အမည်ပေါက်ကွယ်လွန်ပါက အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူ သားသမီးများမှ ပိုင်ဆိုင် မှု ခိုင်မာစေရန် ဥပဒေအတိုင်း အမည်ပြောင်းလျှောက်ထားမှု ဆောင်ရွက်ရန် လိုပါသည်။
အမည်ပြောင်း လျှောက်ထားသည့်အခါ အမွေဆက်ခံသူများမှ မြေပုံ / မြေရာဇဝင် ကူးယူရမည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ မြေယာစီမံ ခန့်ခွဲမှု ဌာနတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံလျှောက်ထားရာ၌ ဂရန်မြေဖြစ်ပါက မြေငှားဂရန်မူရင်း၊ ဘိုးဘွားပိုင်မြေဖြစ်လျှင် အမည်ပေါက် မှတ်ပုံတင်စာချုပ်မူရင်း၊ သေ စာရင်းမူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း ၊ မှတ်ပုံတင်မူရင်း၊ မြေခွန်ပြေစာမူရင်း၊ ကျိမ်း ကျိန်လွှာ၊ ထောက်ခံကျမ်းကျိန်တို့ဖြင့် တင်ပြလျှောက်ထားခြင်း ပြုနိုင်ပါသည်။
ဌာနမှ သတ်မှတ်လျှောက်လွှာဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ဌာနမှ လုပ်ငန်း စဉ်အလိုက် သတ်မှတ်ဝန်ဆောင်ခနှင့် သတင်းစာ ဝန်ဆောင်ခအားလဲ ပေးသွင်းရပါမည်။ မြေပုံထွက်ရှိသောအခါ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာချုပ်အား မှတ်ပုံတင် ရုံးတွင် သွားရောက်ချုပ်ဆိုကာ စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှုဌာနတွင် ဂရန်အမည်ပြောင်း ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ မြေကွက် အမျိုးအစား၊ အကျယ် အဝန်းအလိုက် မြေပုံဝန်ဆောင်ခနှင့် အမည်ပြောင်း ဝန်ဆောင်ခမှာ ကွာခြားမှုရှိမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့