2849 ကြိမ် ကြည့်ရှု့ ပြီး

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

ဖုန်းရွှေသဘောမှာ သင့်ဝန်းကျင်ရပ်ဝန်းနဲ့ အဲဒီဧရိယာမှာရှိတဲ့ အရာဝတ္ထုပစ္စည်း တွေက သင်ထားတာထက် တစ်စုံတစ်ရာပိုပြီးတော့ကို သက်ရောက်မှုလေးနက်ပါတယ်။ သင့်ရဲ့ ဆံသားကျန်းမာရေး ထိန်းသိမ်းတဲ့ ပစ္စည်းတွေ၊ ဆံပင်ပုံသွင်းတဲ့ ကိရိယာတွေ၊ မိတ်ကပ် ပစ္စည်းတွေနဲ့ အခြားတစ်ကိုယ်ရေသန့်စင်မှုပစ်္စည်းတွေ အလျှံအပယ်သိမ်းဆည်းထားရှိရာ အလှပြင်ပစ္စည်းဗီရို၊ အံဆွဲ၊ စားပွဲ၊ တင်စင်အကြောင်း စဉ်းစားကြည့်လိုက်ပါ။

တကယ်တော့ သင်ဟာ ရွှေတွင်းကို ဖင်ခုထိုင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာလာကကြီးဆီ သင့်ရဲ့ ထွန်းလင်းတောက်ပမှုတွေ ပြသရာမှာ သင့်ကိုကူညီမယ့် သော့ချက်အချို့ ကို ကိုင်ထားတဲ့ နေရာတစ်နေရာကို သင့်အနေနဲ့ ဖန်တီးထားပြီးဖြစ်နေလို့ပါပဲ။ အဲဒီသော့ချက်တွေရဲ့ စွမ်းပကားကို သင့်အနေနဲ့ အမိအရဖမ်းဆုပ်တတ်ဖို့ပဲ လိုတော့တာပါ။

သင့်ရဲ့ အလှပြင်ပစ္စည်းထည့်တဲ့ ဗီရိုထဲမှာ နောက် ဆုံးပေါ် ထုတ်ကုန်တွေနဲ့ ပြည့်နှက်နေတာဖြစ်ဖြစ် ဒါမှမဟုတ် သင်နေ့စဉ်အသုံးပြုရုံ အလှကုန်ပစ္စည်း ကျိုးတိုးကျဲတဲရှိတာ ပဲဖြစ်ဖြစ် အောက်မှာ ဖော်ပြမှာကတော့ သင်နဲ့ သင့်ရဲ့ အလှ ကုန်ဗီရိုတို့ကို ထွန်းလင်းတောက်ပတဲ့ စွမ်းအင်အချို့ပေးမယ့်အချက်သုံးချက်ပဲ ဖြစ်ပါတယ်။

၁။ သက်တမ်းလွန်နေသည့် ပစ္စည်းများကို လွှင့်ပစ်ပါ။

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

ပြောစရာမလိုဘူးလို့တော့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ အမှုမဲ့အမှတ်မဲ့ မေ့လျော့နေလို့ပဲဖြစ်ဖြစ် မပစ်ရက်ဖြစ်နေ လို့ပဲဖြစ်ဖြစ်ရက်လွန်နေတာတွေကို ဆက်ထားရှိနေမိရင် ဆိုး ကျိုးတွေ ရှိတာမို့ မပြောမဖြစ် အချက်တစ်ချက်အဖြစ် သတိ ပေးရတာပါ။ ဘယ်လိုရက်စွဲသက်တမ်းလွန်နေတဲ့ အလှကုန် ကိုမဆို လွှင့်ပစ်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ၊ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ တန်ဖိုးကြီးပစ္စည်းတွေဆို လွှင့်ပစ်ဖို့ရာ ခဲယဉ်းမှာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီအရာတွေကို သက်တမ်းလွန် တဲ့အထိ ဆက်သုံးနေမယ်ဆိုရင် သူတို့ရဲ့ အကျိုးအာနိသင်ဟာ လုံးဝအချည်းအနှီးဖြစ်နေပြီဆိုတာကို သိရှိနားလည်သဘော ပေါက် ဖို့ရာ အရေးကြီးလှပါတယ်။ အဲဒီမှာမှ အသားအရေ ထိန်းသိမ်း တဲ့ ပစ္စည်းတွေဆို ကိုယ့်မျက်နှာနဲ့ခန္ဓာကိုယ်အသား အရေမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားစေပြီး ယားယံ လာစေတာ၊ အဖုအပိမ့်အနီကွက်တွေ ဖြစ်လာစေတာ၊ ယောင် ရမ်းလာစေတာတွေပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

ဖုန်းရွှေသဘောအရဆိုလည်း အဲဒီသက်တမ်းလွန် ပစ္စည်းတွေကို သင့်ဝန်းကျင်မှာ ထားရှိတာဟာ ကောင်းမွန်တဲ့ ဖုန်းရွှေလည်း မဟုတ်ပါဘူး။

ရက်လွန်ပစ္စည်းတွေရှိနေတဲ့ အလှကုန်ဗီရိုတစ်ခုက ဘယ်လိုမျိုးအဓိပ္ပာယ်လဲဆိုတော့ သင့်ခန်္ဓာကိုယ်ဟာလည်း အဲဒီလို တောက်ပမှုမရှိတော့တဲ့ သက်တမ်းလွန် စွမ်းအင်တွေ နဲ့ ပြည့်နေတယ်ဆိုတဲ့သဘောပါပဲ။ ကျွန်မတို့က သက်တမ်း လွန်သွားတဲ့၊ ပုပ်သိုးသွားတဲ့ ချီစွမ်းအင်တွေအစား လတ်ဆတ် သစ်လွင်မှုကို ဆောင်ကြဉ်းချင်ကြတာပါ။

၂။ သင့်အလှကုန်ဗီရို၏ အလယ်ဗဟိုနေရာတွင် စီထရင်း ထားရှိပါ။

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

တောက်ပမှုနဲ့ပတ်သက်ပြီး စဉ်းစားလိုက်တဲ့အခါ ချက်ချင်းစဉ်းစားမိတာကတော့ လိမ္မော်ရောင်အရောင်အသွေး ရှိ သလင်းကျောက်မျက်ရတနာတစ်မျိုးဖြစ်တဲ့ စီထရင်းပဲ ဖြစ်ပါတယ်။ စီထရင်းက သူ့ကျောက်သားအတွင်းကနေကိုပဲတောက်ပမှုကို အားပေးပြီး ပျော်ရွှင်တဲ့ စိတ်အနေအထားကို ရောက်ရှိစေပါတယ်။

လူတစ်ယောက်ရဲ့မြင်ကွင်း အမှောင်ကျနေရင်တောင် သူက လင်းလက်စေပြီး ရယ်သွမ်းသွေးစေနိုင်တယ်လို့ကို ဆိုကြတာပါ။ ကျွန်မတို့တွေအတွက် လိုအပ်နေတာကလည်း ဒီလိုအရာမျိုးပဲ မဟုတ်လားရှင်။

အလယ်ဗဟိုမှာ ထားခိုင်းတာကတော့ အလယ်ဗဟိုဆိုတာ သင့်ဘ၀ရဲ့ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင် စတဲ့ ကဏ္ဍအားလုံးကို တို့ထိနေပါတယ်။ သူကိုယ်တိုင်အတွက်သာမက မကောင်းတဲ့ စွမ်းအင်အညံ့ဓာတ် တွေကို ရှင်းလင်းသုတ်သင်နိုင်စွမ်းဆိုတာကတော့ ဒီကျောက် မျက်ရတနာရဲ့ ကောင်းကျိုးများစွာအနက် တစ်ခုပဲဖြစ်ပါတယ်။ သူက သင့်ရဲ့အလှကုန်ဗီရိုကို ထွန်းလင်းတောက်ပမှုတွေ၊ အကောင်းဓာတ်ချီစွမ်းအင်တွေနဲ့ ပြည့်နှက်နေစေမှာပဲ ဖြစ်ပါ တယ်။

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

၃။ အလှကုန်ဗီရိုတစ်ဝိုက် လင်းလင်းထင်းထင်းဝင့်ဝါနေပါစေ။

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

သင့်အလှကုန်ဗီရိုဝန်းကျင်ရဲ့ အလင်းရောင်ဟာမိတ်ကပ်လိမ်းတာ၊ မျက်နှာသန့်စင်တာ၊ ခေါင်းဖြီးတာ စသဖြင့် သင်ပြုမူတာမှန်သမျှအတွက် ရှင်းလင်းပြတ်သားစေမှုနဲ့ အလင်း ရောင်ကို ကူညီထောက်မပေးပါတယ်။

အလင်းဆိုတာ ဖုန်းရွှေမှာ နေမွန်းတည့်ချိန် နေမင်း ရဲ့ ထွန်းလင်းတောက်ပမှုနဲ့တူတဲ့ မီးဓာတ်ကိုလည်း ကိုယ်စား ပြုပါတယ်။ အလှကုန်ဗီရိုတစ်ဝိုက်က မီးလုံး၊ မီးချောင်းစတဲ့ အလင်းပေးပစ်္စည်းတွေကို အခါအားလျော်စွာ ဖုန်သုတ်ပေး၊သန့်ရှင်းရေးလုပ်ပေးတာက သင့်လျော်ကောင်းမွန်တဲ့ အကြံ ပဲဖြစ်ပါတယ်။

သင့်အလှကုန်ဗီရို (သို့) အံဆွဲ (သို့) စားပွဲအား ဖုန်းရွှေနည်းကျစီရင်ပုံ

အေးမြတဲ့ရာသီမှာ အနွေးဓာတ်ဘက်ကို သန်းတဲ့ မီးအလင်းရောင်ကို ထွန်းပေးပြီး ပူနွေးတဲ့ရာသီမှာ အအေးဘက်သန်းတဲ့ မီးအလင်းရောင်ကို ထွန်းပေးမယ်ဆိုရင် ချီစွမ်းအင် ပမာဏကို သဟဇာတဖြစ်စေမှာပဲ ဖြစ်ပါတယ်။

ဖုန်းရွှေချစ်သူအားလုံး မိမိတို့ရဲ့ အလှကုန်ဗီရိုကို ဖုန်းရွှေနည်းကျစီရင်ပြီး ထွန်းတောက်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်...။


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)