျိုးတွေ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။
အိမ်ရှေ့တံခါး၀ မှဖုန်းရွှေ၊ ဓနဥစ္စာများကို သင့်အိမ်အတွင်း သို့ဖိတ်ခေါ်ခြင်း
ဖုန်းရွှေရှေ့တံခါးအတွက်အရောင်များ
တံခါးမကြီးအရောင်ကညွှန်ပြရာအရပ်၊အနီရောင်- တောင်အရပ်၊အနက်သို့မဟုတ်အပြာရင့်-မြောက်အရပ်-သဘာဝသစ်သားအရောင်-အရှေ့နှင့်အရှေ့တောင်အရပ်၊ မြေစေးဝါသို့မဟုတ်အဝါ၊အနောက်နှင့်အနောက်မြောက်အရပ်၊အဖြူရောင်- အနောက်တောင်နှင့်အရှေ့မြောက်အရပ်။
ဖုန်းရွှေတံခါး၏နေရာ
သင့်အိမ်ရဲ့အဓိကဝင်ပေါက်အပေါ်ဘက်မှာအိမ်သာတစ်လုံးရှိနေပါသလား။
တကယ်လို့သင့်အိမ်အဓိကဝင်ပေါက်အပေါ်ဘက်မှာရှိနေတယ်ဆိုရင်တော့နိမိတ်မကောင်းတဲ့ဝင်ပေါက် ဖြစ်နေပါပြီ။အကောင်းဆုံးကုသမှု အနေနဲ့ကတော့အလင်းတိုင်တစ်ခုကို တစ်ရက်အနည်းဆုံး ၃ နာရီကြာအောင် တံခါးအပေါ်မှာ ထွန်းထားလိုက်ပါ။ ဒီပြဿနာအတွက် အမြဲတမ်းကုထုံး မရှိသေးပါဘူး။
အိမ်ရှေ့တံခါး၀ မှဖုန်းရွှေ၊ ဓနဥစ္စာများကို သင့်အိမ်အတွင်း သို့ဖိတ်ခေါ်ခြင်း
အဆိပ်လူးမြှားများ
သင့်အိမ်အဓိကဝင်ပေါက်ဟာအဆိပ်လူမြှားတွေစိုက်ဝင်ရာနေရာလား။
သင့်အိမ်ပေါက်ကိုစူးဝင်မယ့် အဆိပ်လူးမြှားတွေဟာ သင့်အိမ်နီးချင်းရဲ့ အိမ်ခေါင်မိုးတြိဂံလိုင်းတွေ ကနေလာရောက်နိုင်ပါတယ်။ ဒါမှမဟုတ် အဆောက်အအုံတစ်ခုရဲ့ဘေးစွန်း၊ အတက်အဆင်းလှေကားတွေ၊ လမ်းမီးတိုင်ထားရာ၊ သုဿန်၊ မြင့်မားတဲ့တာဝါတိုင်တွေ ကနေ လည်းရောက်ရှိ လာနိုင်ပါတယ်။ ထို့အတူအိမ်အတွင်းက တိုင်တွေကနေအရှေ့ ဘက်ဝင်ပေါက် ကိုတိုက်ခိုက်နေ တာမျိုးသို့မဟုတ်ကြောင်လိမ်လှေကား၊ နံရံကပ်မှန်၊ နံရံစွန်း၊ အိမ်သာတံခါးစတာတွေ ကလည်း ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒါတွေကိုကျော်ဖြတ်နိုင်ဖို့ အတွက် ပြည့်စုံစေ့စပ်တဲ့ ဓာတ်လည်ပတ်ပုံ စက်ဝန်းကိုအသုံးပြုနိုင်ပါတယ်။
သင့်အရှေ့တံခါး ကိုအားကောင်းတဲ့ ဖုန်းရွှေတံခါးဖြစ်အောင် ဘယ်လိုပြုလုပ်မလဲ။
၁။ ဒင်္ဂါးဟောင်း၃ ပြားကိုအနီရောင်အပ်ချည်နဲ့ အတူပူးချည်ပြီးမြေကြီးထဲ မြှုပ်ထားခြင်း သို့မဟုတ်အဓိကဝင်ပေါက်အောက်ကခြေသုတ်ခုံအောက် မြှုပ်နှံထား ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
၂။ မင်္ဂလာရှိတဲ့ပန်းချီကားမျိုး သို့မဟုတ် ငှက်အကောင် ၁၀၀ ပါဝင်တဲ့ ဓာတ်ပုံမျိုးကို တံခါးနားမှာချိတ်ဆွဲထားနိုင်ပါတယ်။ ငှက်အကောင် ၁၀၀ပါတဲ့ဓာတ်ပုံဟာ တစ်ဦးချင်းအလိုက်အကောင်းဆုံးဖြစ်ပြီး အခွင့်အလမ်းတစ်ရာ သင့်ဆီကိုလှမ်းလာနေတဲ့နိမိတ်ပုံလည်း ဖြစ်ပါတယ်။
အိမ်ရှေ့တံခါး၀ မှဖုန်းရွှေ၊ ဓနဥစ္စာများကို သင့်အိမ်အတွင်း သို့ဖိတ်ခေါ်ခြင်း
၃။အရှေ့ အဓိကဝင်ပေါက်နဲ့ တည့်တည့်တစ်နေရာအထဲမှာ သို့မဟုတ် အပြင်မှာ ထူးခြားတဲ့ ရေအသွင်သဏ္ဌာန် ထားရှိနိုင်ပါတယ။် အဲဒါဟာပိုင်ဆိုင်မှုနဲ့ ဝင်ငွေလာဘ်ကောင်း အောင်ဆွဲဆောင်နိုင်ပါတယ်။
၄။ ကံကောင်းစေတဲ့ အပင်တွေအဓိက ဝင်ပေါက်ရဲ့တစ်ဘက်တစ်ချက်မှာ ထားရှိပေးပါ။
၅။ ခြူးတစ်စုံ ဖော်ပြထားခြင်းဟာ မကောင်းတဲ့စွမ်းအားတွေ အိမ်ကိုထိခိုက်လာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးပါတယ်။
၆။ တံခါးအတွင်းဘက်မှာ နဂါးနှစ်ကောင် ချိတ်ဆွဲထားခြင်းဟာ လည်းကောင်းမွန်ပါတယ်။
၇။ အဓိကဝင်ပေါက်နဲ့ ဧည့်ခန်းတိုက်ရိုက် မျက်နှာချင်းဆိုင်ကျ ရောက်နေအောင်ပြုပြင် ပြောင်းလဲထားခြင်း ဟာလည်း မင်္ဂလာ ရှိစရာတွေတိုးပွားလာအောင် ပြုပြင်တဲ့နည်းတစ်နည်း လို့မှတ်ယူထားနိုင်ပါတယ်။
ဘုန်းမင်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဖုန်းရွှေတံခါး၏နေရာ
အဆိပ်လူးမြှားများ
အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)