Sales - Mini Condo

Posted on 8 Jul 2020 3:30 pm Views 1118 Ad Number S-8279163

Dagon Myothit (North) | Yangon Region

Apartment | 1st Floor

600 Square Feet

2 Bedroom(s) 1 Bathroom(s)

Price 460 Lakh (Kyats)

Owner Direct 

Sq ft - 600 at 1st Floor
2 Bed Rooms
1 Common Bath Room
Living Room
Dining Room
Elevator
Car Park & Play Ground
Nice Compound
24 Hours Security

ရောင်းရမှာတောင် နှမြောတဲ့ အခန်းလေးပါ။ ငှားဖို့ ကြော်ငြာတခါတင်လိုက်တိုင်း ငှားထွက်သွားပြီးရင်တောင် "ငှားချင်လို့ပါ၊ လက်ရှိအငှားဆင်းတာနဲ့ ပြောပေးပါ တခြားလူကိုထပ်မငှားလိုက်ပါနဲ့" ဆိုပြီး ဖုန်းတွေဆက်တိုက် ဆက်နေကြတဲ့အခန်းလေးပါ။ ပြန်မရောင်းပါသေးနဲ့ဦး ဆိုပြီး မိသားစုဝင်တွေက ဆက်တိုက်တားနေကြတဲ့အခန်းလေးပါ။

မြောက်ဒဂုံမြို့ရဲ့ အချက်အချာအကျဆုံး မိန်းလမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်မှူးဘထူးလမ်းနဲ့ ဘုရင့်နောင်လမ်းဒေါင့် လမ်းမကြီးပေါ်က ဗိုလ်မှူးဘထူး အိမ်ရာလေးပါ။အိမ်ရာ (၂) ဘက်မှာဖြစ်ပြီး၊ တိုက်သက်တမ်း တနှစ်မပြည့်သေးပါဘူး။

အခန်းအနေအထားက အိမ်ရာ ၁ နဲ့ အိမ်ရာ ၂ အကြား နီးစပ် ထိကပ်နေတဲ့ အခန်းနေရာမျိုးမဟုတ်တဲ့အတွက် အေးအေးဆေးဆေး ဆိတ်ငြိမ်နေချင်တဲ့သူမျိုး နဲ့ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် အထူးသင့်တော်ပါတယ်။

ပထမထပ် ဖြစ်တာမလို့ ဓာတ်လှေကားမရတဲ့အခြေအနေမျိုးမှာဆိုရင်တောင် အလွယ်တကူ အတက်အဆင်း လုပ်လို့ရမယ်။ ဒေါင့်ခန်းဖြစ်တာမို့ အခြားအခန်းတွေထပ် ပေကျယ် နည်းနည်းအပိုပါမယ်။ အခန်းရဲ့ ရှေ့ကော ဘေးကော လမ်းမကြီးဘက် ဖြစ်တာမို့ view ကောင်းတယ်။ လေဝင်လေထွက် အလင်းရောင် ကောင်းကောင်းရပါတယ်။ အရှေ့ဘက်ကော ဘေးဘက်ကော တိုက်ပြိုင်မရှိတဲ့အပြင် .. အိပ်ခန်း ၂ ခန်းလုံးမှာ ၀ရန်တာ တခုစီပါတာမလို့ လုံးချင်းနဲ့နေရသလို ခံစားမှုမျိုးအပြည့်အ၀ရစေမှာပါ။

ယခု ဆောက်လုပ်ဆဲ U900 တိုက်တွေအားလုံးပြီးသွားတဲ့တနေ့ကျရင်လဲ အခန်းကပ်လျက် လမ်းဟာ ကွန်ကရစ်လမ်းမကြီး၊ အိမ်ရာတခုလုံးရဲ့ မိန်း ဝင်ပေါက်ဖြစ်လာမယ််အပြင် community center, play ground တို့နဲ့အနီးစပ်ဆုံးရှိနေတဲ့ တိုက်ပါ။

ပိုင်ဆိုင်မှုအနေနဲ့လဲ တဦးတည်း အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင် ဖြစ်တာမလို့ အရှုပ်အရှင်းလုံး၀မရှိတာပါနော်။ စည်ပင် owner book နဲ့ ဖြစ်တာမလို့ အချိန်မရွေး အမည်ပေါက်ပြန်ပြောင်းယူလို့ရတဲ့ထိ လွယ်ကူ၊ ခိုင်မာ တဲ့အခန်းမျိုးပါ။

တဟုန်ထိုးတိုးတက်လာတဲ့ မြောက်ဒဂုံရဲ့ရပ်ကွက်ကောင်း၊ လမ်းမကျယ် လမ်းမကြီးပေါ်က .. ၂၄ နာရီလုံခြုံရေးရှိမယ်၊ ကျယ်ဝန်းတဲ့ကားပါကင်၊ ကလေးငယ်တို့အတွက် play ground ရှိမယ် .. ဘေးတိုက်တွေလဲမရှိ ပတ်ဝန်းကျင်အရမ်းသန့်တဲဲ့ ဒီလိုနေရာ ဒီလို အရှုပ်အရှင်းမရှိတဲ့ အခန်းမျိုး၊ ဒီလို အငှားစျေးကွက်အရမ်းသွက်တဲ့အခန်းမျိုး မှ မကောင်းရင် ဘယ်လိုအခန်းမျိုးကောင်းနိုင်ပါဦးမလဲရှင့်။

ဒီလောက်ကောင်းတဲ့အခန်းမျိုး ဘာလို့ရောင်းချင်သလဲ မေးရင်တော့ ... မြို့ထဲ downtown လိုနေရာမျိုးမှာ ပြန်ငှားစားလို့ရမယ့်အခန်းမျိုး (သို့မဟုတ်) မြောက်ဒဂုံဘက်ကိုပဲ မြေ ကို ငွေနည်းနည်းထပ်စိုက်ပြီး ဝယ်ချင်လို့ပါ လို့ ရိုးသားစွာပြန်ဖြေပါရစေ။

စျေးကို နည်းနည်းပဲ ညှိပါတော့မယ်။ အကျိုးဆောင် လက်ခံပါတယ်။

အိမ်ကြည့်ချင်ပါက ရက်နည်းနည်းကြိုချိန်းပေးပါရှင့်။

Description

  • Complete
  • Half Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

အခြား ရောင်းရန် အိမ်ခြံမြေများ


Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

Other Properties For Sale In Dagon Myothit (North) Township