4579 ကြိမ် ကြည့်ရှု့ ပြီး

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

အတာသင်္ကြန်ပွဲဆင်နွှဲပြီးလို့ မြန်မာတို့ရဲ့ နှစ်သစ်မှာ သင့်အိမ်ကို လန်းဆန်းသစ် လွင် စေချင်နေပါသလား။ အပြုသဘောဆောင်တဲ့စွမ်းအင် တွေကို သင့်အိမ်ဂေဟာဆီ ဖိတ်ခေါ် ဆောင်ကြဉ်းချင်ပါသလား။ ဖုန်းရွှေရှိပါတယ်။ မပူပါနဲ့။ ဖုန်းရွှေချစ်သူတွေ သိပြီးသားဖြစ် တဲ့အတိုင်း ဖုန်းရွှေက နေရာတစ်ခုအတွင်း စွမ်းအင်စီးဆင်း လှုပ်ရှား မှုကို လေ့လာပြီး ၎င်းင်းနေရာမှာနေထိုင်တဲ့ သူတွေဆီ အကောင်းဆုံး အကျိုးကျေးဇူးပေးနိုင်ဖို့ အဲဒီစွမ်းအင်ကို ရည်ရွယ် ချက်ရှိရှိ ထိန်းကျောင်း တည့်မတ်ပေးပါတယ်။

ကျွန်မတို့တွေ ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတ ကျကျနေနိုင်အောင်၊ နေအိမ်နဲ့ လုပ်ငန်းခွင်မှာ ဟန်ချက်ညီမှုရရှိ အောင် နဲ့ ဘ၀ရဲ့ကဏ္ဍတိုင်းမှာ အောင်မြင်မှုအလားအလာ တွေ များသထက်များအောင် သူ့ရဲ့နိယာမတွေက ထိန်းသိမ်းပေး ပါတယ်။

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

အိမ်ဆိုတာဟာ နေထိုင်သူတွေရဲ့ ရောင်ပြန်တစ်ခု ပါပဲ။ အိမ်ရဲ့ တစ်နေရာရာမှာ မကောင်းတဲ့ စွမ်းအင်ရှိနေ တယ်ဆိုရင် ဒါဟာ အဲဒီအိမ်မှာ နေထိုင်သူရဲ့ ဘ၀ကို ရောင်ပြန် ဟပ်စေမှာဖြစ်ပါတယ်။

ထိပ်တန်းဖုန်းရွှေအချက် (၁၀) ချက်

၁။ အိမ်ရှေ့ဝင်ပေါက်တံခါးမကြီးက အပြစ်အနာအဆာ မရှိဘဲ အခြေအနေကောင်းမွန်စွာ ရှိသင့်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူက စည်းစိမ်ဥစ်္စာတွေကို ကိုယ်စားပြုလို့
ပါ။ သင့်အိမ်ရှေ့တံခါးဆီ စွမ်းအင်ကို ဖိတ်ခေါ်ဖို့အတွက် တော့ တံခါး ရဲ့ဘေးတစ်ဖက်စီမှာ လှပတဲ့အပင်နဲ့ မီးအလင်း တစ်ခုကို ထားရှိပါ။

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

၂။ ၀င်ပေါက်လမ်းတစ်လျှောက်ဆိုတာက အခွင့်အလမ်း တွေကို ကိုယ်စားပြုပါတယ်။ ဒါကြောင့်မို့လို့ ၀င်ပေါက်လမ်း တစ်လျှောက်မှာ အမှိုက်သရိုက်တွေ ကင်းရှင်းစေပြီး စွမ်းအင် တွေ လှည့်ပတ်နိုင်ပါစေ။ စွမ်းအင်တွေကို မတန့်စေနိုင်အောင် လို့ အပွင့်ဗီရိုမဟုတ်ဘဲ တံခါးပါတဲ့ ဗီရိုထဲမှာ ဖိနပ်တွေကို ထားရှိပါ။ သက်စောင့်ဓာတ်ဖြစ်တဲ့ ချီစွမ်းအင်ကို လှုံ့ဆော်ဖို့ ၀င်ပေါက်လမ်းမှာ လှပတဲ့မှန် တစ်ချပ်နဲ့ လတ်ဆတ်တဲ့ပန်း တွေ ထားရှိပါ။ လတ်ဆတ်တဲ့ ပန်းတွေက သူတို့ရှိရာ နေရာရဲ့ စွမ်းအင်ကို တိုးမြှင့်ပေးပါတယ်။

၃။ မီးဖိုချောင်ရဲ့ စွမ်းအင်ဟာ အဲဒီအိမ်မှာ နေထိုင်သူတွေ အတွက် အာဟာရဖြစ်မှုနဲ့ ဆက်ဆံရေး စည်းချက်ညီမှုတို့ကို ကိုယ်စားပြုတာကြောင့် မီးဖိုချောင်ဟာ အသက်ရှင်မှုအတွက် အချက်အချာ ဖြစ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပန်းကန် ဆေးကန်နဲ့ မီးဖိုကို တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်အနေအထား မဖြစ်စေဖို့ အထူးသတိထားပါ။ ဆန့်ကျင်ဘက်ထားမိမယ် ဆိုရင် ရေဓာတ်နဲ့ မီးဓာတ် တိုက်အောင်လုပ်သလိုဖြစ်တာ ကြောင့် ဇနီးမောင်နှံစုံတွဲတွေအကြား အချင်းများနိုင်ပါတယ်။ မီးဖိုချောင်ထဲက အရောင်တွေကလည်း အရေးတစ်ယူထည့် သွင်းစဉ်းစားရမယ့်အရာတွေပါပဲ။ အရမ်းမည်းနက်တာမျိုးနဲ့ အရမ်းနီရဲတာမျိုးကို ရှောင်ကြဉ်ပါ။ အဲဒီအရောင်တွေကလည်း မီးဓာတ်နဲ့ ရေဓာတ်တွေကို တိုက်မိစေနိုင်ပါတယ်။

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

၎။ မီးဖိုရဲ့ တည်နေရာကလည်း အဲဒီအိမ်မှာ နေထိုင် သူတွေရဲ့ အာဟာရဖြစ်မှုအတွက် အရေးကြီးပါတယ်။ မီးဖို ကို ပြတင်းပေါက်တစ်ခုရဲ့အောက်မှာ ထားရှိတာမျိုး မဖြစ်ပါ စေနဲ့ ဒါမှမဟုတ် မီးဖိုချောင် သို့မဟုတ် အိမ်ရှေ့တံခါးမနဲ့ တိုက်ရိုက် ဆန့်ကျင်ဘက်ထားတာမျိုး မဖြစ်ပါစေနဲ့။

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

၅။ ဧည့်ခန်းအတွက် ပရိဘောဂကို အခန်းအကျယ် အ၀န်းနေရာနဲ့ အချိုးကျပါစေ။ ဘယ်တံခါးကိုမှ ပရိဘောဂနဲ့ ပိတ်ဆို့မထားပါနဲ့။ အဓိကထိုင်ခုံကို နံရံကို မှီထားပြီး အိမ်မှာ နေထိုင် သူတွေအတွက် အထောက်အပံ့ကောင်းဖြစ်ပါစေ။ စည်းစိမ်ဥစ်္စာ စွမ်းအင်ကို လှုံ့ဆော်ဖို့အတွက် ဧည့်ခန်းရဲ့ထောင့် တစ်ခုမှာ မီးအိမ်တစ်ခုကို ထားရှိပါ။

၆။ စားသောက်ခန်း သို့မဟုတ် ထမင်းစားပွဲဟာ ဖုန်းရွှေ မှာ အရေးတယူစဉ်းစားရမယ့်အရာတစ်ခုပါ။ ဖုန်းရွှေမှာ စားသောက်ခန်းကို မြေကြီးဓာတ်နဲ့ ဆက်စပ်တဲ့ တဖန် တရုတ် တိုင်းရင်းဆေးပညာအားဖြင့် အစာချေမှုနဲ့ ဆက်စပ်တဲ့ သရက် ရွက်နဲ့ သက်ဆိုင်တယ်လို့ ယူဆပါတယ်။ စားသောက်ခန်းမှာ စွမ်းအင်ကောင်းတွေ တိုးပွားဖို့အတွက် နံရံပေါ်မှာ မှန်တစ်ချပ် ထားရှိပြီး ထမင်းစားပွဲကို အလင်းပြန်ပါစေ။ ပြီးတော့ ထမင်း စားပွဲပေါ်မှာ လတ်ဆတ်တဲ့ ပန်းတွေလည်း ထားရှိပါ။

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

၇။ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ပြည့်ဝ စေမယ့် အိပ်ရေးဖြစ်ဖို့အတွက် အိပ်ခန်းတွေက အရောင်နုနု ဖျော့ဖျော့လေးတွေ ဖြစ်စေဖို့ လိုအပ်ပါတယ်။ ကုတင်ခေါင်းရင်း မှာ ခေါင်းမှီပြားတဲ့ ကုတင်ဖြစ်ရမှာဖြစ်သလို အဲဒီခေါင်းမှီပြား ဟာ တောင့်တင်းတဲ့နံရံကို ကန်မှီထားတဲ့ အနေအထားနဲ့ ကုတင်ကို ထားရှိရမှာ ဖြစ်ပါတယ်။ ကုတင်က အိပ်ခန်းတံခါးနဲ့ တပြေးညီရှိရပါမယ်။ အထောက်အပံ့ကောင်းရဖို့အတွက် ကုတင်ဘေး တစ်ဖက်တစ်ချက်စီမှာ စားပွဲပုလေးတွေ ထားရှိပါ။ အဲဒီ စားပွဲပုတွေပေါ်မှာ အမွှေးနံ့သာနည်းနည်းပါတဲ့ ဖယောင်း တိုင်တွေနဲ့ မီးအိမ်တွေ ထားရှိပေးပြီး စွတ်ပျံ့ကြည်နူးဖွယ် စွမ်းအင်တွေကို အခန်းတွင်း စီးမျောနေပါစေ။

 ၈။ ရေချိုးခန်းက အမြဲတမ်းသန့်ရှင်းနေရမှာဖြစ်ပြီး တံခါး ကို နေ့ဘက်မှာဖွင့်ထားကာ ညဘက်မှာ ပိတ်ထားရပါမယ်။ အိမ်သာကို အသုံးမပြုချိန်မှာ ထိုင်ခုံအဖုံးကို အုပ်ထားပါ။

၉။ အိမ်ရှေ့ဥယျာဉ်က သင့်ရဲ့ အနာဂတ်ကို ကိုယ်စားပြု ပါတယ်။ ဒါကြောင့်မို့လို့ သင့်ရဲ့ သစ်ပင်ပန်းမန်လေးတွေကို အမြဲသပ်သပ်ရပ်ရပ်နဲ့ ရှင်သန်အောင် ပျိုးထောင်ပါ။

 

နှစ်သစ်တွင် စွမ်းအင်ကောင်းများကိုသင့်အိမ်ဂေဟာဆီ ဖိတ်ခေါ်ရန် ဖုန်းရွှေ (၁၀) ချက်

၁၀။ အိမ်နောက်ဖေးဥယျာဉ်ကတော့ အိမ်အတွင်း နေထိုင် သူတွေအတွက် ကျန်းမာရေးနဲ့ ချမ်းသာရေးနှစ်ခုစလုံးကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် သူ့ကို သန့်ရှင်းသန်စွမ်းတဲ့ ဥယျာဉ်ဖြစ်အောင် အမြဲထိန်းသိမ်းပါ။ အိမ်ခြံစည်းရိုးတံတိုင်း တွေ ကလည်း နေထိုင်သူတွေကို ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေး တာမို့ သူတို့ကိုလည်း ကောင်းကောင်းထိန်းသိမ်းဖို့ လိုပါတယ်။

အထက်ဖော်ပြပါ ထိပ်တန်းအချက်တွေကို လိုက်နာပြီး ဖုန်းရွှေရဲ့အစွမ်းနဲ့ နှစ်သစ်မှာ မိမိတို့ရဲ့ အိမ်ဂေဟာဆီ ကောင်း ခြင်းမင်္ဂလာတွေကို ခေါ်ဆောင်လိုက်ကြရအောင်လားရှင်။


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)