3773 ကြိမ် ကြည့်ရှု့ ပြီး

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

 

ဖုန်းရွှေဆိုတာ အကောင်းဓာတ်စွမ်းအင်တွေ စီး ဆင်းစေဖို့ ဟန်ချက်ညီစေဖို့နဲ့ ပိတ်ဆို့မှုအတား အဆီးတွေကို ရှင်းလင်းစေဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့တစ် ကိုယ်ရည်အခန်းထဲ၊ သင့်နေအိမ်နဲ့ ရုံးခန်းတို့သာမကဘဲ သင် ကိုယ်တိုင်အတွက်ဆိုရင်လည်း မမှားပါဘူး။

လူတိုင်းမှာ စွမ်းအင်တွေ ရှိပါတယ်။ နည်းတာ၊ များ တာပဲ ကွာခြားကြတာပါ။ များအောင်ဖန်တီးနိုင်စွမ်းကလည်း မိမိတို့လက်ထဲမှာပဲ ရှိပါတယ်။

လောကကြီးက သင့်ကိုအလုပ်အကိုင်၊ ကြွယ်ဝ ချမ်းသာမှု၊ ကျန်းမာရေး၊ ဉဏ်ပညာ၊ ချစ်မေတ္တာနဲ့ ပျော်ရွှင် မှုတို့နဲ့ပတ်သက်လို့ တုံ့ ပြန်ပုံအပေါ် အဲဒီစွမ်းအင်က အကျိုး သက်ရောက်ပါတယ်။

သင့်ဘ၀သမုဒ္ဒရာမှာ သင်ကိုယ်တိုင်က ရေယာဉ်ဖြစ် တာကြောင့် သင့်ကိုယ်သင် ဖုန်းရွှေနည်းကျ စီမံခန့်ခွဲတာဟာ သင့်အိမ်၊ ရုံးခန်းတို့ကို ဖုန်းရွှေနည်းကျ စီရင်ထားသိုသလို မျိုးကိုပဲ အရေးပါလှပါတယ်။ သင့်ကိုယ်သင် ဖုန်းရွှေနည်းကျ စီမံခန့်ခွဲနိုင်စေဖို့ ကူညီပေးမယ့် စိတ်ကူးအကြံအစည်လေး တွေအကြောင်း ဆွေးနွေးလိုက်ကြရအောင်လားရှင်။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

သိမ်မွေ့ပြီး ပါးနပ်မှုရှိသော အပြောင်းအလဲက စွမ်းအားရှိသော အပြောင်းအလဲဖြစ်သည်။ 

 ပေါင် ၅၀ ကျသွားတာလိုမျိုး ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲမှုမျိုးထက် ဥပမာ ဆိုဒါတွေ၊ ဖျော်ရည်တွေကို နေ့တိုင်း မသောက်တော့တာလိုမျိုး သိမ်မွေ့ပြီး ပါးနပ်မှုရှိတဲ့ အပြောင်းအလဲမျိုးကို ဆိုလိုတာပါ။

ကျွန်မဆို စာရေးချိန်မှာ အားဖြည့်အချိုရည်တွေ သောက်တတ်တဲ့ အကျင့်ဆိုးရှိခဲ့လို့ ကိုယ်အလေးချိန် လွန်ခဲ့ ဖူးတယ်။ အဲဒီအကျင့်ဆိုးကို ရပ်တန့်ပစ်လိုက်တော့ တခြား ဘာမှမရှောင်ရ မကြိုးစားရဘဲနဲ့ မြန်မြန်ဆန်ဆန်ကိုပဲ ပေါင်ချိန် တွေကျသွားခဲ့တယ်။ အသေးအဖွဲလေးတွေဆိုပြီး လျစ်လျူမရှု ထားပါနဲ့။ တစိုက်မတ်မတ်လုပ်ဆောင်ပါ။ အထွေအထူး အား မစိုက်ထုတ်ရပေမယ့် ရလာတဲ့ရလာဒ်ကတော့ အလွန်တရာမှ စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

ပန်းတိုင်ပေါ် အာရုံမစိုက်ဘဲ လုပ်ဆောင်ချက်ပေါ်မှာ အဓိက ထားပါ။

ဥပမာ သင့်ရဲ့ပန်းတိုင်က ပေါင် ၅၀ ကျဖို့ ဒါမှမဟုတ် မာရသွန်ပြေးဖို့လို့ ဆိုကြပါစို့။ အဲဒီလို ပန်းတိုင်ကို သတ်မှတ် ထားရှိလိုက်ရုံနဲ့ဆို သင်ကအဆုံးသတ်ရလဒ်အပေါ်ကိုပဲ အာရုံ စိုက်ပြီး ရလဒ်ဆီရောက်ဖို့ လုပ်ဆောင်ချက်ကို အဓိကထား တော့မှာ မဟုတ်ပါဘူး။ ဒါက သင် သတိထားရမယ့်အချက်ပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မနမူနာထားရတဲ့ လူငယ် အမျိုးသမီးတစ်ယောက် ရှိပါ တယ်။ သူကတော့ ပေါင် ၁၀၀ ကျဖို့ ပန်းတိုင်ထားခဲ့ပြီး အဲဒီလို ကျအောင် စက္ကန့် ၃၀ ပြေးခြင်း နဲ့ လုပ်ဆောင်ခဲ့တဲ့သူပဲ ဖြစ်ပါ တယ်။ စတင်တဲ့ရက်မှာ စက္ကန့် ၃၀ ပြေးခဲ့ပြီး နေ့စဉ် သူက စက္ကန့် ၃၀ တိုးပြေးခဲ့ပါတယ်။ နှစ်ကုန် ချိန်မှာတော့ သူဆက်တိုက်ပြေး နိုင်တဲ့အချိန်ဟာ သုံးနာရီခန့် ဖြစ်လာခဲ့ပါတယ်။ မာရသွန်ပြေး ဖို့ လုံလောက်တဲ့စံချိန်ပဲ မဟုတ် ပါလားရှင်။ အံ့ချီးဖွယ် မကောင်း ပေဘူးလားရှင်။

သူမဟာ သူမ ကျချင်တဲ့ ပေါင် ၁၀၀ ကို တစ်နှစ် အတွင်းကျခဲ့ပြီး မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းလည်း ခံခဲ့ရပါ တယ်။ လုပ်ဆောင်ချက်တစ်ခုဟာ သေးငယ်ပေမဲ့လည်း သင့် ကို သင် သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီ နေ့စဉ် ခေါ်ဆောင်သွား နေတာပဲ မဟုတ်ပါလားရှင်။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

 နာမည်ဆိုးတွေကို ဖယ်ရှားပါ  

ကျွန်မတို့ကို နာမည်ဆိုးဆိုပြီး တမင်တကာ ပေးထား သည်ဖြစ်စေ မပေးထားသည်ဖြစ်စေ ကျွန်မတို့အားလုံးမှာ အမည်ပြောင်တွေ၊ နာမည်ဆိုးတွေ ရှိကြပါတယ်။ ဆရာ ဆရာမ တွေက ပေးထားကြတာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက ပေးထား ကြတာ ဒါမှမဟုတ် မောင်နှမတွေ ဒါမှမဟုတ် ကျွန်မတို့ကိုယ်တိုင် ပေး ထားကြတာတွေ ရှိတတ်ကြပါတယ်။ အဲဒီလို ကိုယ့်ကို နာမည်ဆိုးတွေ အမည်ပြောင်တွေ အခေါ်ခံတာဟာ ကိုယ့်ကိုယ်ကိုယ် အောက်ကိုဆွဲချ လိုက်သလိုပါပဲ။ အဲဒီအပြုသဘော မဆောင်တဲ့ အမည်နာမတွေက သင့် စိတ်ကို ညစ်နွမ်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နာမည်ဆိုးတွေအားလုံးကို ဖယ်ရှားပစ်ပါ။ အခေါ် မခံပါနဲ့တော့။ ကိုယ့်ကို အခေါ်မခံသလိုပဲ သူများတွေကို လည်း မခေါ်ပါနဲ့တော့။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

အကောင်းဓာတ်ကို လှုပ်နှိုးခေါ်ဆောင်လိုက်ပြီး လမ်းလျှောက်ပါ 

သင့်ကိုယ်သင် စိန်ခေါ်ဖို့ လိုပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်အခန်းပရိဘောဂနဲ့ အခင်းအကျင်းတွေကို ပြန်လည်နေရာချထားလိုက်တာပါပဲ။ ထိုင်ခုံတွေကို မျက်နှာမူရာအရပ်မျက်နှာပြောင်းထားပါ။ ကုတင် ကို အခြားနံရံကို မျက်နှာမူစေလိုက်ပါ။ ဒါမှမဟုတ် အိမ် အလှဆင်ပစ်္စည်းတွေကို ရိုးရိုးရှင်းရှင်းထားပါ။ ဓာတ်ပုံတွေနဲ့
တခြားအလှဆင်ပစ်္စည်းတွေကို လဲလှယ်ပါ။ ဒီနည်းအားဖြင့် သင့်ကို ပုံစံသစ်မှာ ရောက်ရှိကျင်လည်စေပြီး အပြောင်းအလဲ တွေကို သင်သတိပြုမိကာ သင့်အပေါ်အပြောင်းအလဲကောင်း တွေ သက်ရောက်လာစေမှာပါ။ သင်က သူတို့ကို ပြောင်းလဲ လိုက်တာကြောင့် သူတို့ကလည်း သင့်ကို ပြောင်းလဲစေမှာပဲဖြစ်ပါတယ်။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

ဦးတည်ချက်သစ်နဲ့ သင် ဘ၀စတင်ဖို့အတွက် နေ့စဉ် ပုံမှန်လည်း လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ရင်း လောကကြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကြည့်ပါ။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

တစ်စုံတစ်ရာကို လေ့လာသင်ယူပါ 

သင်ဘာကို လေ့လာချင်ပါသလဲ။ ဆော့ဖ်ဝဲပရိုဂရမ် သစ်လား၊ ဘာသာစကားတစ်ခုလား၊ ၀ါသနာသစ်လား။ လေ့လာ သင်ယူခြင်းဟာ သင့်ရဲ့စိတ်ခွန်အားကို တိုးတက်စေတဲ့ နည်း လမ်းကောင်းပါပဲ။ ဘာလေ့လာသင်ယူရမလဲ မတွေးတတ်ဖြစ် နေလား။ သင့်ကွန်ပျူတာကီးဘုတ်ကို ပုံစံသစ်နဲ့ ပြောင်းလဲသုံး စွဲကြည့်မလား။ ကီးဘုတ်ရှော့ကပ်သစ်တွေကို အင်တာနက်မှာ
လေ့လာပေါ့။ ဒါမှမဟုတ် သင့်ကားစတီရီယိုထဲမှာ စီဒီတစ်ချပ် ထည့်ပြီး ဘာသာစကားသစ်ကို လေ့လာပါ။ ကိုယ် သင်ယူလေ့လာ ရတာတွေအပေါ်အခြေခံပြီး ကိုယ့်ဘ၀အတွက် စိတ်ဓာတ်မြှင့် တင်မှုတွေ ဖြစ်စေပါတယ်။

 

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

 သင့်စွမ်းအင်ကိုပြောင်းလဲပြီး သင့်ကံကိုပြောင်းလဲပစ်ပါ 

သင့်စွမ်းအင်တွေ ဘယ်တွေ ရောက်နေတယ်ဆိုတာ ကို ဆန်းစစ်ပါ။ သင့်ကိုထောက်ပံ့ကူညီရဲ့လား။ ဆိုလိုတာက ခါ တိုင်းပြုမူလှုပ်ရှားနေကျပုံစံတွေက သင့်အတွက် အထောက် အကူ မဖြစ်ဘူးဆိုရင် ပြောင်းပြန်လုပ်ဆောင်ကြည့်ပါ။
ဥပမာ မနက်ခင်းမှာ သင် အလုပ်သွားဖို့ ပြင်ဆင်ရ တာ ကတိုက်ကရိုက်နဲ့ စိတ်ရှုပ်ရတယ်ဆိုပါစို့။ ဒါဆိုရင် ယခင် အိပ်ရာထနေကျအချိန်ထက် နည်းနည်းစောစောပိုထပြီး အေး အေးသက်သာပဲ ပြင်ဆင်ကြည့်လိုက်ပေါ့။ သင့်ဘ၀မှာ အပြောင်း အလဲကြီး ပြောင်းလဲခံစားရမယ်ဆိုတာ အသေအချာပါပဲ။

 

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်

 စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို သည်းမခံပါနှင့်

သင် သည်းခံနေတဲ့ အရာလေးတွေ ဘယ်လောက်များ များရှိပါလိမ့်။ တစ်နေ့ပြီး တစ်နေ့သာ ကုန်ဆုံးသွားတယ်။ သင့်အာရုံထဲမှာ မခံမချိမခံသာ စွဲကျန်နေတာက ဘာပါလိမ့်။ သင် အဲဒါကို ဘာဖြစ်လို့ မတွန်းလှန်မဖယ်ရှားပစ်ရတာလဲ။

သင့်ဘ၀ကို အကောင်းဘက်သို့ပြောင်းလဲစေမည့် ဖုန်းရွှေနည်းလမ်း (၇)သွယ်


ကဲ...အခုတော့ ပြင်ဆင်ဖယ်ရှားပစ်လိုက်ကြပါစို့။ သည်းခံရုံ
သည်းခံနေတယ်ဆိုရင် အဲဒီအနှောင့်အယှက်လေးတွေက သင့် ဆီမှာ ဖြစ်လာနိုင်တဲ့ ကောင်းတဲ့အရာတွေ၊ အံ့အားသင့်ဖွယ်ရာ တွေကို ပိတ်ပင်တားဆီးနေတာကြောင့်မို့လို့ပဲ ဖြစ်ပါတယ်။

ဖုန်းရွှေချစ်သူအားလုံးပဲ အထက်ဖော်ပြပါ နည်းလမ်း တွေကို အသုံးချခြင်းအားဖြင့် မိမိကိုယ်ကိုယ် ဖုန်းရွှေနည်းကျ စီမံခန့်ခွဲနိုင်ပြီး ကျန်းမာချမ်းသာကာလန်းဖြာကြပါစေလို့ ဆုမွန် ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)