3425 ကြိမ် ကြည့်ရှု့ ပြီး

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)

ဖုန်းရွှေရဲ့အဓိပ္ပါယ်က လေနဲ့ ရေပါ။ သင့်လက်တွဲဖော်နဲ့ ဆက်ဆံရေးက သင့်စိတ်တိုင်းကျမဖြစ်ဘူးဆိုရင် ဒါမှမဟုတ် သင်ချစ်တဲ့သူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရရင် ဒါမှမဟုတ် ဘဏ်မှာအပ်ထားတဲ့ပိုက်ဆံတွေကို စွဲလမ်းနေမိပါသလား။ မစိုးရိမ်ပါနဲ့တော့။ သင့်ရဲ့နေ့စဉ်ဘဝထဲ ဖုန်းရွှေကို ဖြည့်သွင်းပေါင်းစပ်လိုက်ပြီးတော့ ခြားနားမှုကို ခံစားကြည့်လိုက်ပါ။ လူတိုင်းက မွေးကတည်းက မချမ်းသာကြပါဘူး။ ဖုန်းရွှေကတော့ သင့်ဆီ စီးပွားရေးအောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်ပြီး သင့်ကို ကျန်းကျန်းမာမာနေထိုင်စေနိုင်ကာ ငွေတွေ လုံလုံလောက်လောက် ရရှိစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာချမ်းသာမှုနဲ့ အောင်မြင်ပေါကြွယ်ဝမှုတွေကို ဖိတ်ခေါ်ဖို့ ကိုယ်ကိုယ်တိုင် အိမ်၊ ရုံးနဲ့ ဆိုင်တွေမှာ ဆောင်ထားရမယ့်အပြင် သူများတွေကိုလည်း လက်ဆောင်ပေးလို့ရတဲ့ ထိပ်တန်းဖုန်းရွှေပစ္စည်း အခု (၂၀) ထဲက ၁၀ ခုကို မေလထုတ် iMyanmarHouse.com အိမ်ခြံမြေမဂ္ဂဇင်းမှာ ဖော်ပြပေးပြီးပြီမို့ ကျန်ရှိနေတဲ့ ၁၀ ခုကို ဇွန်လထုတ်မဂ္ဂဇင်းမှာ ဖော်ပြပေးလိုက်ပါတယ်နော်။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)


သတ္တုနဲ့ပြုလုပ်ထားတဲ့ လိပ်နဲ့ ပန်းကန်ပြား

ဒီ 'သတ္တုလိပ်နဲ့ ပန်းကန်ပြား' အရုပ်လေးကို သင့်အိမ်ဧည့်ခန်းရဲ့ မြောက်အရပ်မှာထားပါ။ သတ္တုပန်းကန်ပြားထဲမှာ ရေအမြဲဖြည့်ထားဖို့ကိုလည်း မမေ့ပါနဲ့။ သင့်အလုပ်အကိုင်နဲ့ စီမံကိန်းတွေမှာ ဖွံ့ဖြိုးတိုးတက်မှုကို မလွဲမသွေ ကြုံတွေ့ရတော့မှာ အသေအချာပါပဲ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)


ဆည်းလည်း

လေတိုက်ရင် ဒါမှမဟုတ် တစ်စုံတစ်ရာလာ တိုက်ရင် အသံမြည်တဲ့ ဆည်းလည်းတွေကို သင့်အိမ်ရှေ့ပေါက်ဝမှာ ချိတ်ဆွဲထားပါ။ သူတို့က အပြု သဘောဆောင်တဲ့ အသံလှိုင်းတွေ နဲ့ ကံကောင်းမှု တွေကို ဆောင်ကြဉ်းပေးမှာပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)


 
Swastik-Om-Trishul သင်္ကေတရုပ်တု

ဒီစွမ်းအားပြင်း၊ သန့်စင်မြင့်မြတ်တဲ့ သင်္ကေတသုံးခုပေါင်းစပ်ထားတဲ့ ရုပ်တုဟာ အောင်မြင်မှုနဲ့ ရဲရင့်မှုတို့ကို ကိုယ်စားပြုပြီး သင့်နားကို မကောင်းဆိုးဝါးတွေ ကပ်လို့ မရအောင်လည်း ဖယ်ရှားပေးပါသေးတယ်။ အဲဒီရုပ်တိုင်ပုံစံပြုလုပ်ထားတဲ့ ကပ်ခွာတစ်ခုကို သင့်ပိုက်ဆံအိတ်နဲ့ နေ့စဉ်ရေးမှတ်တမ်းတွေထဲ ထည့်ကပ်ထားမယ်ဆိုရင်လည်း အလားတူအထောက်အကူပြုမှာပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)


ရွှေငါးရုပ်တု

အထူးသဖြင့် ရေလှိုင်းစီးနေတဲ့ ရွှေငါးရုပ်တုဟာ ချမ်းသာမှုရဲ့ သင်္ကေတပါ။ ရွှေငါးရုပ်တုဟာ ကြွယ်ဝချမ်းသာမှုကို ယူဆောင်လာပေးမယ့် အကောင်းဆုံး ဖုန်းရွှေပစ္စည်းပါပဲ။ ရွှေငါးကို ငါးလောကရဲ့ အခွင့်အာဏာနဲ့ချမ်းသာမှုကို နှိုးဆွပေးတဲ့ ဧကရာဇ်အဖြစ် ယူဆကြတာပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)


ပါကွာမှန်

ရှစ်ထောင့်ပါ ပါကွာမှန်ကို အိမ်ပြင်မှာ ချိတ်ထားပါ။ ဒါမှ သင်နဲ့သင့်အိမ်သားတွေ ကိုယ့်မျက်နှာကိုယ် မှန်မှာ ပြန်မမြင်မိမှာပါ၊ ပြီးတော့လည်း အပြင်မှာထားမှ ဒီမှန်က မကောင်းဆိုးဝါးတွေနဲ့ မကောင်းတဲ့စွမ်းအင်တွေကို အိမ်ထဲဝင်မရအောင် ရောင်ပြန်ကန်ထွက်စေမှာပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)

ဝါးပင်


ဘာမှထွေထွေထူးထူး ဂရုစိုက်ပြုပြင်ပေးစရာမလိုတဲ့ ဒီအပင်အိုးလေးကို သင့်အိမ်ရဲ့ ဘယ်နေမှာမဆို ထားရှိနိုင်ပါတယ်။ သူက သင့်ရဲ့ အခွင့်အလမ်းနဲ့ ဝင်ငွေတို့ကို တိုးပွားစေမှာပါ။ သင့်ချစ်တဲ့သူအတွက်လည်း ကံကောင်းခြင်းတွေကို ယူဆောင်လာပေးနိုင်ပါသေးတယ်။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)


 
နဂါးသင်္ဘောရုပ်

လှပတဲ့ နဂါးသင်္ဘောရုပ်ကတော့ သင့်အိမ်ကို ချမ်းသာကြွယ်ဝမှုတွေ ယူဆောင်လာမှာမို့ သူ့ကို သင့်အိမ်ဧည့်ခန်းမှာ ဧည့်ခန်းရဲ့အတွင်းဘက်ကို မျက်နှာမူပြီးထားရှိပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)

ပိရမစ်ပုံ သုံးမြှောင့်ဖန်တုံး

အပေါ်ထောင်နေတဲ့ ဒီပိရမစ်တုံးလေးကိုတော့ သင့်အလုပ်ခန်းရဲ့ တစ်နေရာရာမှာ ထားရှိမယ်ဆိုရင် သင်နဲ့ သင့်မိသားစုအတွက် ကောင်းတာတွေ ဖြစ်လာစေမှာပါ။ ဖန်တုံးကို အရွယ် မရွေး အသုံးပြုနိုင်ပါတယ်။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)

ကမ္ဘာလုံးပုံအရုပ်

အသိပညာဥာဏ်စွမ်းတွေ ခေါ်ဆောင်ပေးမယ့် ဒီကမ္ဘာလုံးလေးကို သင့်သားသမီး အိပ်ခန်းရဲ့ အရှေ့မြောက်အရပ်မှာ ထားပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်း ဖုန်းရွှေပစ္စည်း အခု (၂၀) အပိုင်း (၂)

ဆင်ရုပ်နှစ်ရုပ်

နှာမောင်းတွေ လေပေါ်ထောင်နေတဲ့ ဆင်ရုပ်နှစ်ရုပ်ကို မျက်နှာချင်းဆိုင်စေပြီး သူတို့ကို ဧည့်ခန်းရဲ့ အရှေ့တောင်အရပ်မှာ ထားရှိမယ်ဆိုရင်တော့ သူတို့ရဲ့ နှာမောင်းတွေက အားပြင်းတဲ့ စွမ်းအင်ကောင်းတွေကို ဆွဲဆောင်တော့မှာပါ။

အထက်မှာဖော်ပြသွားခဲ့တာတွေကတော့ ကျန်းမာချမ်းသာမှုနဲ့ အောင်မြင်ပေါကြွယ်ဝမှုတွေကို သင့်ဆီ ဖိတ်ခေါ်ပေးမယ့် ထိပ်တန်းဖုန်းရွှေပစ္စည်း အခု (၂၀)ရဲ့ ဒုတိယပိုင်း (၁၀) ခုပဲဖြစ်ပါတယ်။ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပထမပိုင်း (၁၀) ခုအကြောင်း မသိရှိ လိုက်ရတဲ့ သူတွေအနေနဲ့ မေလထုတ်  iMyanmarHouse.com အိမ်ခြံမြေမဂ္ဂဇင်းမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်လို့ အကြံပြုရင်း ...။

ခင်အေးချမ်း မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)