2609 ကြိမ် ကြည့်ရှု့ ပြီး

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

 

တကယ်တော့ ဖုန်းရွှေဆိုတာ လူသားတွေနဲ့ သူတို့ရဲ့ ဘေးပတ်ဝန်းကျင်အကြား ဟန်ချက်ညီအောင် ဖန်တီးပေးတဲ့ ရှေးဟောင်းတရုတ်နည်းနာ နိဿယပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်ခြင်းဖြင့် အလွန်ကောင်းမွန်တဲ့ ဖုန်းရွှေဖြစ်သွားပြီး သင့်ကို စိတ်ငြိမ်းချမ်းမှုနဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်မယ့် တက်ကြွမှုတွေ ရရှိစေမှာပါ။

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ဆီ

သင့်အလုပ်ဌာနေဟာ ရုံးမှာဖြစ်စေ ဒါမှမဟုတ် အိမ်မှာဖြစ်စေ၊ဘယ်မှာရှိတယ်ဆိုတာက အရေးမကြီးပါဘူး။ ဘယ်မှာဖြစ်ဖြစ် ချီစွမ်းအင်တွေ ချောချောမွေ့မွေ့ စီးဆင်းလို့ရဖို့ပါပဲ။ ဒါမှသာ သင့်အနေနဲ့ စွမ်းအင်၊ စည်းကမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို အဆင့်မြင့်မြင့် ရရှိလာမှာပဲ ဖြစ်ပါတယ်။

ဒီလို ကောင်းမွန်တဲ့ ဖုန်းရွှေဖန်တီးရာမှာ သင့်အလုပ်စားပွဲရဲ့ အခင်းအကျင်းက အလွန်တရာကို အရေးပါလှပါတယ်။

စားပွဲရဲ့ မျက်နှာစာဟာ ရှင်းလင်းကျယ်ပြန့်ပြီး ဗြုတ်စဗျင်းတောင်း၊အမှိုက်သရိုက်တွေ ကင်းဝေးကာ ပစ္စည်းတွေ စီရီသပ်ရပ်ဖို့ လိုပါတယ်။ ဒါမှသာ အခုထက်မြင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ သင့်ဆီ ရောက်ရှိလာဖို့ လမ်းပွင့်သွားမှာပဲ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

နောက်တစ်ခုသတိထားရမှာကတော့ ထိုင်ခုံပါ။ ထိုင်ခုံဟာ သင့်ကို အထောက်အပံ့ပေးတဲ့မဏ္ဍိုင်အဖြစ် အဓိကကျတဲ့ အခန်းကဏ္ဌကနေ ပါဝင်ပါတယ်။ အားကောင်းတဲ့ အထောက်အပံ့မဏ္ဍိုင်ဖြစ်ဖို့ မကျိုးပဲ့လွယ်တဲ့၊ အလွန်ခိုင်ခံ့တဲ့ထိုင်ခုံကို အသုံးပြုရမှာပါ။ ဝင်ပေါက်ကို ကျောပေးပြီးတော့လည်း မထိုင်ရဘူး။ တကယ်လို့ ထိုင်ခဲ့မယ်ဆိုရင်တော့ သင့်အလုပ်ဆီ ဘယ်သူ ဘယ်ဝါဝင်လာမှန်း မမြင်နိုင်မသိနိုင်တဲ့အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တဲ့အပြင် ဖုန်းရွှေရဲ့ ကောင်းမွန်တဲ့ ချီစွမ်းအင်တွေကို လက်မခံဘဲ ကျောခိုင်းပစ်လိုက်တဲ့သဘောလည်း သက်ရောက်ပါတယ်။

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

နောက်ဆုံးအချက်အနေနဲ့ ဖန်ကမ္ဘာလုံးတစ်ခုကို သင့်အလုပ်စားပွဲပေါ် တင်ထားလိုက်မယ်ဆိုရင်တော့ သင့်အလုပ်အကိုင် အောင်မြင်စေဖို့အတွက် ဖုန်းရွှေအစီအရင် ပြီးပြည့်စုံသွားပြီပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

ကျန်းမာချမ်းသာပျော်ရွှင်ရတဲ့ မိသားစုဘဝဆီ

မိသားစုဘဝပျော်ရွှင်မှုဆိုတာ လူ့ဘဝအတွက် အကြီးမားဆုံး အထောက်အပံ့ပါ။  မိသားစုတစ်စုမှာ အရေးကြီးဆုံးကတော့ ဇနီးမောင်နှံတွေအတွက် အိပ်ရာအနေအထားပါပဲ။ အိပ်ရာကို နံရံတစ်ဖက်ဖက်နဲ့ ကပ်ထားပြီး တစ်ဖက်တည်းကပဲ အဝင်အထွက်မလုပ်ပဲ အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကပါ နှစ်ဖက်စလုံး အသီးသီးဝင်ထွက်လို့ ရပါစေ။ ဒီလိုလုပ်ခြင်းဖြင့် ဇနီးမောင်နှံ နှစ်ဦးစလုံးရဲ့ ကျန်းမာရေးကောင်းမွန်စေပြီး ချစ်ခင်ကြင်နာတဲ့ ဆက်ဆံရေးအတွက် အထောက်အပံ့ကောင်းဖြစ်စေမှာပါ။ မန်ဒရင်းဘဲမောင်နှံရုပ်နဲ့ အနာကျက်စေတဲ့ အစွမ်းသတ္တိရှိတဲ့ ပန်းလေးတွေကို အိပ်ခန်းအတွင်း ထားပေးဖို့လည်း မမေ့ပါနဲ့။

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက်ကတော့ မီးဖိုချောင်ကို  ဂရုပြုရမှာပါ။ အလွန်တရာ ရှင်းလင်းသပ်ရပ်အောင် မပြုပြင်နိုင်ရင်တောင် ညစ်ပတ်ရှုပ်ပွမနေစေဖို့ လိုပါတယ်။ ပန်းကန်တွေကို မဆေးကြောဘဲ ညသိပ်မထားပါနဲ့။

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

ကြွယ်ဝချမ်းသာဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိလာဖို့ အတွက်ဆိုရင်တော့ စည်းစိမ်သိုလှောင်မှုသင်္ကေတဖြစ်တဲ့ ဖန်ဇလုံနဲ့ ချမ်းသာကြွယ်ဝဖို့ အခွင့်အလမ်းတွေကို ဆွဲဆောင်ပေးမယ့် ရှေးဟောင်းတရုတ်ငွေဒင်္ဂါးတို့ကို ဧည့်ခန်းမှာ ထားပေးလိုက်ရုံနဲ့ လုံလောက်ပါတယ်။

လုပ်ငန်းခွင်အောင်မြင်မှုနှင့် မိသားစုပျော်ရွှင်မှုကို ရရှိစေမည့် လွယ်ကူလိုက်နာ ဖုန်းရွှေကမ္ဘာ

အချုပ်ပြောရရင်တော့ အောင်မြင်မှုဆိုတာ သင့်လက်ထဲမှာပါ။ သင်ဟာ သင့်ကံကြမ္မာရဲ့ အရှင်သခင်ဆိုတာကို သင်ကိုယ်တိုင် သဘောပေါက်ပြီး အထက်မှာဖော်ပြခဲ့တဲ့ အချက်လေးတွေကို ဂရုမူခြင်းအားဖြင့် အောင်မြင်ပျော်ရွှင်မှုတွေ သင့်ဆီအပြေးလေး လှမ်းလာစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ခင်အေးချမ်း မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)