နှစ်ထပ်လုံးချင်းတိုက်ရောင်းရန်ရှိသည်။

Click Photo To Enlarge

Posted on 3 Mar 2018 9:24 pm Views 1832 Ad Number S-4671037

Thaketa | Yangon Region

House

4 Bedroom(s) 1 Bathroom(s)

Price 1,600 Lakh (Kyats)

-ရန်ကုန်တိုင်း သာကေတမြို့နယ် (၁)ရပ်ကွက် အမှတ်(၁)ဈေးနဲ့အလွန်နီး သော နေရာကောင်းတစ်ခု ၊ (ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်)
-နှစ် ၆၀ ဂရံမြေ
-မြေအကျယ် ၂၀'×၇၅'ပေါ်ရှိ နှစ်ထပ်တိုက်အဆောက်အဦးကို အောက်ထပ် ၁၆'×၅၅' နှင့် အပေါ်ထပ် ၁၆'×၃၀'ဆောက်လုပ်ထား၍ ၁၃၆၀ sqftရှိသည်
-ဘုရားခန်း ၊ UPVC ဖြင့်ဖွဲ့ထားသော master bedroom (၁)ခန်း ၊ single bedroom (၂)ခန်း ၊ဧည့်ခန်း(၁၆'×၃၀')၊ ထမင်းစားခန်း၊လေသာဆောင်၊မီးဖိုခန်းနှင့် ဘိုထိုင် အိမ်သာ၊ Aircon ၃လုံးပါရှိပါသည်
-ဧည့်ခန်းနှင့်အပ်ါထပ်တစ်ထပ်လုံးကို ပျဉ်းကတိုးပါကေးခင်းထားပြီး တံခါးပေါက်တိုင်းကို smart ခြင်လုံဇကာ တပ်ဆင်ထားသည်
-တစ်အိမ်လုံးကို c channel မျက်နှာကျက် တပ်ဆင်ထားသည်
-ထမင်းစားခန်း မီးဖိုခန်း ရေချိုးခန်း အိမ်သာကို ကြွေပြားခင်း ကြွေပြားကပ်ပြီး
-မြောက်ဘက်လှည့် နေမထိုး
-ခြံဝင်းထဲ ကား၂စီးထားရန်အမိုးပါရှိ
-ခြံရှေ့လမ်းမအကျယ် ၁၈'ကျယ်၍မင်းနန္ဒာလမ်းမကြီး နှင့် ပေ၂၀၀သာကွာဝေးသောလမ်းဖြစ်ပြီးကွန်ကရစ်ခင်းရန်ရန်ကုန်တိုင်းလွှတ်တော် မှခွင့်ပြုချက်ကျပီးဖြစ်။
-အိမ်တစ်ခြမ်းသာရှိသောလမ်းဖြစ်ပြီး လမ်းတစ်ဘက်တွင် အထက်တန်း ကျောင်းသာရှိ၍ ကား၃စီးရပ်နိုင်သော ကိုယ်ပိုင်ကားပါကင်ရှိသည်။
-လျှပ်စစ်မီး၊ချိုးဖြူရေတွင်း
(မော်တာပါပြီး) အလွန်ကောင်း
-(၁)ဈေး ၊မူလတန်း ၊အထက်တန်း
ကျောင်းများသို့ ၂မိနစ်ခန့်၊၊ capital hypermarket၊ရွှေပုစွန်၊ CB Bank၊KBZ Bank၊ ဆေးရုံများသို့ ၅မိနစ်ခန့်သာ (လမ်းလျှောက်)
-အလင်းရောင် လေဝင်လေထွက်
ကောင်း
-ပေးရသောဈေးနဲ့ တန်သော
အနေအထား(ဈေးနှုန်း ညှိနှိုင်း)
-ကြော်ငြာထားသည့်အတိုင်း မှန်ကန်ကြောင်း တာဝန်ယူပါသည်။
-ကန်ထရိုက် ၆ထပ်တိုက် ဆောက်လုပ်လျှင်လည်း အကျိုးအမြတ်
ရှိနိုင်။ ကိုယ်တိုင်နေထိုင်ပါကလည်း
အသင့်နေထိုင်ရုံသာ
စုံစမ်း ဝယ်ယူလိုပါက တစ်ရက် ကြိုတင် ချိန်းဆိုပါရန်

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

အခြား ရောင်းရန် အိမ်ခြံမြေများ


Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store