Properties for Sale in Taunggyi

တောင်ကြီးမြို့

ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်သည့် တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေအမြင့်တွင် တည်ရှိသည် ။ ရှမ်းပြည်နယ်တောင်ပိုင်းတွင်တည်ရှိပြီးရှမ်းပြည်အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်သည် ။ တိုင်းရင်သားပေါင်းစုံနေထိုင်သည့်မြိ့ဖြစ်ပြီးပအိုဝ်းတိုင်ရင်းသားကိုအများဆုံးမြင်တွေ့နိုင်မည်ဖြစ်သည် ။ တောင်ကြီးမြို့၏ အရှေ့ဖက်တွင် ဟိုပုံးမြို့ ၊အနောက်ဖက်တွင် ညောင်ရွှေမြို့ ၊ တောင်ဘက်တွင် ဆီဆိုင်မြို့ ၊ မြောက်ဖက်တွင် ရပ်စောက်မြို့တို့ဖြင့်ဝန်ရံလျက်ရှိသည် ။လမ်းပန်းဆက်သွယ်ရေးအနေဖြင့် တောင်ကြီးမြို့သည် ကားလမ်းသာအဓိကပေါက်ပြီး မြန်မာပြည်အနံ့ ရထားဖြင့်ခရီးသွားလိုပါက ၁၂ မိုင်အကွာရှိညောင်ရွှေမြို့သို့သွားရောက်ရပြီးလေဆိပ်သည်လည်း ၂၄ မိုင်အကွာဟဲဟိုးမြို့တွင်တည်ရှိသည် ။ တောင်ကြီးမြို့သည် ပြည်နယ်၏ အစိုးရရုံးစိုက်ရာဖြစ်သည့်မြို့နှင့်အညီပြည်နယ်အစိုးရရုံးများ ၊ အရှေ့ပိုင်တိုင်းစစ်ဌာချုပ် ၊ တောင်ကြီးပညာရေးကောလိပ် ၊ တောင်ကြီးတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ် ၊ ဆေးတက္ကသိုလ် ၊ ရှမ်းပြည်နယ်ယဉ်မှုပြတိုက် စသည့်အရေးပါသည် တက္ကသိုလ်များ ၊ ဌာနများ ၊ ရုံးများတည်ရှိသည် ။ မြို့တွင်းတွင် မူလတန်းကျောင်း ၊ အလယ်တန်းကျောင်း ၊ အထက်တန်းကျောင်း ၊ ခမ်းနားသောတိုက်တာအဆောက်အဦးများ ၊ တန်းဖိုးကြီးသောလုံးချင်းအိမ် အများအပြားတည်ရှိသည် ။ အိမ်ခြံမြေနှင့်ပတ်သက်၍ တောင်ကြီးမြို့တွင်းတွင် မြေကွက်များဝယ်ယူရန် အလွန်ခက်ခဲပြီးအစွန်အဖျားတွင်တာဝယ်ယူလို့ရနိုင်မည်ဖြစ်သည် ။ ကြီးကျယ်ခမ်းနားသောလုံးချင်းအိမ်များ ၊ အိမ်ဝန်းကျယ်များအများအပြားမြင်တွေ့နိုင်မည်ဖြစ်ပြီးအထပ်မြင့်အဆောက်အဦးမရှိသလောက်ရှားပြီးတိုက်ခန်းသည်လည်းလက်ချိုးရေလို့ရသောအရေအတွက်သာရှိသည် ။ အချုပ်အားဖြင့်ဆိုသော် တောင်ကြီးမြို့သည် မြို့ပြစနစ်သပ်ရပ်သန့်ရှင်းနေထိုင်ရန်သင့်လျော်ကောင်းမွန်ပြီးတန်ဖိုးမြင့် လုံးချင်းအိမ်အများအပြားတည်ရှိသည့် မြို့တစ်ခုဖြစ်ပေသည် ။