အခုချိန်ဟာ ဝါလ ကင်းလွတ်ပြီဖြစ် တဲ့ တန်ဆောင်တိုင်အခါသမယမို့ သင့် ဥယျာဉ်လေးကို ဖုန်းရွှေနည်းနဲ့ ကောင်းခြင်း မင်္ဂလာ ကျက်သရေဓာတ်တွေ ဖြည့်တင်းဖို့ရာ စတင်လိုက်ဖို့ လန်းဆန်းသစ်လွင်တဲ့ အချိန်အခါ လမြတ်လေးပါပဲ။ ဒါအပြင် ၉ ဂဏန်းဟာ ဖုန်းရွှေမှာအပေါင်းလက်္ခဏာ ဆောင်ပြီး အောင်မြင်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်စွမ်းဆုံး ဂဏန်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြ ပါ “ချစ်စရာဖုန်းရွှေဥယျာဉ်အတွက် ထိပ် တန်း အလှဆင်ပစ္စည်း ၉ မျိုး” ကို သင် ဖြည့်ဆည်း စီမံနိုင်မယ်ဆိုရင် သင့်အိမ် ဂေဟာနဲ့ဥယျာဉ်ဆီ ကောင်းမွန်တဲ့ စွမ်း အင်ဓာတ်တွေ ပိုမိုရောက်ရှိကိန်းအောင်း လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ ပဲ။
၁။ အလင်းပေးပစ္စည်း
အလင်းရောင်ကောင်းကောင်း ဆိုတာဟာ နေရာတိုင်းမှာ ကောင်းမွန် တဲ့ ဖုန်းရွှေအတွက် မရှိမဖြစ်ရှိရမယ့် အရာပါ။ လှပတဲ့အလင်းရောင်ဟာ နေရဲ့ စွမ်းအားနဲ့ သက်စောင့်ဓာတ်တွေကို ပုံ တူကူးတာကြောင့် ကျွန်မတို့အားလုံး လှပတဲ့ အလင်းရောင်တွေကို ကြိုက်နှစ် သက်ကြပါတယ်။ အလင်းရောင်ကောင်းကောင်း ရတယ်ဆိုတာဟာ ပျော်ရွှင်ခြင်းကို ဆောင် ကြဉ်းလာပြီး သင့်ဥယျာဉ်ကို သက်ဝင် မြူးထူးစေဖို့ အကောင်းဆုံး နည်းလမ်း တွေထဲက တစ်နည်းလည်းဖြစ်ပါတယ်။
၂။ ရေတံခွန်
ရေတံခွန်ဟာ ဘယ်လိုဥယျာဉ် တွေမှာမဆို အထူးကောင်းမွန်တဲ့ စွမ်းအင် တွေကို ဖန်တီးနိုင်ပါတယ်။
ဆောင်းပါးတွင် ဖော်ပြပါ ဖုန်းရွှေ စွမ်းအင်မြေပုံကို အသုံးပြုပြီး သင့်ဥယျာဉ် ကို အရပ်ရှစ်မျက်နှာပိုင်းပါ။ ဘယ်အရပ် ဟာ ဘယ်အတွက် အထူးပြုတဲ့ စွမ်းအင် ကိန်းအောင်းတယ်ဆိုတာကို သိရှိအောင်လုပ်ကာ စွမ်းအင်တွေကို ချိန်ညှိပါ။ (ဥပမာ - သင့်ဥယျာဉ်ရဲ့ အရှေ့ တောင်ဧရိယာဟာ သင့်ဘ၀မှာ ငွေကြေး စွမ်းအင်နဲ့ ဆက်စပ်ပါတယ်။ ဒါကြောင့် သင်က ငွေကြေးအဓိကကြွယ်ဝချင်တယ် ဆိုရင် အရှေ့တောင်ဧရိယာမှာ ရေတံခွန် ကို ထားရမှာပဲ ဖြစ်ပါတယ်။)
ဖော်ပြခဲ့တဲ့အတိုင်း သင့်ဥယျာဉ် ရဲ့ ဖုန်းရွှေစွမ်းအင်မြေပုံအရ ဥယျာဉ်ရဲ့ ကိုယ်ထားရှိချင်တဲ့ သက်ဆိုင်ရာဧရိယာမှာ ရေတံခွန်ကို နေရာချပြီးပြီဆိုရင်တော့ ရေတံခွန်ဟာ သင့်ဥယျာဉ်နဲ့ အိမ်ဆီ အပြု သဘောဆောင်တဲ့၊ အနာဂတ်အတွက် အောင်မြင်မှုအလားအလာရှိစေတဲ့ စွမ်း အင်တွေကို ဆွဲဆောင်ပါလိမ့်မယ်။
၃။ သာယာသောအသံ မြည်စေသော ပစ္စည်း
အသံစွမ်းအင်ဟာ အားအပြင်း ဆုံးနဲ့ အထိရောက်ဆုံး ပြောင်းလဲမှုအား တွေထဲက တစ်ခုပါ။ အချို့အသံတွေကို ရှေးကာလတွေတုန်းကတည်းက ကုစားမှု နည်းလမ်းများစွာအတွက်နဲ့ ဖုန်းရွှေနဲ့ နေရာရှင်းလင်းရေးတွေအတွက် အသုံးပြုလာခဲ့ကြပါတယ်။ သင့်ရဲ့ဥယျာဉ်ထဲမှာ ချိုမြသာယာတဲ့ အသံလေးတွေ ရှိတာဟာ အပြုသဘောဆောင်တဲ့၊ အနာဂတ်အတွက် အောင်မြင်မှုအလားအလာရှိစေတဲ့ စွမ်းအင် တွေကို ဖန်တီးမှုအတွက် အလွန်ကို အကျိုး ရှိပါတယ်။ သင့်ဥယျာဉ်ဆီ အသံစွမ်းအင်ကို ခေါ်ဆောင်ဖို့ အလွယ်ကူဆုံးနဲ့ ရေပန်း အစားဆုံးနည်းလမ်းတစ်ခုကတော့ လေတိုက်ရင်လှုပ်ရမ်းကာ အသံမြည်တဲ့ အရည် အသွေးမြင့် ဆည်းလည်းလေးတွေကို ထား ရှိခြင်းပါပဲ။
၎။ ရောင်စုံအလှစုံပစ္စည်း
အရောင်မှာ လူ့စွမ်းအင်အတွက် အာဟာရဖြစ်တဲ့ အလင်းဓာတ်ရှိတာ ကြောင့် သူဟာ ဘယ်လိုဥယျာဉ်ဆီကို မဆို ပျော်ရွှင်ကြည်နူးမှုကို ယူဆောင်ပေး ပါတယ်။ တောက်ပစွာ ပွင့်လန်းကြမယ့် ပန်းတွေ သင့်ဥယျာဉ်မှာ မရှိဘူးဆိုလည်း အရောင်စုံလှပတဲ့ အလှဆင်ပစ္စည်းလေး တွေကို သင့်ဥယျာဉ်မှာ ထားရှိလိုက်ပြီး တော့ဥယျာဉ်ရဲ့ ဖုန်းရွှေစွမ်းအင်ကို အား ကောင်းစေလိုက်ပါ။ အထက်ဖော်ပြပါ နံပါတ် ၂ ရေတံခွန်အကြောင်းအရာမှာ ဖော်ပြခဲ့သလိုပဲ ရောင်စုံအလှဆင်ပစ္စည်း တွေကိုလည်း သင့်ဥယျာဉ်ရဲ့ ဖုန်းရွှေစွမ်းအင် မြေပုံနဲ့အညီ ဥယျာဉ်ရဲ့ သက်ဆိုင်ရာဧရိယာ မှာ ထားရှိနိုင်ပါတယ်။
၅။ ပြဒါးလုံး
ဒီပြဒါးလုံးတွေဟာ သင့်ဥယျာဉ် အတွက် အစွမ်းထက်တဲ့ ဖုန်းရွှေကုထုံး တစ်ရပ်အဖြစ် စွမ်းဆောင်ပေးနိုင်ပါတယ်။ မှော်ဓာတ်လုံးလို့လည်းခေါ်ပါတယ်။ သူ တို့က မကောင်းတဲ့ဓာတ်တွေကို လာရာ လမ်းဆီ အလိုက်သင့်လေး တန်ပြန်စေ ပါတယ်။ ဥယျာဉ်ရဲ့ ဘယ်နေရာမှာ ထားရမလဲဆိုတော့ ဓာတ်လုံးရဲ့ အရောင်ပေါ် မူတည်ပါတယ်။
ဥပမာ- ဓာတ်လုံးက အနီရောင် ဆိုရင် အနီရောင်ဆိုတာ မီးဓာတ်ကို ကိုယ်စားပြုတဲ့အတွက် မီးဓာတ်ကြီးစိုး တဲ့ တောင်အရပ်ဧရိယာမှာ ထားရှိပြီး အစိမ်းရောင်ဓာတ်လုံးဆိုရင် အစိမ်းရောင် ဆိုတာ သစ်သားဓာတ်ကိုယ်စားပြုတဲ့ အတွက် အရှေ့အရပ်နဲ့ အရှေ့တောင်အရပ် တွေမှာ ထားရမှာပဲဖြစ်ပါတယ်။ အစိမ်း ရောင်ဆိုရင်တော့ မကောင်းတဲ့ဓာတ်တွေ ကို တန်ပြန်စေတဲ့အပြင် ကောင်းတဲ့ဓာတ် တွေကိုပါ ဖိတ်ခေါ်ပေးပါတယ်။
“သစ်သား၊ မီး၊ မြေကြီး၊ သတ္တု နှင့် ရေ” ဆိုတဲ့ ဖုန်းရွှေအခြေခံရင်းမြစ် ဓာတ် (၅)မျိုးနဲ့ သူတို့ရဲ့ကိုယ်စားပြုအရောင် တွေကို ယခင်လတွေက ထုတ်ဝေခဲ့တဲ့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေမဂ္ဂဇင်း တွေမှာ အကျယ်တ၀င့် ဖော်ပြခဲ့ပြီးသား ဖြစ်တာကြောင့် ဖုန်းရွှေချစ်ပရိသတ်ကြီးက သိပြီးသားဖြစ်မှာပါ။ မသိသေးသူတွေ အတွက်လည်း အကျဉ်းချုပ် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
၁။ သစ်သား - အစိမ်းရောင်နှင့် အညိုရောင်။
၂။ မီး - အနီရောင်၊ အ၀ါ တောက်တောက်အရောင်၊ လိမေ်္မ်ာရောင်၊ မရမ်းရောင်၊ပန်းရောင်။
၃။ မြေကြီး - အ၀ါဖျော့ဖျော့၊ သဲရောင်၊ အညိုနု။
၎။ သတ္တု - အဖြူရောင်နှင့် မီးခိုးရောင်။
၅။ ရေ - အပြာရောင်နှင့် အမည်းရောင်တို့ပဲ ဖြစ်ပါတယ်။
ယခုလို အရောင်နဲ့ ဓာတ်တွေ ကိုတွဲမိပြီဆိုရင်တော့ ဓာတ်နဲ့ သက်ဆိုင် တဲ့အရပ်မှာ ဓာတ်လုံးကိုထားရှိဖို့အတွက် အထက်ဖော်ပြပါ နံပါတ် ၂ ရေတံခွန် အကြောင်းအရာမှာ ရေးသားညွှန်ပြခဲ့တဲ့ အတိုင်း ဖုန်းရွှေစွမ်းအင်မြေပုံနဲ့အညီ ဥယျာဉ်ရဲ့ သက်ဆိုင်ရာဧရိယာမှာ ဓာတ် လုံးကို ထားရှိနိုင်ပါတယ်။
၆။ စဉ်ဆက်မပြတ်စီးဆင်းရွေ့လျားမှု ပြပစ္စည်း
ကောင်းမွန်တဲ့ ဖုန်းရွှေဆိုတာ စွမ်းအင်ကောင်းကောင်းစီးဆင်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။ စွမ်းအင်သေတွေ မဖြစ်ပေါ်စေဖို့ရာ အစဉ်အမြဲရွေ့လျားနေဖို့ လိုပါတယ်။ သင့်ဥယျာဉ်ဆီ အရွေ့စွမ်းအင် ကို ဆောင်ကြဉ်းပါက သင့်ဥယျာဉ်ရဲ့ စွမ်းအင်ကို လန်းဆန်းတက်ကြွခွန်အားပြည့် စေဖို့ အထောက်အကူဖြစ်စေမှာပါ။
၇။ ခြေနင်းကျောက်စရစ်တုံးအကွက်များ
ကျောက်စရစ်တုံးတွေကို ဥယျာဉ်ထဲမှာ ခြေလှမ်းလှမ်းစရာအကွက် လေးတွေအဖြစ် ပုံဖော်ချထားမယ်ဆိုရင် ကောင်းမွန်တဲ့ ဖုန်းရွှေစွမ်းအင်ကို တိုးမြှင့် ပေးရာရောက်တဲ့အပြင် သင့်ခန်္ဓာကိုယ်ကို လည်း လှုပ်ရှားမှုတိုင်းမှာ ဟန်ချက်ညီစေ မှာ အသေအချာပါပဲ။
၈။ ခြံတွင်း ပရိဘောဂ
ဖုန်းရွှေနည်းကျ ဥယျာဉ်အတွက် ခြံတွင်း ပရိဘောဂဆိုရင်လည်း ပစ္စည်းရဲ့ အရောင်နဲ့ထားရှိရမယ့်နေရာကို အထက်ဖော်ပြပါနည်းလမ်းအတိုင်း ချိန်ညှိထား ရှိပါ။
၉။ ဗုဒ္ဓရုပ်ပွားတော်
ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သင့်အိမ်နဲ့ခြံပတ်လည်မှာ မကောင်းတဲ့ဓာတ် နဲ့ ကောင်းတဲ့ဓာတ်တွေ တိတိပပကွဲပြားပြီး ကောင်းတဲ့ဓာတ်တွေ လွှမ်းခြုံစေဖို့ အလွန်ရေ ပန်းစားတဲ့ ဖုန်းရွှေကုထုံးတစ်ရပ်ပဲ ဖြစ်ပါ တယ်။ ကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော်ဆိုရင် ဥယျာဉ်ရဲ့ အရှေ့မြောက်အရပ် ဒါမှမဟုတ် အနောက်မြောက်အရပ်မှာထားရှိတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ပြုံးတော်မူ နေတဲ့ ဗုဒ္ဓရုပ်ပွားတော်ဆိုရင်တော့ အရှေ့ တောင်အရပ်က အကောင်းဆုံးပါပဲ။
ချစ်စရာဖုန်းရွှေဥယျာဉ်အတွက် ထိပ်တန်းအလှဆင်ပစ္စည်း ၉ မျိုးအကြောင်း လေ့လာမိသမျှ ပြန်လည်ဘာသာပြန်မျှဝေ တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖုန်းရွှေ နည်းကျမင်္ဂလာရှိတဲ့ ဥယျာဉ်လေးကို ပိုင် ဆိုင်နိုင်ကြပါစေ။ ။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com