1929 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

### Zawgyi Version ###

စကၤာပူတြင္ အလုပ္လုပ္ေနသူမ်ားအေနျဖင့္ လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈရရွိေစေရး သင့္အတြက္ အကူအညီျဖစ္ေစမယ့္ ေအာက္ပါလြယ္ကူတဲ့ဖုန္းေရႊအခ်က္ေလးေတြကို လက္ေတြ႕လုပ္ေဆာင္ၾကည့္ႏိုင္ပါတယ္။

၁။ ႐ံုးသံုးအီလက္ထေရာနစ္ပစၥည္းမ်ားအား သင့္ဝဲဘက္အျခမ္းတြင္ ထားရွိပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- သင့္အလုပ္မွာ ကံေကာင္းျခင္းေတြနဲ႔ အေကာင္းဓာတ္စြမ္းအင္ေတြကို ဆြဲေဆာင္ဖို႔ရာ ႐ိုးရွင္းတဲ့ဖုန္းေရႊနည္းလမ္းကေတာ့ ဟန္းဖုန္း ဒါမွမဟုတ္ ကြန္ပ်ဴတာ စတဲ့ သင့္ရဲ႕႐ံုးသံုးအီလက္ထေရာနစ္ပစၥည္းေတြကို သင္ထိုင္တဲ့ေနရာရဲ႕ လက္ဝဲဘက္အျခမ္းဘက္မွာ ထားရွိပါ။ ဝဲဘက္အျခမ္းဟာ နဂါးစိမ္းႀကီးစိုးတဲ့ေနရာပါ။ နဂါးစိမ္းက သင့္ဆီ ႂကြယ္ဝခ်မ္းသာမႈနဲ႔ ဟန္ခ်က္ညီမႈေတြကို ယူေဆာင္လာေပးႏုိင္ပါတယ္။ လက္ယာဘက္အျခမ္းကေတာ့ က်ားျဖဴႀကီးစိုးတဲ့ေနရာပါ။ က်ားျဖဴက သင့္အလုပ္မွာ စိန္ေခၚမႈေတြကို ပိုမိုဆြဲေဆာင္ေပးမွာပါ။ ဒါေၾကာင့္မို႔ ယာဘက္ကိုေတာ့ သင့္အေနနဲ႔ ေခါင္းေဆာင္အဆင့္မွသာ ထားရွိပါ။

၂။ သင့္က်န္းမာေရးအေကာင္းဓာတ္မ်ားအား ျမႇင့္တင္ရန္ သစ္ပင္မ်ားအသံုးျပဳပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- အကယ္၍ သင့္ရဲ႕ ႐ံုး ဒါမွမဟုတ္ အိမ္မွာ အလုပ္လုပ္တဲ့ေနရာက ေထာင့္တစ္ခုနဲ႔ နီးတယ္၊ ေထာင့္တစ္ခုကို အမွီျပဳထားတယ္ဆုိရင္ အပင္အေသးစားအိုးေလးကို သင့္အလုပ္စားပြဲေရွ႕ဘက္မ်က္ႏွာစာမွာ ထားရွိလိုက္ပါ။ စြမ္းအင္ေတြ စီးဆင္းမႈမရွိဘဲ တန္႔ခံေနၿပီး တုိးတက္မႈပိတ္ေနတဲ့ေနရာဆီ အေကာင္းဓာတ္စြမ္းအင္ေတြ ဖိတ္ေခၚေပးပါလိမ့္မယ္။ ရွားေစာင္းပင္ ဒါမွမဟုတ္ အပြင့္ေတြ၊ ဆူးေတြ အရမ္းမ်ားတဲ့ အပင္မ်ဳိးေတြကိုေတာ့ ေရွာင္ပါ။ အဲ့ဒီအပင္ေတြက အကူအညီမျဖစ္တဲ့အျပင္ အေႏွာင့္အယွက္ေတာင္ ပိုျဖစ္ေစႏုိင္ပါတယ္။ သက္ရွိအပင္ျဖစ္ဖို႔ကလည္း အဓိကမွတ္သားရမယ့္အခ်က္ပါပဲ။ အပင္တုေတြက မေကာင္းတဲ့စြမ္းအင္ဆိုးေတြကို ဆြဲေဆာင္ႏုိင္သလို စိတ္ဆိုးမာန္ဆိုးေတြ၊ ဘဝင္ျမင့္စိတ္ေတြကိုပါ ေလွ်ာ့ခ်ေပးႏိုင္ပါေသးတယ္။

၃။ တင္းမာမႈကို ျဖစ္ေစေသာ စြမ္းအင္ဆိုးမ်ား ဖယ္ရွားရန္ သီခ်င္းဖြင့္ပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- သင့္အာ႐ံုေၾကာေတြ ဟန္ခ်က္ညီ၊ တည္ၿငိမ္ေစဖို႔နဲ႔ စိတ္ခ်မ္းေျမ႕ေစဖို႔ သင့္အနီးတစ္ဝိုက္မွာ သီခ်င္းဖြင့္ထားပါ။ စာသားမပါဘဲ ဂီတသံစဥ္ခ်ည္းသက္သက္ဆိုရင္ေတာ့ အေကာင္းဆံုးပါ။ စည္းခ်က္သိပ္မျပင္းေစဖို႔ေတာ့ အထူးသတိထားပါ။ သင့္အလုပ္ေပၚ အာ႐ံုစိုက္မႈကို အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။ သင္ကလုပ္ငန္းရွင္ဆုိရင္ သင့္လုပ္ငန္းခြင္မွာ ေတးသံသာေလးေတြနဲ႔ကုစားျခင္းက သင့္လုပ္ငန္းအတြက္ေရာ ဝန္ထမ္းေတြအတြက္ပါ ေကာင္းမြန္ေစပါတယ္။ လုပ္ငန္းခြင္ကို လာေရာက္တဲ့ ေဖာက္သည္ေတြနဲ႔လည္း ေဆြးေႏြးညိႇႏႈိင္းမႈေတြ ေအာင္ျမင္ေစဖို႔ ရာခိုင္ႏႈန္းပိုမ်ားေစပါတယ္။

၄။ သင့္႐ံုးစားပြဲအား ေထာင့္စြန္း၊ ေစာင္းတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ျခင္းမွ ေရွာင္ၾကဥ္ပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- ေလးေထာင့္တိုင္နံရံလုိမ်ဳိး ေထာင့္စြန္း၊ ေစာင္းတစ္ခုခုနဲ႔ သင့္အလုပ္စားပြဲ ဒါမွမဟုတ္ အလုပ္ေနရာအ း မ်က္ႏွာခ်င္းမဆိုင္မိပါေစနဲ႔။ အဲ့ဒီအနားခၽြန္ေတြက စြမ္းအင္ဆိုးေတြကို ဖိတ္ေခၚႏိုင္ပါတယ္။ အဲ့ဒီစြမ္းအင္ဆိုးေတြက သင့္ကို ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ဖိအားနဲ႔ မေပ်ာ္ရႊင္မႈေတြ ျဖစ္ေစပါလိမ့္မယ္။ အကယ္၍ ေရႊ႕မရျပဳမရဘဲ အဆိုပါအေနအထားနဲ႔ႀကံဳဆံုေနရတယ္ဆိုရင္ေတာ့ အရံအတားတစ္ခုခုကို သင့္စားပြဲနဲ႔ အဲ့ဒီေစာင္း၊ ေထာင့္စြန္းအၾကား ခုခံထားရွိလိုက္ပါ။ ဒီနည္းနဲ႔အဆင္မေျပေသးဘဲ မသက္မသာခံစားေနရတယ္ဆိုရင္ေတာ့ စြမ္းအင္ဆိုးေတြ ေလ်ာ့နည္းသြားေအာင္ ဆားေတြထည့္ထားတဲ့ ပန္းကန္းလံုးတစ္ခုကို သင္နဲ႔ အဲ့ဒီေစာင္း၊ ေထာင့္စြန္းအၾကား ထားရွိလိုက္ပါ။

၅။ သင့္လက္ယာဘက္တြင္ သလင္းေက်ာက္တံုးေလးမ်ား ထားရွိပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- သင့္စားပြဲရဲ႕ ညာဘက္ျခမ္းေထာင့္မွာ သလင္းေက်ာက္တံုးေလးေတြ ထားရွိသင့္ပါတယ္။ ဒါက အလုပ္မွာ စိတ္ဖိစီးမႈျဖစ္ေစတဲ့ စြမ္းအင္ေတြကို ၿဖိဳခြင္းပစ္ဖုိ႔ သင့္ကို ကူညီေပးပါလိမ့္မယ္။ ဒါ့အျပင္ သင့္ကို လိမ္ညာလွည့္ဖ်ားမယ့္ လူလိမ္လူေကာက္ေတြရဲ႕ရန္ကေနလည္း ကင္းေဝးေစႏုိင္ပါတယ္။ လုပ္ငန္းခြင္မွာ သင့္ကိုကူညီမယ့္သူေတြကိုလည္း ဆြဲေဆာင္ေပးႏုိင္ပါတယ္။ သလင္းေက်ာက္ေလးေတြရဲ႕ အက်ဳိးျပဳမႈကို အၿမဲတမ္းအျမင့္ဆံုးျဖစ္ေစဖို႔အတြက္ သလင္းေက်ာက္ေလးေတြကို ပံုမွန္သန္႔ရွင္းေတာက္ေျပာင္ေနေအာင္ ထားရွိဖို႔လည္း မေမ့ပါနဲ႔။

၆။ သင့္စားပြဲႏွင့္ တံခါးေပါက္အၾကား ပိုင္းကန္႔ထားပါေစ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- သင့္စားပြဲက တံခါးေပါက္၊ ေလွ်ာက္လမ္း၊ စႀကႍလမ္းေတြနဲ႔ မ်က္ႏွာခ်င္းဆုိင္အေနအထားျဖစ္ေနရင္ သင့္အေပၚတန္းတန္းမတ္မတ္သက္ေရာက္ေစမယ့္ စြမ္းအင္ဆိုးေတြကို တားဆီးဖို႔ရာ အခန္းကန္႔သလိုမ်ဳိးမဟုတ္ေတာင္ ပိုင္းကန္႔မႈေလးနည္းနည္းပါးပါးေတာ့ လုပ္ေပးဖို႔လိုပါမယ္။ စႀကႍလမ္းတို႔၊ တံခါးေပါက္လမ္းေၾကာင္းတို႔မွာ လ်င္လ်င္ျမန္ျမန္ေရြ႕လ်ားတဲ့စြမ္းအင္တစ္မ်ဳိးရွိပါတယ္။ အဲ့ဒီစြမ္းအင္ေတြက သင့္ကို သင့္အလုပ္မွာ အျပည့္အဝအာ႐ံုစိုက္လို႔မရေအာင္ အေႏွာင့္အယွက္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ တံခါးေပါက္၊ ေလွ်ာက္လမ္း၊ စႀကႍလမ္းတို႔ကို သင့္ေရွ႕မွာ အလြယ္တကူမျမင္ႏုိင္ေအာင္ အရံအတားေလးတစ္ခုေတာ့ ရွိပါေစ။ အတားအဆီးျပဳလုပ္ဖို႔ အဆင္မေျပရင္ေတာ့ ခန္းဆီးေတြကိုလည္း ထားရွိအသံုးျပဳႏုိင္ပါတယ္။

၇။ ေျမာက္ဘက္ေထာင့္တြင္ ေရ႐ုပ္တစ္႐ုပ္ ထားရွိပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- ျဖစ္ႏုိင္ရင္ ေကာင္းမြန္တဲ့ အလုပ္အကုိင္ျဖစ္ႏိုင္ေျခ၊ အခြင့္အလမ္းေတြကို အသက္သြင္းႏိႈးဆြဖို႔ သင့္အိမ္ ဒါမွမဟုတ္ ႐ံုးခန္းရဲ႕ ေျမာက္ဘက္ေထာင့္ေနရာမွာ ေရ႐ုပ္တစ္႐ုပ္ ထားရွိပါ။ ေရစီးေနတဲ့ ေရတံခြန္ငယ္ေလး ဒါမွမဟုတ္ ငါးကန္လိုမ်ဳိး ထားရွိျခင္းျဖင့္ သင့္ထံ ကံေကာင္းျခင္းေတြ ေဆာင္ၾကဥ္းလိုက္ပါ။

၈။ အနီေရာင္ စားပြဲတင္မီးအိမ္ငယ္တစ္ခုအား ေတာင္ဘက္ကို မ်က္ႏွာမူ၍ ထားရွိပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- အသိအမွတ္ျပဳခံရမႈ၊ ေက်ာ္ၾကားမႈနဲ႔ ေအာင္ျမင္မႈေတြကို ဆြဲေဆာင္ဖို႔ရာ သင့္စားပြဲရဲ႕ ေတာင္ဘက္ေထာင့္မွာ အနီေရာင္ရွိတဲ့ စားပြဲတင္မီးအိမ္ေလးတစ္ခုကို ေတာင္ဘက္မ်က္ႏွာမူၿပီး ထားရွိေပးရပါမယ္။ အနီေရာင္ဟာ မိႈင္းမေနဘဲ ေတာက္ပဝင့္ႂကြားေနတဲ့ အနီေရာင္မ်ဳိးလည္း ျဖစ္ရပါမယ္။ အဲ့ဒီအနီေရာင္ရွိတဲ့ မီးအိမ္ဟာ သင့္ကို ရာထူးတိုးေအာင္ ကံေကာင္းျခင္းေတြတိုးျမႇင့္ေပးမွာပဲ ျဖစ္ပါတယ္။

၉။ ေန႔စဥ္ အလုပ္ၿပီးတုိင္း သင့္စားပြဲကို သန္႔ရွင္းေပးပါ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- တစ္ေန႔တာအတြက္ သင့္အလုပ္ေတြ ေဆာင္ရြက္သြားၿပီးတုိင္း အလုပ္စားပြဲကို သန္႔ရွင္းေရးလုပ္ေပးပါ။ ဒါမွ ေနာက္တစ္ေန႔ဟာ သစ္လြင္တက္ႂကြမႈနဲ႔ အစျပဳၿပီး အဲ့ဒီေန႔သစ္အတြက္ ပိုမိုေခ်ာေမြ႕တဲ့အစျပဳမႈကို ေပးစြမ္းႏိုင္မွာပါ။ ဒါ့အျပင္ အလုပ္လုပ္ေနစဥ္မွာလည္း သင့္စားပြဲကို ႐ႈပ္ပြမေနေအာင္ အတတ္ႏုိင္ဆံုး ထားရွိပါ။ စားပြဲေပၚမွာ ျဗဳတ္စဗ်င္းေတာင္းျဖစ္ေနျခင္းက တိုးတက္မႈမရွိေတာ့တဲ့ စြမ္းအင္ေသေတြကို စုစည္းေစႏုိင္ပါတယ္။ သင့္နဲ႔ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြအၾကားမွာလည္း ပဋိပကၡ၊ ပြတ္တိုက္မႈေတြကို ျဖစ္ေစႏုိင္ပါတယ္။ သန္႔ရွင္းသပ္ရပ္တဲ့အလုပ္စားပြဲဟာ ရွင္းလင္းသန္႔စင္တဲ့စိတ္ကို ဦးတည္တယ္ဆုိတာကို မေမ့ပါနဲ႔။

၁၀။ ႐ံုးရွိ ေရခ်ဳိးခန္း၊ အိမ္သာ၊ မီးဖိုေခ်ာင္မွအပ အလုပ္လုပ္သည့္ေနရာမ်ားတြင္ ၾကည့္မွန္မ်ား ခ်ိတ္ဆြဲထားျခင္း မျပဳရ။

စကၤာပူတြင္ သင့္အလုပ္အကိုင္အား တိုးတက္ေစႏုိင္မည့္ ႐ို္းရွင္းေသာ ဖုန္းေရႊအခ်က္ ၁၀ ခ်က္

- ႐ံုး ဒါမွမဟုတ္ အလုပ္ေနရာမွာ အထူးသျဖင့္ သင့္ေနာက္ေက်ာဘက္မွာ ၾကည့္မွန္ေတြ

ခ်ိတ္ဆြဲထားတာမ်ဳိး မျပဳလုပ္ပါနဲ႔။ သင့္ကို မေက်နပ္၊ တိုင္တန္းမႈေတြ ျဖစ္ေပၚေစႏုိင္သလို ေနာက္ေက်ာဓားထိုးဖို႔ ေခ်ာင္းေနတဲ့့သူေတြအတြက္ လမ္းပိုဖြင့္ေပးရာလည္း ေရာက္ေစႏုိင္ပါတယ္။ သင့္အလွျပင္ဖို႔၊ ေခါင္းၿဖီးဖို႔ပဲျဖစ္ျဖစ္ မွန္ၾကည့္ဖို႔လိုတယ္ဆိုရင္ေတာ့ သင့္ပိုက္ဆံအိတ္၊ လြယ္အိတ္တို႔ထဲမွာ ၾကည့္မွန္ငယ္ေလးထည့္ထားၿပီး လိုအပ္ခ်ိန္မွ ထုတ္ယူအသံုးျပဳပါ။

စကၤာပူမွာ အလုပ္လုပ္ကိုင္ေနတဲ့ ဖုန္းေရႊခ်စ္သူအားလံုး အထက္ပါအခ်က္ေလးေတြကို လုပ္ေဆာင္ၿပီး အလုပ္အကိုင္ေတြတိုးတက္ေအာင္ျမင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။


ခင္ေအးခ်မ္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

စင်္ကာပူတွင် အလုပ်လုပ်နေသူများအနေဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိစေရေး သင့်အတွက် အကူအညီဖြစ်စေမယ့် အောက်ပါလွယ်ကူတဲ့ဖုန်းရွှေအချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်နိုင်ပါတယ်။

၁။ ရုံးသုံးအီလက်ထရောနစ်ပစ္စည်းများအား သင့်ဝဲဘက်အခြမ်းတွင် ထားရှိပါ။

- သင့်အလုပ်မှာ ကံကောင်းခြင်းတွေနဲ့ အကောင်းဓာတ်စွမ်းအင်တွေကို ဆွဲဆောင်ဖို့ရာ ရိုးရှင်းတဲ့ဖုန်းရွှေနည်းလမ်းကတော့ ဟန်းဖုန်း ဒါမှမဟုတ် ကွန်ပျူတာ စတဲ့ သင့်ရဲ့ရုံးသုံးအီလက်ထရောနစ်ပစ္စည်းတွေကို သင်ထိုင်တဲ့နေရာရဲ့ လက်ဝဲဘက်အခြမ်းဘက်မှာ ထားရှိပါ။ ဝဲဘက်အခြမ်းဟာ နဂါးစိမ်းကြီးစိုးတဲ့နေရာပါ။ နဂါးစိမ်းက သင့်ဆီ ကြွယ်ဝချမ်းသာမှုနဲ့ ဟန်ချက်ညီမှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ လက်ယာဘက်အခြမ်းကတော့ ကျားဖြူကြီးစိုးတဲ့နေရာပါ။ ကျားဖြူက သင့်အလုပ်မှာ စိန်ခေါ်မှုတွေကို ပိုမိုဆွဲဆောင်ပေးမှာပါ။ ဒါကြောင့်မို့ ယာဘက်ကိုတော့ သင့်အနေနဲ့ ခေါင်းဆောင်အဆင့်မှသာ ထားရှိပါ။


၂။ သင့်ကျန်းမာရေးအကောင်းဓာတ်များအား မြှင့်တင်ရန် သစ်ပင်များအသုံးပြုပါ။

- အကယ်၍ သင့်ရဲ့ ရုံး ဒါမှမဟုတ် အိမ်မှာ အလုပ်လုပ်တဲ့နေရာက ထောင့်တစ်ခုနဲ့ နီးတယ်၊ ထောင့်တစ်ခုကို အမှီပြုထားတယ်ဆိုရင် အပင်အသေးစားအိုးလေးကို သင့်အလုပ်စားပွဲရှေ့ဘက်မျက်နှာစာမှာ ထားရှိလိုက်ပါ။ စွမ်းအင်တွေ စီးဆင်းမှုမရှိဘဲ တန့်ခံနေပြီး တိုးတက်မှုပိတ်နေတဲ့နေရာဆီ အကောင်းဓာတ်စွမ်းအင်တွေ ဖိတ်ခေါ်ပေးပါလိမ့်မယ်။ ရှားစောင်းပင် ဒါမှမဟုတ် အပွင့်တွေ၊ ဆူးတွေ အရမ်းများတဲ့ အပင်မျိုးတွေကိုတော့ ရှောင်ပါ။ အဲ့ဒီအပင်တွေက အကူအညီမဖြစ်တဲ့အပြင် အနှောင့်အယှက်တောင် ပိုဖြစ်စေနိုင်ပါတယ်။ သက်ရှိအပင်ဖြစ်ဖို့ကလည်း အဓိကမှတ်သားရမယ့်အချက်ပါပဲ။ အပင်တုတွေက မကောင်းတဲ့စွမ်းအင်ဆိုးတွေကို ဆွဲဆောင်နိုင်သလို စိတ်ဆိုးမာန်ဆိုးတွေ၊ ဘဝင်မြင့်စိတ်တွေကိုပါ လျှော့ချပေးနိုင်ပါသေးတယ်။

၃။ တင်းမာမှုကို ဖြစ်စေသော စွမ်းအင်ဆိုးများ ဖယ်ရှားရန် သီချင်းဖွင့်ပါ။

- သင့်အာရုံကြောတွေ ဟန်ချက်ညီ၊ တည်ငြိမ်စေဖို့နဲ့ စိတ်ချမ်းမြေ့စေဖို့ သင့်အနီးတစ်ဝိုက်မှာ သီချင်းဖွင့်ထားပါ။ စာသားမပါဘဲ ဂီတသံစဉ်ချည်းသက်သက်ဆိုရင်တော့ အကောင်းဆုံးပါ။ စည်းချက်သိပ်မပြင်းစေဖို့တော့ အထူးသတိထားပါ။ သင့်အလုပ်ပေါ် အာရုံစိုက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင်ကလုပ်ငန်းရှင်ဆိုရင် သင့်လုပ်ငန်းခွင်မှာ တေးသံသာလေးတွေနဲ့ကုစားခြင်းက သင့်လုပ်ငန်းအတွက်ရော ဝန်ထမ်းတွေအတွက်ပါ ကောင်းမွန်စေပါတယ်။ လုပ်ငန်းခွင်ကို လာရောက်တဲ့ ဖောက်သည်တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်စေဖို့ ရာခိုင်နှုန်းပိုများစေပါတယ်။

၄။ သင့်ရုံးစားပွဲအား ထောင့်စွန်း၊ စောင်းတို့နှင့် မျက်နှာချင်းဆိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

- လေးထောင့်တိုင်နံရံလိုမျိုး ထောင့်စွန်း၊ စောင်းတစ်ခုခုနဲ့ သင့်အလုပ်စားပွဲ ဒါမှမဟုတ် အလုပ်နေရာအ း မျက်နှာချင်းမဆိုင်မိပါစေနဲ့။ အဲ့ဒီအနားချွန်တွေက စွမ်းအင်ဆိုးတွေကို ဖိတ်ခေါ်နိုင်ပါတယ်။ အဲ့ဒီစွမ်းအင်ဆိုးတွေက သင့်ကို ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖိအားနဲ့ မပျော်ရွှင်မှုတွေ ဖြစ်စေပါလိမ့်မယ်။ အကယ်၍ ရွှေ့မရပြုမရဘဲ အဆိုပါအနေအထားနဲ့ကြုံဆုံနေရတယ်ဆိုရင်တော့ အရံအတားတစ်ခုခုကို သင့်စားပွဲနဲ့ အဲ့ဒီစောင်း၊ ထောင့်စွန်းအကြား ခုခံထားရှိလိုက်ပါ။ ဒီနည်းနဲ့အဆင်မပြေသေးဘဲ မသက်မသာခံစားနေရတယ်ဆိုရင်တော့ စွမ်းအင်ဆိုးတွေ လျော့နည်းသွားအောင် ဆားတွေထည့်ထားတဲ့ ပန်းကန်းလုံးတစ်ခုကို သင်နဲ့ အဲ့ဒီစောင်း၊ ထောင့်စွန်းအကြား ထားရှိလိုက်ပါ။

၅။ သင့်လက်ယာဘက်တွင် သလင်းကျောက်တုံးလေးများ ထားရှိပါ။

- သင့်စားပွဲရဲ့ ညာဘက်ခြမ်းထောင့်မှာ သလင်းကျောက်တုံးလေးတွေ ထားရှိသင့်ပါတယ်။ ဒါက အလုပ်မှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ စွမ်းအင်တွေကို ဖြိုခွင်းပစ်ဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် သင့်ကို လိမ်ညာလှည့်ဖျားမယ့် လူလိမ်လူကောက်တွေရဲ့ရန်ကနေလည်း ကင်းဝေးစေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ သင့်ကိုကူညီမယ့်သူတွေကိုလည်း ဆွဲဆောင်ပေးနိုင်ပါတယ်။ သလင်းကျောက်လေးတွေရဲ့ အကျိုးပြုမှုကို အမြဲတမ်းအမြင့်ဆုံးဖြစ်စေဖို့အတွက် သလင်းကျောက်လေးတွေကို ပုံမှန်သန့်ရှင်းတောက်ပြောင်နေအောင် ထားရှိဖို့လည်း မမေ့ပါနဲ့။

၆။ သင့်စားပွဲနှင့် တံခါးပေါက်အကြား ပိုင်းကန့်ထားပါစေ။

- သင့်စားပွဲက တံခါးပေါက်၊ လျှောက်လမ်း၊ စြင်္ကံလမ်းတွေနဲ့ မျက်နှာချင်းဆိုင်အနေအထားဖြစ်နေရင် သင့်အပေါ်တန်းတန်းမတ်မတ်သက်ရောက်စေမယ့် စွမ်းအင်ဆိုးတွေကို တားဆီးဖို့ရာ အခန်းကန့်သလိုမျိုးမဟုတ်တောင် ပိုင်းကန့်မှုလေးနည်းနည်းပါးပါးတော့ လုပ်ပေးဖို့လိုပါမယ်။ စြင်္ကံလမ်းတို့၊ တံခါးပေါက်လမ်းကြောင်းတို့မှာ လျင်လျင်မြန်မြန်ရွေ့လျားတဲ့စွမ်းအင်တစ်မျိုးရှိပါတယ်။ အဲ့ဒီစွမ်းအင်တွေက သင့်ကို သင့်အလုပ်မှာ အပြည့်အဝအာရုံစိုက်လို့မရအောင် အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တံခါးပေါက်၊ လျှောက်လမ်း၊ စြင်္ကံလမ်းတို့ကို သင့်ရှေ့မှာ အလွယ်တကူမမြင်နိုင်အောင် အရံအတားလေးတစ်ခုတော့ ရှိပါစေ။ အတားအဆီးပြုလုပ်ဖို့ အဆင်မပြေရင်တော့ ခန်းဆီးတွေကိုလည်း ထားရှိအသုံးပြုနိုင်ပါတယ်။

၇။ မြောက်ဘက်ထောင့်တွင် ရေရုပ်တစ်ရုပ် ထားရှိပါ။

- ဖြစ်နိုင်ရင် ကောင်းမွန်တဲ့ အလုပ်အကိုင်ဖြစ်နိုင်ခြေ၊ အခွင့်အလမ်းတွေကို အသက်သွင်းနှိုးဆွဖို့ သင့်အိမ် ဒါမှမဟုတ် ရုံးခန်းရဲ့ မြောက်ဘက်ထောင့်နေရာမှာ ရေရုပ်တစ်ရုပ် ထားရှိပါ။ ရေစီးနေတဲ့ ရေတံခွန်ငယ်လေး ဒါမှမဟုတ် ငါးကန်လိုမျိုး ထားရှိခြင်းဖြင့် သင့်ထံ ကံကောင်းခြင်းတွေ ဆောင်ကြဉ်းလိုက်ပါ။

၈။ အနီရောင် စားပွဲတင်မီးအိမ်ငယ်တစ်ခုအား တောင်ဘက်ကို မျက်နှာမူ၍ ထားရှိပါ။

- အသိအမှတ်ပြုခံရမှု၊ ကျော်ကြားမှုနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်ဖို့ရာ သင့်စားပွဲရဲ့ တောင်ဘက်ထောင့်မှာ အနီရောင်ရှိတဲ့ စားပွဲတင်မီးအိမ်လေးတစ်ခုကို တောင်ဘက်မျက်နှာမူပြီး ထားရှိပေးရပါမယ်။ အနီရောင်ဟာ မှိုင်းမနေဘဲ တောက်ပဝင့်ကြွားနေတဲ့ အနီရောင်မျိုးလည်း ဖြစ်ရပါမယ်။ အဲ့ဒီအနီရောင်ရှိတဲ့ မီးအိမ်ဟာ သင့်ကို ရာထူးတိုးအောင် ကံကောင်းခြင်းတွေတိုးမြှင့်ပေးမှာပဲ ဖြစ်ပါတယ်။

၉။ နေ့စဉ် အလုပ်ပြီးတိုင်း သင့်စားပွဲကို သန့်ရှင်းပေးပါ။

- တစ်နေ့တာအတွက် သင့်အလုပ်တွေ ဆောင်ရွက်သွားပြီးတိုင်း အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်ပေးပါ။ ဒါမှ နောက်တစ်နေ့ဟာ သစ်လွင်တက်ကြွမှုနဲ့ အစပြုပြီး အဲ့ဒီနေ့သစ်အတွက် ပိုမိုချောမွေ့တဲ့အစပြုမှုကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် အလုပ်လုပ်နေစဉ်မှာလည်း သင့်စားပွဲကို ရှုပ်ပွမနေအောင် အတတ်နိုင်ဆုံး ထားရှိပါ။ စားပွဲပေါ်မှာ ဗြုတ်စဗျင်းတောင်းဖြစ်နေခြင်းက တိုးတက်မှုမရှိတော့တဲ့ စွမ်းအင်သေတွေကို စုစည်းစေနိုင်ပါတယ်။ သင့်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေအကြားမှာလည်း ပဋိပက္ခ၊ ပွတ်တိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့အလုပ်စားပွဲဟာ ရှင်းလင်းသန့်စင်တဲ့စိတ်ကို ဦးတည်တယ်ဆိုတာကို မမေ့ပါနဲ့။

၁၀။ ရုံးရှိ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်မှအပ အလုပ်လုပ်သည့်နေရာများတွင် ကြည့်မှန်များ ချိတ်ဆွဲထားခြင်း မပြုရ။

- ရုံး ဒါမှမဟုတ် အလုပ်နေရာမှာ အထူးသဖြင့် သင့်နောက်ကျောဘက်မှာ ကြည့်မှန်တွေ

ချိတ်ဆွဲထားတာမျိုး မပြုလုပ်ပါနဲ့။ သင့်ကို မကျေနပ်၊ တိုင်တန်းမှုတွေ ဖြစ်ပေါ်စေနိုင်သလို နောက်ကျောဓားထိုးဖို့ ချောင်းနေတဲ့သူတွေအတွက် လမ်းပိုဖွင့်ပေးရာလည်း ရောက်စေနိုင်ပါတယ်။ သင့်အလှပြင်ဖို့၊ ခေါင်းဖြီးဖို့ပဲဖြစ်ဖြစ် မှန်ကြည့်ဖို့လိုတယ်ဆိုရင်တော့ သင့်ပိုက်ဆံအိတ်၊ လွယ်အိတ်တို့ထဲမှာ ကြည့်မှန်ငယ်လေးထည့်ထားပြီး လိုအပ်ချိန်မှ ထုတ်ယူအသုံးပြုပါ။

စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ ဖုန်းရွှေချစ်သူအားလုံး အထက်ပါအချက်လေးတွေကို လုပ်ဆောင်ပြီး အလုပ်အကိုင်တွေတိုးတက်အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)