1 Dec 2023 10:56 am
1 Dec 2023 9:46 am
20 Nov 2023 10:36 am
4 Dec 2023 2:19 pm
4 Dec 2023 10:12 am
4 Dec 2023 10:11 am
2 Dec 2023 3:23 pm
2 Dec 2023 1:30 pm
2 Dec 2023 1:30 pm
1 Dec 2023 4:52 pm
1 Dec 2023 2:17 pm
30 Nov 2023 3:06 pm
30 Nov 2023 2:38 pm
30 Nov 2023 2:37 pm
30 Nov 2023 2:35 pm
30 Nov 2023 1:42 pm
30 Nov 2023 11:00 am
30 Nov 2023 10:16 am
ဒဂုံမြို့နယ်သည် ရန်ကုန်မြို့၏ အထင်ကရပေါင်းများစွာနှင့် ရာဇဝင်သမိုင်းကြောင်းအများဆုံးရှိသည့် မြို့နယ် တစ်ခုဖြစ်သည် ။ ရန်ကုန်အစ ဒဂုံကဟုပင်ခေါ်တွင်ရလောက်သည်အထိ သမိုင်းတွင်သည့် မြို့နယ်တစ်ခု ဖြစ်သည် ။ ရပ်ကွက်ပေါင်း (၅) ခုဖြင့်တည်ဆောက်ထားသော ဒဂုံမြို့နယ်သည် အကျယ်အဝန်း ၁၂ ကီလိုမီတာရှိပြီး မြောက်ဘက်တွင် ဗဟန်းမြို့နယ် ၊ အနောက်ဘက်တွင် အလုံမြို့နယ် ၊ အရှေ့ဘက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ တောင်ဘက်တွင် လမ်းမတော်မြို့နယ် ၊ လသာမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်တို့ တည်ရှိသည် ။ ရန်ကုန်မြို့၏ အထင်ရှားဆုံးဖြစ်သော ရွှေတိဂုံစေတီတော် ၊မဟာဝိဇယစေတီတော် ၊ အမျိုးသားပြတိုက် ၊ အမျိုးသားပြဇာတ်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် အဆောက်အဦး တို့သည် ဒဂုံမြို့နယ်တွင်တည်ရှိသည် ။ မြန်မာပြည်၏ ထပ်တန်းနာမည်ကြီး အထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က(၁) ၊ အ.ထ.က(၂) ဒဂုံကျောင်းများလည်းတည်ရှိသည် ။ မြို့နယ်တွင်း နာမည်ကြီး တော်ဝင်ဈေးဝယ်စင်တာကြီးလည်းရှိပြီး သီတဂူဆရာတော်ဖွင့်လှစ်ထားသည့် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာသင်တန်းကျောင်းလည်း ဒဂုံမြို့နယ်တွင်တည်ရှိသည် ။ ဒဂုံမြို့နယ်သည် စည်ကားထွန်းကားသော အထင်ကရနေရာကောင်းများကြောင့် သံရုံးများ ၊ ဟိုတယ်များ နှင့် သံတမန်ဝန်ထမ်းအိမ်ရာများစွာလည်းတည် ရှိသည် ။ အဆင့်မြင့်ကွန်ဒိုများလည်းတည်ရှိပြီး လူသိများ သက်တမ်းရင့် သမ္မတရုပ်ရှင်ရုံတည်ရှိသည့် မြို့နယ် တစ်ခုလည်းဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် ဒဂုံမြို့နယ်သည် ရန်ကုန်၏သမိုင်းကြောင်းအစမြို့နယ်တစ်ခု ဖြစ်ခဲ့ပြီး ဟိုရှေးယခင် ရွှေတိဂုံစေတီတော်အနီးတည်ရှိခဲ့သည့် ရွာငယ်လေးဖြစ်ခဲ့ပေမယ့်လည်း ယခုအခါတွင် ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားသော အချက်အချာပေါင်းများစွာဖြင့် ပြည့်နက်သည့်မြို့နယ်တစ်ခုဖြစ်သည် ။
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No13,Myat lay Yone Street, Hlaing Township
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.