3885 ကြိမ် ကြည့်ရှု့ ပြီး

ဝယ်ယူ (သို့) ငှားရမ်း၍ နေထိုင်ရန် အိမ်ရှာဖွေရာ၌ သတိပြုရန် ဖုန်းရွှေအချက် (၁၀) ချက်

သင့်အနေနဲ့ ဝယ်ယူ သို့မဟုတ် ငှားရမ်းပြီး နေထိုင်ဖို့ အိမ်တစ်လုံး ရှာဖွေတော့မယ်ဆိုပါက အိမ်ရဲ့ ဖုန်းရွှေကို ကြည့်ရှုဖို့ သင့်အတွက် အလွန် အရေးကြီးပါတယ်။ အိမ်တစ်အိမ်ရဲ့ တည်နေရာ၊ ဒီဇိုင်းနဲ့ အဆင်အပြင်တွေဟာ အဲ့ဒီအိမ်မှာ နေထိုင်သူတွေရဲ့ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ ကံကောင်းခြင်းနဲ့ အလုံးစုံသော ကောင်းကျိုးချမ်းသာတွေအပေါ် သိသိသာသာ သက်ရောက်နိုင်ပါတယ်။ နေထိုင်ဖို့ အိမ်တစ်လုံး ရှာဖွေသူတိုင်းအတွက် ဖုန်းရွှေအချက် (၁၀) ချက်ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။


၁။ အိမ်၏ ပတ်ဝန်းကျင်ကို သတိပြုပါ။

- ကျွန်မတို့တွေဟာ ကျွန်မတို့ပတ်ဝန်းကျင်ရဲ့ အားလုံးသော ထုတ်ကုန်တွေပါပဲ။ အိမ်ရှိရာ ဝန်းကျင်ကို သေချာကြည့်ရှုပါ။ သပ်ရပ်စနစ်ကျနေပါသလား။ ဒါမှမဟုတ် အဲ့ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်လို့ နေပါသလား။ မသပ်မရပ်ဖြစ်နေတယ်ဆိုရင်တော့ အဲ့ဒီအိမ်မှာ နေထိုင်ခြင်းကြောင် သင့်မှာ စိတ်မသတီမှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရုံတင်မကဘဲ ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်တဲ့ မကောင်းတဲ့ချီစွမ်းအင်ဓာတ်တွေကပါ သင့်ကံကြမ္မာအပေါ် သက်ရောက်မှု ရှိမှာပဲ ဖြစ်ပါတယ်။

၂။ ရာဇဝင်ကို အသစ်ထပ်မဖြစ်ပါစေနှင့်။

- ဖြစ်နိုင်လျှင် သင်နေဖို့ စိတ်ဝင်စားတဲ့အိမ်ရဲ့ နောက်ခံသမိုင်းရာဇဝင်ကို ရှာဖွေပါ။ အဲ့ဒီအိမ်ကို တည်ဆောက်ထားတဲ့ မြေနေရာဟာ အရင်က သင်္ချိုင်းတစ်ခု ဒါမှမဟုတ် ဆေးရုံတစ်ခုလား။ တကယ်လို့ အဲ့ဒီလိုသာဆိုရင်တော့ အဲ့ဒီအိမ်ကို ရှောင်ရှားဖြစ်အောင် ရှောင်ရှားပါ။
ယခင်နေထိုင်ခဲ့သူတွေမှာ ဒေဝါလီခံသွားတာတို့၊ ကွာရှင်းတာတို့၊ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာတို့လိုမျိုး မကောင်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့တာမျိုး ရှိတယ်ဆိုရင်လည်း နေထိုင်ဖို့ မရွေးချယ်တာ အကောင်းဆုံးပါပဲ။


အဲ့ဒီလိုဖြစ်ရပ်တွေ သမိုင်းကြောင်းတွေက အဲ့ဒီအိမ်မှာ အညံ့ဓာတ်တွေ ရှိနေတာကို ညွှန်ပြနေပါတယ်။ ဒါကြောင့်မို့လို့ သင်နေမယ်ဆိုလည်း သင်ပါ အလားတူပြဿနာတွေနဲ့ ကြုံဆုံရနိုင်ပါတယ်။ အကောင်းဓာတ်တွေရှိတဲ့၊ ပတ်ဝန်းကျင်ကောင်းရှိတဲ့ နေအိမ်မျိုးက နေထိုင်ဖို့ရာ အကောင်းဆုံးပါပဲ။

၃။ ကံကောင်းစေသော နေရပ်လိပ်စာကို ရှာဖွေပါ။

- ဂဏန်းတွေဟာ ကမ္ဘာတစ်ဝန်း ယဉ်ကျေးမှုအများအပြားမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဂဏန်းတစ်ခုချင်းဆီမှာ သူတို့ရဲ့ သင်္ကေတပုံပန်းသဏ္ဌာန်နဲ့ အသံထွက်တွေကနေ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်း ရှိပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အများစုက နံပါတ် ၆ ဂဏန်းနဲ့ ၈ ဂဏန်းပါတဲ့ အိမ်တွေကို အဝယ်များပါတယ်။ အဲ့ဒီဂဏန်းတွေက ရေရှည်မှာ အိမ်ဈေးကို ကောင်းစေတယ်လို့ အယူရှိကြလို့ပဲ ဖြစ်ပါတယ်။

ဝယ်ယူ (သို့) ငှားရမ်း၍ နေထိုင်ရန် အိမ်ရှာဖွေရာ၌ သတိပြုရန် ဖုန်းရွှေအချက် (၁၀) ချက်

၎။ အိမ်၏ နောက်ခံကို ကြည့်ပါ။

- အနောက်ဘက်မှာ တောင်ကုန်း၊ တောင်တန်းတွေ ရှိတဲ့ အိမ်ဟာ ကျောထောက်နောက်ခံရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ရတာမို့ အဲ့ဒီလိုအိမ်မျိုးဟာ အကောင်းဆုံးပါပဲ။ တောင်တွေက အိမ်နဲ့ အရမ်းကပ်မနေဖို့တော့ လိုတာပေါ့။ ဒါမှသာလျှင် အန္တရာယ်လည်း ကင်းသလို အာရုံခံစားမှုပိုင်းဆိုင်ရာမှာလည်း မပိတ်ဆို့ဘဲလွတ်လွတ်လပ်လပ်ရှိစေပါတယ်။ အရှေ့ဘက်မှာ တောင်ကုန်း၊ တောင်တန်းတွေ ရှိတယ်ဆိုလည်း အဆင်ပြေပါတယ်။ တောင်က အရမ်းထီးထီးမားမားဖြစ်နေတယ်ဆိုရင် တောင်ထိပ်နဲ့ တောင်ခြေမှာ အိမ်တည်ရှိတာမျိုးက သိပ်မကောင်းပါဘူး။

၅။ စတုဂံ သို့ ထောင့်မှန်စတုဂံပုံရှိ မြေကွက် ဖြစ်ပါစေ။

- ပုံမှန်မဟုတ်ဘဲ ထူးဆန်းတဲ့ပုံသဏ္ဌာန် (ဥပမာ တြိဂံပုံ) မြေကွက်ပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကို မရွေးချယ်မိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ မြေကြီးရဲ့ ဟန်ချက်မညီမှုက သင့်ကံကြမ္မာကိုပါ အဆိုးဘက် သက်ရောက်စေနိုင်လို့ပဲဖြစ်ပါတယ်။ စတုဂံပုံ ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံ မြေကွက်တွေကတော့ အကောင်းဆုံးပါပဲ။ သူတို့က ဟန်ချက်ညီမျှမှုသဘောကို ဆောင်ပါတယ်။ ဒါ့အပြင် အိမ်က မြေကွက်ရဲ့ အလယ်မှာ တည်ဆောက်ထားတာဆိုရင်တော့ ပိုပြီးတော့ ဟန်ချက်ညီစေတာမို့ အကောင်းတကာ့အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၆။ သင့်အား ကံကောင်းစေသော အရပ်မျက်နှာများကို အမှတ်ရပါ။

- အိမ်ရဲ့ ပင်မအိမ်ရှေ့တံခါးက သင့်ကို ကံကောင်းစေတဲ့ အရပ်မျက်နှာကို မျက်နှာမူထားတဲ့အိမ်ကို ရွေးချယ်ရမှာပါ။ အိမ်မှာ နေထိုင်မယ့်သူများတယ်ဆိုရင် အိမ်ထောင်ဦးစီးကို ကံကောင်းစေတဲ့ အရပ်မျက်နှာကို ရွေးချယ်ရမှာပါ။

၇။ တည်နေရာ။

- လမ်းဦးတိုက်အိမ်၊ လမ်းအကွေ့အချိုးမှာ တည်ရှိတဲ့အိမ်၊ သူများအိမ်နောက်ဖေး
ကို မျက်နှာမူတည်ဆောက်ထားတဲ့အိမ်၊ လမ်းမြေမျက်နှာပြင်အောက် နိမ့်ဆင်း
နေတဲ့ မြေမှာ တည်ဆောက်ထားတဲ့အိမ်တွေကို ရှောင်ကြဉ်ပါ။ ဥပမာ- လမ်းဦးတိုက်အိမ်ဆိုရင် မော်တော်ယာဉ်တွေ လမ်းပေါ် ဖြတ်သွားတဲ့အခါ မော်တော်ယာဉ်ရှေ့မီးတွေက ကိုယ့်အိမ်ထဲ ဝင်ရောက်မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီမီးတွေက မကောင်းတဲ့ချီစွမ်းအင်တွေကို အိမ်ထဲ လျင်မြန်စွာ ဖိတ်ခေါ်မှာမို့လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာ ချောင်းတက်၊ ချောင်းစွယ်ရှိတဲ့ အိမ်မျိုးကိုလည်း ရှောင်ကြဉ်ပါ။ အဲ့ဒီလိုအိမ်မျိုးကလည်း နေထိုင်သူတွေကို နောက်ကျောမလုံစေသလို ခံစားရစေနိုင်ပါတယ်။

ဝယ်ယူ (သို့) ငှားရမ်း၍ နေထိုင်ရန် အိမ်ရှာဖွေရာ၌ သတိပြုရန် ဖုန်းရွှေအချက် (၁၀) ချက်

၈။ မီးဖိုချောင်တည်နေရာကို သတိပြုပါ။

- ဥစ္စာဖြိုစားဖိုကဆိုတဲ့ စကားအတိုင်း မီးဖိုချောင်ဟာ အိမ်တစ်အိမ်၊ မိသားစုတစ်ခုအတွက် အလွန်အရေးကြီးပါတယ်။ မီးဖိုချောင်က အိမ်ရဲ့ အနောက်မြောက်ဘက်အရပ်မှာ မတည်ရှိတဲ့ အိမ်မျိုးကို ရွေးချယ်ပါ။ အနောက်မြောက်အရပ်ဟာ နတ်ပြည်ဝင်ပေါက်နဲ့ အဲ့ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးပုဂ္ဂိုလ်ကို ကိုယ်စားပြုပါတယ်။ အဲ့ဒီလိုအရပ်မှာ မီးဖိုချောင် ရှိနေတာဟာ အိမ်ထောင်ဦးစီးကို မကောင်းတဲ့ဘက်က သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ (ဥပမာ - အလုပ်ပြုတ်ခြင်း၊ ကျန်းမာရေးအညံ့ရှိခြင်း၊ ငွေကြေးဆုံးရှုံးခြင်း စသဖြင့်)

၉။ သင့်ခြေလှမ်းများအား စောင့်ကြည့်ပါ။

- လှေကားထစ်တွေက ပင်မတံခါးကို တိုက်ရိုက်မျက်နှာမူထားတဲ့ အိမ်မျိုးကို ရှောင်ရှားပါ။

၁၀။ သန့်စင်ခန်းတည်နေရာကို သတိပြုပါ။

- သန့်စင်ခန်းက အိမ်ရှေ့မှာ၊ ဝင်ပေါက်တံခါးနားမှာ ရှိနေတဲ့ အိမ်မျိုးကို ရှောင်ကြဉ်ပါ။

ပျော်ရွှင်စရာ နေချင့်စဖွယ် အိမ်ဂေဟာလေးတစ်လုံးကို ရှာဖွေရာမှာ အထက်ပါအချက်တွေက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်လျက်။


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)