This advertisement has been marked as sold out.
#ဝေဇယန္တာလမ်းမအနီးbankချိတ်လို့ရပီးအသင့်တက်နေရုံပြင်ဆင်ပီးသားအခန်းကျယ်အရောင်း
🏠🏠🏠 တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်း၊ သုမင်္ဂလာလမ်း၊ ဝေဇယန္တာလမ်းမအနီး ဇာနည်လမ်းသွယ်ထဲက အကျယ်အဝန်း ၁၈ ပေ ၅၄ ပေရှိတဲ့ ၄ လွှာ တတိယထပ်အခန်းလေးပါ။ တတိယထပ်ဖြစ်တာမို့ လူကြီးလူငယ်အဆင်ပြေတဲ့အလွှာလေး။ အသင့်နေရုံပြင်ဆင်ပီးသားနေချင်ပါတယ်ဆိုတဲ့သူတွေ အတွက် အရမ်းသင့်တော်တဲ့အခန်းလေးပါ။ အိမ်ရှေ့ဝရံတာနဲ့ နောက်ဖေးဝရံတာကို ဆန်းရှိတ်တပ်ထားပီးသား။ အိမ်နောက်ဝရံတာသီးသန့်ပါတာက အဝတ်လှမ်းဖို့စိတ်ပူတတ်တဲ့အိမ်ရှင်မတွေအတွက် သတင်းကောင်းပေါ့။ အိမ်အဝင်ကနေ အိမ်နောက်ဖေးထိ ကြွေပြားအပြည့်ခင်းထားပီးသားပါ။ ဆေးတွေကအစ အကောင်းဆုံးဆိုတာရွေးသုတ်ထားတာ။ ဘေးပတ်ပတ်လည်ပြတင်းတွေကို သံပန်းအပြည့်တပ်ထားတာဆိုတော့ ok တာပေါ့။ အိပ်ခန်းကျယ်တခန်းကို aluminium နဲ့ သေသေသပ်သပ်လှလှပပလေးဖွဲ့ထားသေးတာ။ မိသားစုများလို့ အခန်းထပ်ဖွဲ့ချင်လဲ ၂ ခန်းထိထပ်ဖွဲ့လို့ရသေးတယ်။ မီးဖိုခန်းမှာဆိုလဲ ကြွေပြားခင်းထားရုံမကဘူး ၄ ပေအထိ ကြွေပြားကပ်ထားတာ။ ရေချိုးခန်း အိမ်သာကိုတော့ ပုံမှန် ကြွေပြားခင်း ကြွေပြားကပ်ထားပေးပါတယ်။ အိမ်သာကလဲ ဘိုထိုင်ပါ။ ကိုယ်တိုင်မနေလို့ပြန်ငှားမယ်ဆိုရင်တောင် အငှားတိုင်းကြိုက်တဲ့နေရာမျိုးပါ။
🏠🏠🏠 အနီးဆုံးမှတ်တိုင်ဆိုရင် ပဒေသာလမ်းဆုံ မှတ်တိုင်ပါ။ ဈေးနီး ကျောင်းနီးတဲ့အပြင် ပတ်ဝန်းကျင်ပါအဆင်ပြေတယ်။ ညဘက်ဆိုလဲ 24hr city mart ကို ၅ မိနစ်လောက်မောင်းရင်ရောက်ပီ။ ကျန်းမာရေးအတွက်ဆိုလဲ အောင်ရတနာဆေးရုံက မနီးမဝေးမှာရှိတယ်နော်။ bcc မီတာကျပီးသားဖြစ်တာမို့ စိတ်အေးချမ်းသာစွာနေရုံပဲ။ ပိုင်ဆိုင်မှုအရှုပ်အရှင်းလဲကင်းတဲ့အပြင် စာရွက်စာတမ်းလည်းစုံလင်အောင်စစ်ဆေးထားပီးသားနော်။ အခန်းကြိုက်လို့ လာကြည့်မယ်ဆိုရင် မကြည့်ခင်ကို သိချင်တာအကုန်မေး ဖြေပေးမယ်နော်။ အချိန်ကုန်လူပန်းမဖြစ်စေချင်တာ စေတနာပါ။
🏠🏠🏠 ပြောနေတာထက် လက်တွေ့လာကြည့်တာ သေချာတယ်လို့။ ရောင်းမယ့်ဈေးက ၄၇၅ သိန်း အပိတ်ဈေးပါ။ အသေးစိတ်အချက်အလက်သိချင်တယ်ဆိုရင် ph လေးသာဆက်လိုက်ပါ။ လိုင်းဖွင့်ထားပေမယ့် အမြဲမရှိပါဘူးနော်။
🏠🏠🏠 အိမ်ကြည့်မယ်ဆို ၃ နာရီ ကြိုချိန်းပေးပါ။ ဒီနား အခုရောက်နေလို့ဆိုရင် လာမပြပေးနိုင်ကြောင်း ကြိုပြောပါရစေနော်။ အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင် ဖုန်းနဲ့ဖြစ်စေ messenger မှဖြစ်စေ ph ဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
#အခြားနေရာကောင်းဈေးတန်အခန်းလေးတွေလဲရှိတာမို့လိုအပ်ရင်ဖုန်းလေးသာဆက်လိုက်နော်။
#အကျိုးဆောင်မိတ်ဆွေများ အကျိုးတူလက်မခံပါဘူးနော်။
🏠🏠🏠 ph no - 09421051975, viber no - 09950859419 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
https://www.facebook.com/ayenchitmal/
#ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
People who like this post => (0)
လစဉ် ငွေပေးချေမှု | 706,464 |
ချေးငွေ ပမာဏ | 33,250,000 |
စုစုပေါင်း ပေးချေရမည့်ငွေ | 42,387,840 |
အတိုးနှုန်း | 10% |
ချေးယူမည့် နှစ်ပမာဏ | 5 years |