Post Expired.
စိတ်ကူးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးလေးတစ်ခု လက်မလွတ်အောင် အမြန်ရယူလိုက်ပါနော်
အေးချမ်းသာယာတဲ့ ပန်းမြို့တော် (ပြင်ဦးလွင်) မှာ ကိုယ်ချစ်တဲ့မိသားစုလေးနဲ့ အေးအေးချမ်းချမ်း အနားယူချင်တယ်ဆိုရင် ဈေးအလွန်ချိုသာပြီး သွားလာရေးလွယ်ကူတဲ့ မြေကွက်လေး တစ်ကွက် ရောင်းဖို့ရှိပါတယ်။
နေရာက ပြင်ဦးလွင်မြို့လယ်ကနေ ကားနဲ့သွားရင် နာရီဝက်တောင် မကြာတဲ့ ရပ်ကွက်ကြီး ၂၁၊ သဲဖြူချောင်းရွာလေးမှာပါ။ တိုးချဲ့မြေမဟုတ်လို့ ရွာလယ်လမ်းမနဲ့ နီးနီးလေးမှာ ရှိပါတယ်နော်။
လုံးချင်းအိမ်လှလှလေးတစ်လုံးစိတ်ကြိုက်ဆောက်နိုင်မယ့် မြေအကျယ်လေးက ပေ ၄ဝ - ၆ဝ ပါ။ ရွာက လျှပ်စစ်မီးရော ရေရောရပါတယ်။ မြေအမျိုးအစားက ရွာမြေပါ။ ပိုင်ဆိုင်မှုအနေနဲ့ ပုံစံ ၁၀၅ မိတ္တူ အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ မြေအရောင်းအဝယ်စာချုပ်၊ မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ် တို့ပါဝင်ပါတယ်။
ပတ်ဝန်းကျင်မှာလည်း ချစ်စရာ အိမ်လှလှလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ရွာလေးမို့လို့ စိတ်ကြိုက်လာကြည့်ပြီး စိတ်တိုင်းကျမှ ဝယ်ပါနော်။
အရမ်းညွှန်းလွန်းလို့ ဈေးကြီးမလားဆိုပြီး စိုးရိမ်မနေပါနဲ့။
ရောင်းဈေး အလျော့အတင်းပါးပါးနဲ့ ဝယ်သူစိတ်ကြိုက်ဖြစ်အောင် ပိုင်ရှင်ကိုယ်တိုင်က ညှိနှိုင်းပေးမှာပါနော်။ ပိုင်ရှင်ကိုယ်တိုင် ကိုယ်ပိုင်အိမ်လေးဆောက်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ သေချာရှာပြီး ဝယ်ထားတဲ့ မြေကွက်လေးကို ငွေလိုနေလို့ ထုတ်ရောင်းရတာပါ။
ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါနော်။
People who like this post => (1)