Post Expired.
တနင်္သာရီတိုင်းလေညှင်းသာကျွန်း
သိန်း - 4700 💰
ကျွန်းအမည် - လေညှင်းသာကျွန်း
မြေအကျယ်အဝန်း - ၃.၄၃ဧက
မြေပိုင်ဆိုင်မှု - ဥယျာဉ်ခြံ
ဂရံ(ပုံစံ ၇)
တနသာင်္ရီတိုင်း အက်ဒမန်(Andamen) ပင်လယ်ပြင်တွင် တည်ရှိပြီး ၊ ကျွန်း၏မြောက်ဘက် ရေမိုင်၂မိုင်အကွာတွင် အောင်ဘာငှက်သိုက်ကျွန်း နှင့် အရှေ့ဘက်ရေမိုင် ၂မိုင်အကွာ ဂျပန်လေယာဉ်ကွင်းဟောင်းပေါ်တွင် အပန်းခြေဘန်ဂလိုများ ဆောက်နေကြသည်။ အနီးတဝှိုက်တွင် ထူးကုမ္ပဏီပိုင် ဟိုတယ်များရှိသည့် ၁၁၅ကျွန်း၊ညောင်ဝီးကျွန်းတို့ ရှိသည်။
လုပ်ကိုင်နိုင်သည့် လုပ်ငန်း
-----------------------
ကျွန်းပေါ်တွင်
- ငှက်သိုက်ဆောက်နိုင်သည်၊
- ပုလဲမွေးမြူနိုင်သည်၊
- ဟိုတယ်"Resorts "🌊🛶🏄🏻လုပ်ငန်း လုပ်ကိုင်နိုင်သည်။
လမ်းပမ်းဆက်သွယ်ရေး
---------------------
ရန်ကုန်-ထားဝယ်-မြိတ်-အောင်ဘာကားလမ်းအတိုင်း လာပြီး အောင်ဘာရေနက်ဆပ်ကမ်းမှ စက်လှေဖြင့် ကျွန်းသို့ မီနစ် ၂၀ခန့်၊
လေယာဉ်ဖြင့် ကော့သောင်း ၇မိုင်လေဆိပ်မှ ၃၈မိုင်ယုဇနဆီအုန်းခြံလမ်းခွဲမှတဆင့် ကတ္တရာလမ်းအတိုင်း ၁၆မိုင်ခန့် ဝင်ရပြီး ယုဇနဆီအုန်းဆိပ်ကမ်းမှ စက်လှေဖြင့် ၁၅မီနစ်ခန့်စီးပြီး ကျွန်းသို့လာနိုင်သည်။
ကားလမ်းကြောင်းမှာ အထူးကောင်းမွန်သည်။ ရေပြင်စိမ်းသည့်အပြင် ကျွန်းအောက်ခြေပတ်ပတ်လည်တွင် သန္တာကျောက်တန်းများလည်း ရှိသည်
**ကျွန်းပေါ်တွင် ဖုန်းအင်တာနက်လိုင်း မိသည်**
#ကြည့်လိုပါကကြို တင်ချိန်းဆိုပေးပါရန်⭐
People who like this post => (1)