သက္ကတဘာသာစကား ၀ါစတုသည် ၀ါအက် မှ ဆင်းသက်လာပြီး နေထိုင်ရာ၊ နေရာ၊ နေအိမ်၊ ခိုလှုံရာဟု အဓိပ္ပာယ်ရသည်။
ဝါစတုသျှတ္တရဟူသည်မှာ နေအိမ်ဗိသုကာသိပ္ပံပညာ ဟု အဓိပ္ပာယ်ရပြီး ဝေဒကျမ်းများ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြားရှိ
မည်ဟု ခန့်မှန်းရသည်။
ဝါစတုပညာခန်းများသည် အထ္ထပ္ပနဗေဒင်၏ အစိတ် အပိုင်းတစ်ရပ်ဖြစ်သော ဆဌပတ္တယဝေဒမှ ဆင်းသက်လာပြီး ဗိသုကာပညာရပ်များနှင့် စပ်လျဉ်းသော ဝေဒပညာဖြစ်သည်။
သက္ကတဘာသာအရ ဝေဒဟူသည်မှာ အသိပညာ၊ ဗဟုသုတ ဟု အဓိပ္ပာယ်ရသည်။
ဝါစတုသျှတ္တရ ပညာရပ်သည် နေအိမ်တို့တွင် ရှိ အပ်သည့် ဗိသုကာဒီဇိုင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ အကျယ် အ၀န်း၊ နေရာချထားပုံ၊ အတိုင်းအတာများကို လမ်းညွှန်သည့်
ပညာရပ် ဖြစ်သည်။
အိနိ္ဒယရှေးခေတ်သူတော်စင်တို့၏ အယူအရ စကြာဝဠာကြီးတစ်ခုလုံးရှိ သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ပန်ကာ တက်ဘာ (သစ္စာတရား ၅ ပါး) ဟု ခေါ်ကြသော ဓာတ် ၅ ပါး
ဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။
အဆိုပါဓာတ် ၅ ပါးမှာ အကက်ရှ် (အာကာသ)၊ ၀ါယု (လေ)၊ ဂျလာ (ရေ)၊ အဂ္ဂနိ (မီး)နှင့် ပရစ်ဝီ (မြေ) တို့ ဖြစ်ကြသည်။ ၀ါစတု၏ အခြားသော ဖြစ်တန်ရာသည့် အသံထွက်
မှာ Vastu ၀တ္ထုလည်း ဖြစ်တန်ရာသည်။
အဘိဓာနပ္ပဒီပိကာ (ပါဠိအဘိဓာန်) တွင် ““၀တ္ထု””၏ အနက်၌ ဒြဗ်ရှိပစ္စည်းအရာဝတ္ထုအပြင် အိမ်ခြံမြေကွက်ကိုလည်း အနက်ရကြောင်း ဖော်ပြထားသည်။
(ယခုလဆောင်းပါးမှစတင်ပြီး ၀တ္ထုသျှတ္တရ ဟုသာ သုံးနှုန်းသွားပါမည်)
တရုတ်ရိုးရာ ဖုန်းရွှေစနစ်သည် ချီ ၏ စီးဆင်းမှုအပေါ် အခြေခံသည့်ပညာဖြစ်ပြီး ၀တ္ထုသျှတ္တရ (သို့မဟုတ်) ၀ါစတုသျှတ္ထရ မှာ ပရာနဟုခေါ်သော အသက်ရှူမှု စီးဆင်းပုံတွင်
အခြေခံ သည်။
အဆိုပါ ပညာခန်းနှစ်ခုလုံးမှာ နေအိမ်များ၊ ရုံးခန်းများ အပါအ၀င် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် စွမ်းအင်တို့၏စီးဆင်းမှုကို အခြေခံလေ့လာသည့် ပညာခန်းများ ဖြစ်ကြသည်။
တောင်အာဖရိကနိုင်ငံ၊ ကွာဇူးလူးနာတယ်လ်ပြည်နယ်တွင် နေထိုင်သော နက္ခတ္တပညာရှင် မာဟက်ရှ်ဘန်း၏ ပြောကြားချက် အရ ကျွန်ုပ်တို့၏ စွမ်းအင် အင်အားများအပေါ်
ရတက် မအေးဖြစ်ရခြင်းများ၏ ရင်းမြစ်မှာ စိတ်ဖိစီးမှုများ၊ ခေတ်သစ် လူနေမှု၏ အပြစ်အနာအဆာများမှ ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း ပြောကြားဖူးသည်။
“ကျွန်တော်တို့တွေဟာ ဓနကိုရှာနေပေမယ့် အသိပညာ ကင်းမဲ့နေကြတာ ကိုယ့်ကိုယ်ကို တွေ့ကြရပါတယ်။ စိတ်ဖိစီးမှု ဟာ ကျန်းမာရေး ချွတ်ယွင်းရခြင်းရဲ့
အဓိကအကြောင်းရင်းပါ။ လူတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေ ပြည့်စုံနေကြပေမယ့် ဘ၀ကို မပျော်ရွှင်ကြတာတွေ တွေ့ရပါတယ်။”
“ဒီအခါမှာ လူတွေဟာအဖြေရှာလာကြတယ်။ ဒီလိုအဖြေ ကို ရှာလာတဲ့အခါမှာ ရှေးခေတ်ယဉ်ကျေးမှုတွေဟာ စွမ်းအင်တွေကို အကောင်းဆုံး မောင်းနှင်ပေးနိုင်တယ်ဆိုတာ
သိမြင် လာကြတယ်။ ဒါကတော့ ၀တ္ထုသျှတ္တရကို လူတွေ စိတ်ဝင်စား လာကြရတဲ့ အကြောင်းရင်းတစ်ခုပါ။”
ဝတ္ထုသျှတ္တရ သည် အိနိ္ဒယရှေးဟောင်းဗိသုကာသိပ်္ပံ၊ အဆောက်အအုံ ဒဿနိကဗေဒဖြစ်ပြီး စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ လမ်းညွှန်ချက်များစွာတို့ ပါဝင်နေသည့်
ပညာ ခန်းကြီးဖြစ်သည်။
ဝတ္ထုသျှတ္တရပညာအရ အဆောက်အအုံတစ်ခုကို စကြာဝဠာကြီး ၏ စွမ်းအင်အခင်းအကျင်းများနှင့် သဟဇာတ ဖြစ်အောင် ဒီဇိုင်းရေးဆွဲပေးနိုင်သည်ဟု ဆိုသည်။
သင်၏ နေအိမ်သည် စကြာဝဠာကြီး၏ စွမ်းအင်ဖွဲ့စည်း ပုံနှင့် သဟဇာတဖြစ်မည်ဆိုပါက ကျန်းမာ၊ ချမ်းသာခြင်း စိတ် ချမ်းမြေ့ခြင်းများရရှိမှု မြင့်တက်လာစေသည်ဟု ဆိုသည်။
“လူအများစုဟာ မွမ်ဘိုင်းကို ဘာလို့ အညှို့ခံထားရ သလို သွားနေကြလဲဆိုတော့ စွမ်းအင်ကောင်းစေမယ့် ရေအများ အပြားရှိတဲ့အပြင် ၀တ္ထုသျှတ္တရရဲ့ အခြေခံစည်းမျဉ်းတွေနဲ့
ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပေါများနေတာကြောင့် ဖြစ် ပါတယ်။ ဂျပန်နဲ့ လန်ဒန်ဆိုရင်လည်း နယ်မြေဧရိယအကျယ်အ၀န်းအရဆို
သေးငယ်ကျဉ်းမြောင်းတဲ့နေရာတွေပါ။ ဒါပေမဲ့ စွမ်းအား ပါဝါသိပ်ပြင်းပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဒီမြို့ကြီးတွေဟာ ရှေးဟောင်းဗိသုကာပညာစည်းမျဉ်းတွေနဲ့ အညီ
ဆောက်လုပ်ထားကြတာကြောင့် ဖြစ်ပါတယ်။”
“စကြာဝဠာမှာ ဓာတ်ကြီး ၅ ပါးရှိပြီး လူသားတွေမှာ လည်း ဒီဓာတ်ကြီး ၅ မျိုးနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။”
“ရေ၊ မီး၊ လေ၊ ကောင်းကင်နဲ့ မြေကြီးဆိုပြီး ရှိပါတယ်။ ဒီ ဓာတ်ကြီးတွေကနေ အကျိုးကျေးဇူးအများဆုံးရရှိစေဖို့ ၀တ္ထုသျှတ္တရ က ကျွန်တော်တို့ကို အကူအညီပေးပါတယ်။
ဝတ္ထုသျှတ္တရ ပညာခန်းတွေကို အသုံးချခြင်းအားဖြင့် ကျွန်တော်တို့ဟာ ပျော်ရွှင်၊ ကျန်းမာပြီး သာယာဝပြောတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။”
“မြေဆွဲအား၊ လေစွမ်းအင်၊ သံလိုက်စက်ကွင်း၊ လ စွမ်းအင်၊ နေစွမ်းအင် အစရှိတဲ့အရာတွေကို နည်းလမ်းမှန်မှန် အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။”
“ဒါကြောင့် ၀တ္ထုသျှတ္တရ နည်းလမ်းတွေကို နေအိမ် တွေ၊ ရုံးခန်းတွေ ဆောက်လုပ်ရာမှာ လိုက်နာဖို့ဟာ သိပ်ကိုအရေးကြီးပါတယ်။”
ဝတ္ထုသျှတ္တရ ပညာရှင် မာဟက်ရှ်ဘန်း၏ လမ်းညွှန်ချက်များ
တောင်အရပ်ကို ဦးခေါင်းထား၍သာ အမြဲအိပ်စက်ပါ (သင်၏ခြေထောက်သည် မြောက်အရပ်သို့ ဦးတည်ထား သည့် အနေအထားရှိမည် ဖြစ်သည်)
သံလိုက်စက်ကွင်းနိယာမအရ စွမ်းအင်သည် မြောက် ၀င်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ ဦးတည်သွားရောက်သည် ဟူခြင်းကို ကျွန်ုပ်တို့ သိရှိထားကြသည်။
အလားတူစွာပင် ကျွန်ုပ်တို့လူသားများတွင်လည်း သံလိုက်စက်ကွင်းများ ရှိနေကြသည်။
မိမိကိုယ်ကို ဓာတ်ခဲတစ်လုံးဖြစ်သည်ဟု သဘောထားကာ အပေါင်းမှအနှုတ်ဓာတ်အားအရပ်မျက်နှာသို့ ဦးတည် လဲလျောင်းကြည့်ပါ။
ထိုအခါ နှစ်ခြိုက်စွာအိပ်မောကျသည်ကို တွေ့ရမည် ဖြစ်ပြီး နောက်နေ့နံနက်တွင် ပိုမို၍ခွန်အားများ ပြည့်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။
ဒုတိယ အကောင်းဆုံးအနေအထားမှာ ဦးခေါင်းကို အရှေ့အရပ်သို့ မျက်နှာမူကာ အိပ်စက်ပါ။
အိမ်သုံးဆေးဝါးများကို မီးဖိုဆောင်တွင် ထားရှိခြင်းမပြုပါနှင့်။ မီးဖိုဆောင်ရှိ မီးစွမ်းအင်သည် ဆေးဝါးသောက်သုံး စေမှုကို မြှင့်တင်ပေးသည့် တန်ခိုးအာနိသင်ရှိ၏။
ထို့အပြင် ဆေးဝါးများကို အိပ်ခန်းအတွင်းတွင်လည်း ထားရှိခြင်း မပြုရပါ။
အိပ်ခန်းသည် သက်တောင့်သက်သာဖြစ်စေသည့် နေရာဖြစ်သည်ဟု ကောက်ယူရမည်ဖြစ်ရာ သင့်ဘ၀တွင် သက်တောင့်သက်သာ ဖြစ်စေရန်အတွက် ဆေးဝါးများကို
အမြဲလိုအပ် နေရလိမ့်မည် ဖြစ်သည်။
အိမ်သုံးဆေးဝါးများကို သိမ်းဆည်းရန် အကောင်း ဆုံးနေရာမှာ နေအိမ်၏ အနောက်မြောက်အရပ်တွင်ဖြစ်ပြီး ထိုအရပ် တွင်ထားရှိပါက သင်၏ ဝေဒနာများ ကောင်းစွာကုသနိုင်
မည့်အပြင် နာမကျန်းဖြစ်နေသူများအဖို့ လျင်မြန်စွာ နာလံထူလာနိုင်မည်လည်း ဖြစ်သည်။
အနောက်မြောက်အရပ်သည် ခေတ္တခဏသာ တည်ရှိ၊ အသုံးပြုမည့်အရာများ ထားရှိရမည့်အရပ်ဟုလည်း ဆိုနိုင်သည်။
ထို့ကြောင့်ပင် အိနိ္ဒယနိုင်ငံတွင် နေအိမ်၏ အနောက် မြောက်ထောင့် ၌ ဧည့်သည်တည်းခိုမည့်အခန်းကို ထားရှိလေ့ ရှိကြခြင်း ဖြစ်သည်။
ဝတ်ပြုရာ ဘုရားခန်းထားရှိရမည့် အကောင်းဆုံးနေရာမှာ နေအိမ်၏ အရှေ့မြောက်အရပ်ဖြစ်သည်။
အရှေ့မြောက်ထောင့်တွင် ၀တ်ပြုခန်းကိုထားရှိပြီး ၀တ်ပြုမည့်သူမှာ အရှေ့အရပ်သို့ မျက်နှာမူနေမည့် အနေအထားမျိုး အခန်းကိုထားသိုဖွဲ့စည်းရမည် ဖြစ်သည်။
ဘုရားခန်းကို သပ်ရပ်၊ သန့်ရှင်းအောင်ထားရှိရပါမည်။ အချို့သောနေအိမ်များတွင်မူ နေရာကျဉ်းမြောင်းသောကြောင့် နံရံကပ်ဘုရားစင်ငယ်များကို အိပ်ခန်း၊ ဧည့်ခန်းများ
တွင် ထားရှိကြသည်။
ယင်းသို့သော အခြေအနေများ၌ ဘုရားဝတ်မပြုချိန်များတွင် လိုက်ကာငယ်ဖြင့် ကာရံထားသင့်၏။
အခြားတစ်ချက်မှာ ဘုရားစင်နှင့် အိမ်သာကြားတွင် နံရံတစ်ခုသာခြားထားသည့် အနေအထားမျိုး မထားရှိအပ်ချေ။
ပင်မတံခါးပေါက်သည် အခြားတံခါးပေါက်များထက် ပိုမို ကြီးမားသင့်သည်။ နံနက်မိုးလင်းသည်နှင့် နေအိမ်ရှိ ပြတင်းပေါက်အားလုံးကို ဖွင့်လှစ်ထားအပ်သည်။
သို့မှသာ လေနှင့် အလင်းတို့ ကောင်းစွာဝင်ရောက်ပြီး ကောင်းသောစွမ်းအင်များ ပြည့်ဝစေမည် ဖြစ်သည်။
အလုပ်မလုပ်တော့သည့် နာရီများ၊ နှိုးစက်များသည် လူတို့၏ တိုးတက်မှုကို နှောင့်နှေးဟန့်တားစေသည့်အတွက် လွှင့်ပစ်သင့်သည်။
မလိုအပ်တော့သည့်အရာများ နေအိမ်တွင် ထားရှိရန် နေရာ ရှာဖွေခြင်းမျိုးမပြုလုပ်ပါနှင့်။ သာဓကအားဖြင့် မ၀တ်တော့သည့် အ၀တ်အစားများ၊ ပုလင်းများ၊ ရေကရားများ
အစရှိသည်တို့ ဖြစ်သည်။ ၎င်းတို့ကို သိမ်းဆည်းထားပါက မလိုအပ်သည့် စွမ်းအင်များ သိုလှောင်ထားသကဲ့သို့ ဖြစ်စေသည်။
မိန်းကလေးကိုင်၊ ယောက်ျားလေးကိုင် ပိုက်ဆံအိတ် များ၊ (သို့မဟုတ်) ပိုက်ဆံထည့်သွင်းသိမ်းဆည်းထားသည့် အရာတစ်ခုခုကို ညဘက်တွင်ဖွင့်လှစ်ကာ မထားရှိအပ်။
အကောင်းဆုံးထားရှိရမည့်နေရာမှာ နံရံကပ်ဗီရို (သို့ မဟုတ်) အံဆွဲတစ်ခုခုအတွင်း ထားရှိပါ။
အိပ်ခန်းများကို သန့်ရှင်းအောင်ထားပါ။ ရှုပ်ပွမနေပါစေနှင့်။
အိပ်ခန်းထဲတွင် မှန်များထားရှိခြင်း မပြုအပ်။ မှန်တို့သည် အရာရာကို နှစ်ဆဖြစ်စေသည့် အာနိသင်ရှိသောကြောင့် အိပ်ခန်းတွင်း နေထိုင်သူများ တိုးပွားလာစေသည့်
သဘောဖြစ် ၏။ မှန်များထားရှိရမည့် အကောင်းဆုံးနေရာမှာ ညစာစားခန်း ဖြစ်၏။ အစားအသောက်များ နှစ်ဆပေါများစေမည့် နိမိတ်လည်း ဖြစ်စေသည်။
သေခြင်းတရား၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ အကြမ်းဖက်ခြင်း (သို့မဟုတ်) အခြား အနိဋ္ဌာရုံကို ထင်ဟပ်စေသည့် မည်သည့် ပန်းချီကားကိုမဆို မချိတ်ဆွဲအပ်။
အိပ်ခန်းကို အမြဲသန့်ရှင်းလှပစေရန် ကြိုးပမ်းသင့်သည်။ ငှက်မောင်နှံအသွင်များ၊ ဒေါင်းပုံများကို ချိတ်ဆွဲအလှဆင် ခြင်းမျိုး ပြုလုပ်အပ်သည်။
ဝေဒသုတေသီ ဆရာသြ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com