5708 ကြိမ် ကြည့်ရှု့ ပြီး

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

 

ကျွန်မတို့လူသားတွေတိုင်း မှာ ပတ်ဝန်းကျင်ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့်မို့လို့ မိမိအိမ် မှာ ဖုန်းရွှေဓာတ်တွေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ရုံသက်သက်နဲ့ ကိုယ့်အိမ် ဂေဟာမှာ ဖုန်းရွှေမင်္ဂလာပြည့်စုံ မလာနိုင်ပါဘူး။ ပတ်ဝန်းကျင်ဟာလည်း လွန်စွာ မှ အရေးပါလှပါတယ်။

အနီးပတ်ဝန်းကျင်က အိမ်တွေ ဆီကနေ ဖုန်းရွှေဓာတ်ဆိုးတွေ စွမ်းအင် ဆိုးတွေနဲ့ရင်ဆိုင်နေရမယ်၊ သူတို့အိမ် တွေက ဖုန်းရွှေနည်းကျမလုံခြုံဘဲ အမင်္ဂလာ ဖြစ်နေမယ်ဆိုရင် သင့်အနေနဲ့ သူတို့နဲ့ ပတ်သက်ရတာဟာ အလွန်ပင်ပန်း ကသိကအောက်နိုင်မှာပါ။

 

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

ဒီတော့ သူတို့အိမ်တွေရဲ့မကောင်း တဲ့ရန်ကနေ မိမိအိမ်ကို ကာကွယ်စောင့် ရှောက်ပေးနိုင်ဖို့ ဖုန်းရွှေနည်းလမ်းကောင်းလေးများ မရှိဘူးလား၊ အိမ်နီးချင်းအိမ်တွေ ရဲ့ ဖုန်းရွှေက အရမ်းကိုအခြေအနေဆိုးလည်းပဲ မိမိရဲ့နေအိမ်ကို ဖုန်းရွှေကောင်းမွန်နေ နိုင်အောင် ဖန်တီးလို့ မရနိုင်ဘူးလားလို့မေးစရာရှိပါတယ်။ အဲဒီအတွက် အဖြေ ကတော့ရှင်းပါတယ်။ ဖန်တီးလို့ ရနိုင်ပါ တယ်။

ဒါကြောင့် သင်က သင့်အိမ်ကို တကယ်ချစ်တယ်၊ အိမ်သစ်ကိုလည်း မပြောင်းချင်ဘူး၊ ပတ်ဝန်းကျင်ရဲ့ စွမ်းအင် ဆိုးတွေကိုလည်း သည်းမခံနိုင်တာကြောင့် သင့်အိမ်ကို ကောင်းမွန်တဲ့ဖုန်းရွှေ အ၀န်း အ၀ိုင်းထဲ မှာလည်းပဲ ရှိနေစေချင်တယ် ဆိုရင်တော့ စဉ်းစားလုပ်ဆောင်နိုင်တာ တွေရှိပါတယ်။

ဖုန်းရွှေဟာ ဘ၀မှာ အရာရာတိုင်းအတွက် မျက်လှည့်ဆန်တဲ့ နည်း လမ်း တစ်ခုမဟုတ်ပေမယ့် အကောင်းဆုံး ဖုန်းရွှေကုထုံးနည်းလမ်းတွေဆိုတာ သိပ် ကို စွမ်းအားပြင်းပါတယ်။

ဒါကြောင့်မို့လို့ အနီးပတ်ဝန်း ကျင်အိမ်တွေက စွမ်းအင်ဆိုးတွေကို တိုက်ထုတ်ဖို့ ဖယ်ရှားရှင်းလင်းနိုင်ဖို့ အခု ဖော်ပြလိုက်တဲ့ ဖုန်းရွှေနည်းလမ်းလေး တွေနဲ့ အသုံးချကြည့်လိုက်ကြရအောင် လားရှင်။

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

၁။ သင့်အိမ်ပတ်ပတ်လည်တွင် အားကောင်းပြီး အကာအကွယ်ဖြစ်သော စွမ်းအင်ကောင်းများအား ဖန်တီးပါ။

သင့်အိမ်နဲ့ ကပ်လျက်အိမ်က ဖုန်းရွှေစွမ်းအင်ဆိုးနဲ့ သင်ကြုံတွေ့နေရ တယ်ဆိုရင် သင့်အနေနဲ့ သင့်အိမ်ပတ် ပတ်လည်မှာ အလွန်အမင်းအားကောင်းပြီး အကာအကွယ်ဖြစ်တဲ့ စွမ်းအင်ကောင်းတွေဖန်တီးဖို့အတွက် အာရုံစိုက်ပါ။

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

သင့်အိမ်မှာ ခြံစည်းရိုး ခိုင်ခံ့သပ်ရပ်လှပအောင်ဆောင်ရွက်ခြင်း၊ ခြံထဲက မြက်ခင်းပြင်ကို စိမ်းစိုလှပသန့်ရှင်းအောင်ဆောင်ရွက်ခြင်း၊ စွမ်းအင်ဆိုးတွေ အလာဆုံးလို့ ယူဆခံစား ရတဲ့နေရာမှာ ဖုန်းရွှေကျောက်တုံးဥယျာဉ် တစ်ခုကို ဖော်ဆောင်ခြင်းတို့ဖြင့် သင့်အနေ နဲ့ သင့်အိမ်ပတ်ပတ်လည်မှာ အလွန်အမင်း အားကောင်းပြီး အကာအကွယ်ဖြစ်တဲ့ စွမ်းအင်ကောင်းတွေကို ဖန်တီးလိုက်ပါ။

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

၂။ စွမ်းအင်ဆိုးများ လာရာအရပ်သို့ ပြန်ကန်ထွက်စေရန် ရောင်ပြန်ပစ္စည်းများ၏
အစွမ်းကို အသုံးပြုပါ။

သမားရိုးကျဖုန်းရွှေမှာတော့ စွမ်းအင်ဆိုးတွေ တန်ပြန်တိုက်ထုတ်ပြီး နေအိမ်ကို ပြင်ပရန်စွယ်မကောင်းတဲ့ ဖုန်းရွှေဓာတ်တွေကနေ ကာကွယ်ဖို့အတွက်
ပါကွာမှန်ကို လက်နက်တစ်ခုအနေနဲ့ သုံးပါတယ်။ သင်က ပါကွာမှန်ကို လုံးဝကို
မကြိုက်ဘူးဆိုရင်တော့ ပါကွာမှန်ကို မသုံးပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြဒါးလုံး၊
ဂျင်နဲ့ ပြဒါးသံရုပ်တုတွေလိုမျိုး ရောင်ပြန် ဓာတ်ရှိတဲ့ ဥယျာဉ်အလှဆင်ပစ္စည်း အတော်များများကလည်း အလားတူ အစွမ်းတွေရှိပါတယ်။

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

၃။ သင့်အိမ်၏အတွင်းသို့ ဓာတ်ဆိုးဝင် ရောက်မည့်နေရာများအား ခိုင်ခံ့အောင်
ပြုလုပ်ပါ။

ဆိုလိုသည်မှာ အိမ်နီးချင်းအိမ် များထံမှ ဖုန်းရွှေဓာတ်ဆိုးဝင်နိုင်သော နေရာမှန်သမျှအား ပြတင်းတံခါးမှန်သမျှအား အရောင်နဲ့ ဒီဇိုင်းကအစ ခိုင်ခံ့တောင်း တင်းမှုရှိပါစေ။

 

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

၎။ ပင်လယ်ဆားကို တံခါးဝမှာ ထားရှိပါ။

ပင်လယ်ဆားဆိုတာ စွမ်းအား ပြင်းတဲ့သန့်စင်ပစ္စည်းပါ။ ပင်လယ်ဆား တွေ ထည့်ထားတဲ့ခွက်တွေကို တံခါးဝ တွေမှာ ထားရှိမယ်ဆိုရင် သူက အိမ်ထဲ ၀င်လာတဲ့ စွမ်းအင်တွေမှာ စွမ်းအင်ဆိုး တွေကို ဆန်ကာနဲ့ စစ်ထုတ်ပေးသလိုမျိုး စစ်ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။

 

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

၅။ အဖြူရောင်သလင်းကျောက်များဖြင့် သင့်အိမ်ကို စည်းချပါ။

အခန်းထောင့်တိုင်းမှာ အဖြူ ရောင်သလင်းကျောက်တွေကိုထားရှိပြီး မိမိအိမ်ကို စွမ်းအင်စည်းဝိုင်းဖြစ်အောင် စီမံပါ။ မကောင်းတဲ့ဓာတ်ဆိုးတွေရဲ့ ရန်ကနေ စည်းတားထားပြီးဖြစ်သလို စွမ်းအင် ကောင်းဓာတ်ကောင်းတွေကို အားသစ်လောင်းရာလည်း ရောက်ပါတယ်။

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

၆။ အပျက်သဘောဆောင်သော စကားများအား ရှောင်ရှားပါ။

သင့်အိမ်အတွင်းကို အပျက် သဘောဆောင်တဲ့ မကောင်းတဲ့ အတွေး တွေ စကားတွေ လုပ်ရပ်တွေ ယူဆောင် လုပ်ဆောင်တာ နည်းလေလေ သင့်အိမ် ကို မကောင်းတဲ့ ဓာတ်တွေ စွမ်းအင်တွေ ရောက်ရှိလာတာ နည်းလေလေပဲ ဖြစ်ပါ တယ်။

မိမိနေအိမ်အား အိမ်နီးချင်းဆိုးများ၏ရန်မှ ဖုန်းရွှေနည်းဖြင့် ကာကွယ်ခြင်း

ဒါကတော့ အရမ်းကို အခြေခံ ကျ ရိုးရှင်းတဲ့အချက်ဖြစ်ပေမယ့်လည်း လက်တွေ့လိုက်နာရာမှာ အတော့်ကိုထိန်း သိမ်း လုပ်ဆောင်ရတဲ့အချက်ဖြစ်ပါတယ်။ သင့်အိမ်မှာ သင်ကိုယ်တိုင်က အပြုသဘော ဆောင်တဲ့ ကောင်းတဲ့အရာတွေကို ဖန်တီး လေလေ အကောင်းဓာတ်တွေ စွမ်းအင် ကောင်းတွေက ပိုမိုစုဝေးဖြစ်တည်လေ ပဲပေါ့ရှင်။

ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ အကြံညဏ် (၆) ခုစလုံးဟာ ကျွန်မ တို့ဝန်းကျင်က စွမ်းအင်တွေအတွက် ကျွန်မတို့မှာ လုပ်ဆောင်ဖို့တာဝန်ရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

သင့်အတွက် သင်ချစ်တဲ့မိသားစု အတွက် သင်ချစ်တဲ့သူတွေအတွက် သင့် ဘ၀နဲ့ သင့်ပတ်ဝန်းကျင်ကို သင်ကိုယ် တိုင်အပြုသဘောဆောင် ဖန်တီးစီမံနိုင် လာတာကို ပိုပြီးတွေ့လာရခြင်းအားဖြင့် ပျော်ရွှင်ချမ်းမြေ့ငြိမ်းချမ်းမှုတွေကို သင် ပိုမိုရရှိစံစားနိုင်လာပါစေလို့ ဒီဆောင်းပါး ကနေတစ်ဆင့် ဆုတောင်း မေတ္တာပို့သ လိုက်ရပါတယ်ရှင်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)