Post Expired.
(၁.၁၄)ဧက ကျယ်ဝန်းတဲ့ ရွာမြေဝိုင်းကွက်ကျယ်ထဲမှာ
စိန်တစ်လုံး ၊ ရင်ကွဲ ၊ ဟသာင်္ ၊ မချစ်စု စတဲ့ (၁၄)နှစ်သား သရက်ပင်အကြီးတွေ အပင်(၅၀)ခန့်.....
ပိန္နဲအပင်ကြီးတွေ (၈)ပင်ခန့်......
အိမ်သုံးဖို့နဲ့ စည်းရိုးခတ်ဖို့အတွက် ခြံစည်းရိုးတလျှောက် စိုက်ပျိုးထားတဲ့ တပင်တိုင်ဝါးရုံ (၂၀)ခန့်.....
လျှပ်စစ်မီး အသင့်သုံး လျှပ်စစ်မီတာတပ်ဆင်ထားပြီးသားဖြစ်တဲ့..သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း နှစ်ထပ်သစ်သားအိမ်လေးတစ်အိမ်
ရေထွက်အားကောင်းပြီး ရေသန့်သန့်လေးထွက်တဲ့ အိမ်သုံးရေတွင်းလေးတစ်တွင်း
ခြံရဲ့ အရှေ့ဘက်အစပ်မှာ
လက်ရှိပုံထဲမှာ ပီလောပီနံပင်လေးတွေ စိုက်ပျိုးထားတဲ့
၇၀၀၀စတုရန်းပေခန့်ကျယ်တဲ့ အသီးအရွက်စိုက်ခင်းနေရာလေးတစ်ခု.....
အဲဒီလိုလေး ပုံဖော်စိုက်ပျိုးထားပါတယ်
ရွာမြေဆိုပေမယ့် ရွာရဲ့ အရှေ့မြောက်ဘက် လူနေအရမ်းမသိပ်သည်းတဲ့နေရာမှာဆိုတော့ အေးချမ်းမှုရှိတဲ့အပြင်... လုံခြုံစိတ်ချရမှုလည်း ရှိပါတယ်
ရာသီမရွေး ကားဝင်ထွက်သွားလာနိုင်ပါတယ်
ခြံရဲ့ အရှေ့ဖက်ကပ်လျက်မှာ ဧကရာချီတဲ့ ဘက်စုံစိုက်ခင်းတွေ ရှိပါတယ်
ခြံရဲ့ တည်နေရာက
ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ် ၊ လက်ပံခုံကျေးရွာလေးမှာပါ
People who like this post => (2)