10996 ကြိမ် ကြည့်ရှု့ ပြီး

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု

ဖုန်းရွှေရဲ့အဓိပ္ပါယ်က လေနဲ့ရေပါ။ သင့်လက်တွဲဖော်နဲ့ ဆက်ဆံရေးက သင့်စိတ်တိုင်းကျမဖြစ်ဘူးဆိုရင် ဒါမှမဟုတ် သင်ချစ်တဲ့သူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရရင် ဒါမှမဟုတ် ဘဏ်မှာအပ်ထားတဲ့ ပိုက်ဆံတွေကို စွဲလမ်းနေမိပါသလား။ မစိုးရိမ်ပါနဲ့တော့။ သင့်ရဲ့နေ့စဉ်ဘဝထဲ ဖုန်းရွှေကို ဖြည့်သွင်းပေါင်းစပ်လိုက်ပြီးတော့ ခြားနားမှုကိုခံစားကြည့်လိုက်ပါ။ လူတိုင်းက မွေးကတည်းက မချမ်းသာကြပါဘူး။ ဖုန်းရွှေကတော့ သင့်ဆီ စီးပွားရေးအောင်မြင် မှုတွေ ဆောင်ကြဉ်းပေးနိုင်ပြီး သင့်ကိုကျန်းကျန်းမာမာနေထိုင်စေနိုင်ကာ ငွေတွေ လုံလုံလောက်လောက် ရရှိစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာချမ်းသာမှုနဲ့ အောင်မြင်ပေါကြွယ်ဝမှုတွေကိုဖိတ်ခေါ်ဖို့ ကိုယ်ကိုယ်တိုင် အိမ်၊ ရုံးနဲ့ ဆိုင်တွေမှာဆောင်ထားရမယ့် အပြင် သူများတွေကိုလည်း လက်ဆောင်ပေးလို့ရတဲ့ ထိပ်တန်းဖုန်းရွှေပစ္စည်း အခု (၂၀) ထဲက ၁၀ ခုကို ဒီလထုတ် iMyanmarHouse.com အိမ်ခြံမြေမဂ္ဂဇင်းမှာ ဖော်ပြပေးလိုက်ပါတယ်နော်။

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု


၁။ လင်းပိုင်များနှင့် ငါး

သင့်အိမ်၊ ရုံးနဲ့ ဆိုင်တွေမှာ ငါးရုပ်တုတစ်ခုခု ဒါမှမဟုတ် ဝေလငါး တွေ ရုပ်တုတစ်ခုခုကို ပြထားမယ်ဆိုရင် သင့်အိမ်၊ ရုံးနဲ့ ဆိုင်တွေကို ကံကောင်းစေပါတယ်။ ဘယ်အရပ်ကိုဖြစ်ဖြစ် မျက်နှာမူပြီးထားလို့ရပါတယ်။ သူက ကျန်းမာချမ်းသာမှု၊ ငြိမ်ချမ်းမှု၊ အသက် ရှည်မှုနဲ့ အောင်မြင်ပြေွါကယ်ဝမှုတွေကို ဆောင်ကြဉ်းပေးပါတယ်။

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု


၂။ အွန်ခေါင်းလောင်းများ (ဘုရားကျောင်းတွေမှာ အသုံးများ)

ဒီခေါင်းလောင်းတွေဟာ ဖုန်းရွှေ အခြေခံဓာတ်ငါးမျိုးနဲ့ ဖွဲ့စည်းထားတာပါ။ သူ့ကိုလှုပ်ခါလိုက်လို့ 'အွန်'လို့ အသံမြည်တဲ့အခါ မကောင်းတဲ့ဓာတ်တွေကို ဖယ်ရှားပြီး ကောင်းတဲ့ဓာတ်တွေကို သင့်ဆီပို့ဆောင်ပေးမှာပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၃။ တရုတ်ငွေဒင်္ဂါးပြားများ

သင့်ငွေတွေ တိုးပွားစေဖို့ သင့် ပိုက်ဆံအိတ်ထဲမှာ တရုတ်ငွေဒင်္ဂါးပြား ၃ ပြားကို ဆောင်ထားပါ။ ဗီရိုတွေ၊ အံဆွဲ တွေနဲ့ ဘဏ်က ဗီရိုငယ်မှာကအစထားပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၎။ ခေါင်းလောင်းများ

အရွယ်တူ ခေါင်းလောင်း ၃ ခု ကို တွဲပြီး သင့်အိမ်၊ ရုံး ဒါမှမဟုတ် ဆိုင်ရှေ့ဝင်ပေါက်မှာထားပြီး အောင်မြင်ပေါကြွယ်ဝမှုတွေကို ဖိတ်ခေါ်လိုက်ပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၅။ ချီလင်ရုပ်တု

ချီလင်ဆိုတာ တရုတ်ဒဏ္ဍာရီမှာ စွမ်းအားအပြင်းဆုံးကံရုပ်ပဲ ဖြစ်ပါတယ်။ ချီလင် အကြောင်းကို တစ်ကြောင်းတည်းနဲ့ ရှင်းပြရမယ်ဆိုရင်တော့ သူဟာ နဂါးခေါင်းနဲ့ မြင်းကိုယ်ရှိလို့ မြင်းနဂါးလို့လည်း ခေါ်ခံရတဲ့၊ ကုန်ရေနှစ်သွယ် သွားလာနိုင်တဲ့၊ တရုတ်ဒဏ္ဍာရီလာ တိရိစ္ဆာန်ကြီးပဲဖြစ်ပါတယ်။ သူကကျန်းမာချမ်းသာမှုနဲ့ အောင်မြင်ပေါကြွယ်ဝမှုတွေကို ဖိတ်ခေါ်ပေးနိုင်တာကြောင့် သင့်အလုပ်နေရာ ဒါမှမဟုတ် အဝင်တံခါးဝမှာထားပေးပါ။ သူတို့ကမကောင်းတဲ့ ဓာတ်တွေအကုန်လုံးကို ဝါးမြိုပေးမှာပဲ ဖြစ်ပါတယ်။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၆။ မန်ဒရင်းဘဲမောင်နှံရုပ်

သင့်ရဲ့ ပျော်ရွှင်ကြည်နူးရတဲ့ အိမ်ထောင်အတွက် မန်ဒရင်းဘဲတစ်စုံ ကို ဆောင်ထားပါ။

သူတို့ဟာ ဇနီးမောင်နှံတွေ အတွက် မင်္ဂလာရှိပြီး အတိတ်နိမိတ် ကောင်းပါတယ်။ သူတို့ကို သင့်ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းရဲ့ အနောက်တောင် အရပ်မှာထားပြီး အချစ်ဓာတ်တွေ ဖြည့်တင်းလိုက်ပါ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၇။ အချစ်ငှက်မောင်နှံ

အချစ်ငှက်မောင်နှံဟာ ချစ်ခြင်းမေတ္တာရဲ့ စစ်မှန်တဲ့သင်္ကေတပဲ ဖြစ်ပါတယ်။ သူတို့က စုံတွဲတွေအကြား အချစ်ကိုတိုးပွားစေပြီး အပျိုလေးတွေ အတွက်တော့ ကံကြမ္မာကောင်းကို ခေါ်ဆောင်လာပေးပါတယ်။ သူတို့ကိုလည်း သင့်ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းရဲ့ အနောက်တောင်အရပ်မှာပဲ ထားရပါမယ်။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၈။ ဖု-လု-ရှူးရုပ်တု (၃ရုပ်ပေါင်း)

ဖု၊ လု၊ ရှူးဆိုတာ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ အောင်မြင်ပေါကြွယ်ဝခြင်း တွေရဲ့ နတ်ဘုရားတွေပဲဖြစ်ပါတယ်။ ကံကောင်း ခြင်းတွေကို ရောက်ရှိစေပြီး အသက်အန္တရာယ် ရှိတဲ့ ရောဂါဘယဆိုးတွေအားလုံးကနေ ဖယ် ရှားပေးပါတယ်။ သူတို့ကို သင့်အခန်းရဲ့ ဘယ် နေရာမှာမဆိုထားနိုင်ပေမဲ့ အရှေ့ဘက်ထောင့် မှာထားရင်တော့ အကောင်းဆုံးပါပဲ။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၉။ ခြေသုံးချောင်းရှိတဲ့ ဖားရုပ်တု

ခြေသုံးချောင်းရှိတဲ့ ဖားရုပ်ကို အရှေ့တံခါးမကြီးနဲ့ ဆန့်ကျင်ဘက်ထောင့် ဖြတ် ထားပေးမယ်ဆိုရင် သူဟာ သင့် အဆောက်အအုံနေရာအတွက် သိပ်ကိုကျက်သရေမင်္ဂလာရှိစေပြီး နိမိတ်ကောင်းစေမှာပါ။ ခဏလေးအတွင်းမှာပဲ ဝင်ငွေတိုးစေမှာပါ။ အရုပ်ကိုအိမ်အတွင်းဘက်ကို မျက်နှာမူစေတာတော့  သေချာပါစေနော်။

 

ကျန်းမာချမ်းသာမှုနှင့် အောင်မြင်ပေါကြွယ်ဝမှုတို့ကို သင့်ထံ ခေါ်ဆောင်ပေးမည့် ထိပ်တန်းဖုန်းရွှေပစ္စည်း (၁၀)ခု



၁၀။ နဂါးရုပ်တု

နဂါးရုပ်တုဆိုတာကတော့ စွမ်းအင်နဲ့ ကံကောင်းခြင်းတွေရဲ့သင်္ကေတ ပဲ ဖြစ်ပါတယ်။ သူ့ကို သင့်ဧည့်ခန်းရဲ့ အရှေ့အရပ်မှာထားပြီး ကံကောင်းခြင်းတွေကို ချက်ချင်းပဲ ရယူလိုက်ပါ။


အထက်မှာ ဖော်ပြသွားခဲ့တာတွေကတော့ ကျန်းမာချမ်းသာမှုနဲ့ အောင်မြင်ပေါကြွယ်ဝမှုတွေကို သင့်ဆီဖိတ်ခေါ်ပေးမယ့် ထိပ်တန်းဖုန်းရွှေပစ္စည်း အခု(၂၀)ရဲ့ ပထမပိုင်း (၁၀) ခုပဲဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ (၁၀) ခုကိုတော့  လာမယ့်လမှထုတ်ဝေမယ့် iMyanmarHouse.com အိမ်ခြံမြေမဂ္ဂဇင်းမှာ စောင့်မျှော်ဖတ်ရှုကြပါလို့ တိုက်တွန်းရင်း....  ။

ခင်အေးချမ်း မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)