စမ်းချောင်း မြေညီတိုက်ခန်း ရောင်းမည်

Click Photo To Enlarge

Posted on 17 Jun 2019 4:20 pm Views 719 Ad Number S-6483158

Sanchaung | Yangon Region

Apartment | Ground Floor

2 Bedroom(s) 1 Bathroom(s)

Price 563 Lakh (Kyats)

စမ်းချောင်း၊ မိုးမခလမ်း၊ ၁၂ပေခွဲxပေ၅၀၊ မြေညီ၊ တိုက်လတ်၊ အိပ်ခန်း ၂ခန်း၊ ရှေ့နောက် ဆန်းရှိတ်ပါ၊ အဲကွန်း ၂လုံး၊ သံပန်းအပြည့်၊ တစ်အိမ်လုံး ကိုရီးယားပါကေး+ကြွေပြားခင်း/ကပ်၊ ရေချိုးခန်း+ဘိုထိုင်အိမ်သာ ကြွေပြားပတ်လည်၊ ကြွေပြားကပ်ရေကန်၊ ဖိုင်ဘာရေတိုင်ကီအကြီး၊ အ၀ီစိတွင်းရေ+လိုင်းရေ၊ ကိုယ်ပိုင်မော်တာ အကြီး၊ ရေပူ/ရေအေး၊ ပရက်ရှာပန့်၊ အင်တာနက်၊ စီစီတီဗွီ ၅လုံးစနစ်အပါ၊ အဆင့်မြင့်ပြင်ဆင်ပြီး၊ တိုက်မျက်နှာစာရှင်း၊ ပတ်ဝန်းကျင်သန့်၊ ကားဂိတ်နီး၊ ဈေးနီး၊ ကျောင်းနီး၊ ဆေးရုံနီး၊ ကားပါကင်ရှိ၊ လူနေရန် သို့မဟုတ် ရုံးခန်းငယ်ဖွင့်ရန် နေရာကောင်းသည်။

(မိုးမခလမ်းဆိုတာ မုန့်လက်ဆောင်းကုန်းရပ်ကွက်မှာ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းအကြား တိုက်ရိုက်ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောလမ်းဖြစ်ပြီး ကုန်းမြင့်ရာတွင်ရှိတဲ့အတွက် မိုးအခါ ရေလုံးဝမ၀ပ်ပါ။ ထရန်စဖော်မာနှင့်လည်း နီးလို့ အိမ်မှာ မီးအားမြှင့်စက် အသုံးပြုဖို့ မလိုအပ်ပါဘူး။ အစိုးရရေလိုင်းကလည်း မိုးမခလမ်းတစ်လမ်းလုံးမှာ အိမ်အနည်းငယ်ပဲ တပ်ဆင်ထားတာဖြစ်ပါတယ်ဗျာ။ ရေလိုင်းက တစ်နေ့ ၂ ကြိမ် ရေပေးပြီး အ၀ီစိတွင်းလည်း ပါလို့ ရေအတွက် လုံးဝကို စိတ်ပူစရာမလိုတာပါ။ ရေမော်တာအကြီး အသစ်လဲထားလို့ အိမ်တွင်းက ဖိုင်ဘာရေကန်ထဲကို ရေတင်ချိန် မာမားခေါက်ဆွဲတစ်ပြုတ်စာ ၃ မိနစ်ပဲ ကြာမြင့်မှာပါ။ ကုန်းမြင့်ဖြစ်လို့ အိမ်ဘေးပတ်လည် ရေမြောင်းတွေကလည်း ရေစီးကောင်းမွန်ပြီး အနံ့အသက် ဆိုးရွားတာ၊ ခြင်ပေါက်ဖွားတာ လုံးဝမရှိပါ။

အိမ်အနားမှာ အဖိုးကြီးအို ခြေလှမ်းမျိုးနဲ့ ၂ မိနစ်လမ်းလျှောက်ရင် ဗဟိုလမ်းပေါ်က ညလုံးပေါက်ဖွင့်တဲ့ လဘက်ရည်ဆိုင်တွေ၊ စတိုးဆိုင်တွေက ပတ်လည်၊ ဂွဈေးကြီးကလည်း စုံချက်က လှည်းတန်းဈေးတို့ သံဈေးတို့လိုကို စုံတာ၊ အဲ….ဒီထက်ပိုစုံချင် ဈေးသက်သက်သာသာနဲ့ ၀ယ်ချင်သေးရင် ကြည့်မြင်တိုင် ညဈေးကြီးကလည်း ယောက်ျားခြေလှမ်း ဆယ်မိနစ်စာတောင် မဝေးပါဘူး။ အဲ့ဈေးတွေအားလုံးမှာ လယ်ခရုကစလို့ ကျောက်ပုဇွန်ကြီးတွေအထိ နေ့တိုင်းလိုလို ရနိုင်ပါသဗျား။ လုံခြုံရေးလား……မပူနဲ့ ရဲတပ်ဖွဲ့က ကားနဲ့ကင်းလှည့်တာ ပုံမှန် တစ်ည ၂ ကြိမ်၊ အဲ ဒီကြားထဲ စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တာ လူဆိုးမပြောနဲ့ ခွေးတောင် ခေါင်းထောင်မကြည့်ရဲဘူး။ အိမ်အနားပတ်ဝန်းကျင်နဲ့ အိမ်တွင်းမှာလည်း စီစီတီဗွီကင်မရာ ၅ လုံးက ၂၄ နာရီအပြည့် စောင့်ကြည့် မှတ်တမ်းတင်ထားတော့ စိတ်ချလက်ချသာ အိပ်ပေတော့ဗျိုး။

နောက်ရှိသေးတယ်……. မြေညီထပ်မို့လို့ တိုက်အမြင့်တွေ ပတ်လည်ဝိုင်းပြီး အသက်ရှူကျပ်မယ်များ ထင်နေသလား မိတ်ဆွေ?? ဒါဆိုရင်တော့ တက်တက်စင်အောင် လွဲပါပြီ။ မျက်နှာချင်းဆိုင်မှာ ပေ ၆၀ လောက်အထိ ကွင်းပြင်ဖြစ်ပြီး နှစ်ထပ်တိုက်သာရှိသမို့ လေတိုက်ချက်က ၀ူသရင်းဟိုက်အတိုင်းပဲ။ ကားဆိုရင်လည်း အိမ်ရှေ့မှာ အယ်လ်ဖတ်တစ်စီးစာ နေရာရှိနေလို့ အချိန်မရွေး ၀င်ရပ်လိုက်ရုံပါပဲဗျ။ စမ်းချောင်း လိုနေရာမျိုးမှာ ကားပါကင်အတွက် ပူစရာ မလိုတာဆိုရင်တော့ ကွန်ဒိုတွေပဲရှိတာဆိုတော့ ဒီဈေးနဲ့ ဒီတိုက်ခန်း နေရတာ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းသလဲ….နော်။ ကဲ ဒီလောက်ကောင်းနေတာ ဘာလို့ရောင်းသလဲ……..ဟုတ်ကဲ့ မိဘများအိမ်နှင့် နီးရာသို့ ပြောင်းနေရမှာမို့လို့ မလိုအပ်လို့၊ အိမ်ဌား တင်ရတာလည်း ခေါင်းရှုပ်မှာစိုးတဲ့အတွက် အပြီးရောင်းတာပါခင်ဗျာ။ ကံထိုက်သူ ဈေးသက်သက်သာသာနဲ့ ရနိုင်မှာဖြစ်လို့ လက်ဦးသူ ယူစတမ်းပေါ့နော်။ ကျေးဇူးတင်ပါတယ်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။)

၅၆၃ သိန်း တည်းသာ။

ဈေးနှုန်း ညှိနှိုင်းနိုင်သည်။

အကျိုးဆောင်လက်ခံပါတယ် သန့်ရှင်းရေးလုပ်ပြီးရင် ဆေးပြန်သုတ်ပေးဦးမှာလည်း ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

အခြား ရောင်းရန် အိမ်ခြံမြေများ


Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store