975 Views

မင်္ဂလာပါရှင်။ ညီမ တိုက်ခန်းဝယ်ယူလိုက်ပါတယ်။ စာရွက်စာတမ်းလည်း အစုံအလင်ရထားပါတယ်ရှင်။ မြေရှင်လက်မှတ်လည်း ထိုးထားပြီး ရပ်ကွက်ရုံးကိုလည်း အကြောင်းကြားထားပြီး စာချုပ်မှာလည်း ရပ်ကွက်ရုံးက အသိအမှတ်ပြု တံဆိပ်တုံး ထုထားပေးပါတယ်ရှင်။ ဝယ်ယူလိုက်တဲ့ အခန်းမှာတော့ မူလ ပိုင်ရှင်က လချုပ်နဲ့ငှားထားတဲ့ အငှားရှိပါတယ်ရှင်။ စာချုပ် လပြည့်ဖို့တော့ သုံးလ လိုပါသေးတယ်။ ညီမလည်း စာချုပ်ပြည့်မှ အိမ်ငှားကို ပြောင်းပေးဖို့ သဘောတူလိုက်ပါတယ်။ ရောင်းတဲ့သူကလည်း ညီမကို ငှားထားတဲ့သုံးလစာ ပြန်အမ်းပေးပြီး အိမ်ငှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပေးလိုက်ပါတယ်။ ခုက အိမ်ငှားနဲ့ ညီမတို့နဲ့စာချုပ်ပြန်ချုပ်ဖို့ကို အိမ်ငှားက ခရီးသွားနေလို့ ပြန်လာရင် ချုပ်ပေးမယ်လို့ ပြောပါတယ်ရှင်။ အဲ့တာလေးနဲ့ပတ်သက်ပြီး ဘာပြဿနာရှိနိုင်လဲ သိချင်လို့ပါရှင့်။

မေးသူ - Moe Thuzar

[Unicode]


အိမ်ခြံမြေများ၊ တိုက်ခန်းများ ဝယ်ယူရာတွင် ရောင်းချသည့် အချိန်တွင် အငှားချထားသည့် တိုက်ခန်း သို့မဟုတ် အိမ်ခြံမြေအား ဝယ်ယူမိပါက ကြိုတင် ပြင်ဆင်ထားရမည့် အချက်များ ရှိပါသည်။ ဝယ်ယူသည့် အချိန်တွင် အငှားချထားလျက်ရှိသော တိုက်ခန်း သို့မဟုတ် အိမ်ခြံမြေများနှင့်စပ်ဆက်ပြီး ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားဖွယ်ရာများကို ကြိုတင် ပြင်ဆင် ကာကွယ်ထားမှသာ အဆိုပါ တိုက်ခန်း သို့မဟုတ် အိမ်ခြံမြေအား ဝယ်ယူမည့်သူအနေဖြင့် ထိခိုက်နစ်နာမှုများကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

အငှားချထားသည့်ဥပစာကို ဝယ်ယူမိပါက အရောင်းအဝယ်ဆောင်ရွက်ရာတွင် အဆိုပါ အငှား ချ ထားခြင်းကို မဖြစ်မနေ ထည့်သွင်းသုံးသပ်ရမည် ဖြစ်ပါသည်။ အကယ်၍ အိမ်ငှားအနေဖြင့် အငှား စာချုပ်သက်တမ်းကုန်ဆုံးသော်လည်း ဥပစာမှ ဖယ်ရှားခြင်း မရှိသည့် အခြေအနေများနှင့် ကြုံတွေ့ လာပါက မလိုလားအပ်ဘဲ တရားစွဲဆိုရသည့် အခြေအနေများ ပေါ်ပေါက်လာနိုင်ပါသည်။

ယင်းကဲ့သို့သော ကိစ္စများတွင် အငှားချထားသည့် အိမ်အား ဝယ်ယူထားသည့် ဥပစာ ပိုင်ရှင် အသစ်နှင့် လက်ရှိနေထိုင်သည့် အိမ်ငှားအကြားတွင် အိမ်ရှင် အိမ်ငှား ဆက်သွယ်မှုတစ်ရပ်ဖြစ်သည့် တိကျ ခိုင်မာသော စာချုပ်မရှိပါက ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ဥပစာ ပိုင်ရှင်အသစ်အနေဖြင့် ခိုင်လုံသည့် သက်သေခံ အထောက်အထား (အိမ်ရှင်၊ အိမ်ငှား စာချုပ်) ကို တင်ပြနိုင်ခြင်းမရှိပါက အမှု(အိမ်ငှားနှင်လိုမှု)အား ပလပ်ခြင်း ခံရနိုင်ပါသည်။

သို့ဖြစ်ပါ၍ အချိန်တွင် အငှားချထားသည့် တိုက်ခန်း သို့မဟုတ် အိမ်ခြံမြေအား ဝယ်ယူရာတွင် လက်ရှိ ငှားရမ်းနေထိုင်သူနှင့် လက်ဝယ်ပိုင်ဆိုင်မည့် ပိုင်ရှင်အသစ်ကြားတွင် အိမ်ရှင်၊ အိမ်ငှား ဆက် သွယ်မှု တိကျခိုင်မာစွာ ပေါ်ပေါက်စေရန် အိမ်ရှင်၊ အိမ်ငှား စာချုပ်အသစ်အား မဖြစ်မနေ ထပ်မံ ချုပ်ဆိုပြီး ငှားရမ်းခများ ရယူထားရန်နှင့် မူလအိမ်ပိုင်ရှင်နှင့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် လည်း လက်ရှိနေထိုင်သည့် အိမ်ငှားနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်း အနေဖြင့် အမှုကိစ္စအ၀၀ကို ပြီးပြတ်သည်အထိ ၎င်း၏စရိတ်ဖြင့် ကျခံ ဖြေရှင်းပေးရန် ထည့်သွင်း ချုပ် ဆိုသင့်ကြောင်း အကြံပြုလိုပါသည်။

 

[Zawgyi]

မဂၤလာပါရွင္။ ညီမ တုိက္ခန္း၀ယ္ယူလုိက္ပါတယ္။ စာရြက္စာတမ္းလည္း အစံုအလင္ရထားပါတယ္ရွင္။ ေျမရွင္လက္မွတ္လည္း ထိုးထားျပီး ရပ္ကြက္ရံုးကိုလည္း အေၾကာင္းၾကားထားျပီး စာခ်ဳပ္မွာလည္း ရပ္ကြက္ရံုးက အသိအမွတ္ျပဳ တံဆိပ္တံုး ထုထားေပးပါတယ္ရွင္။ ၀ယ္ယူလိုက္တဲ့ အခန္းမွာေတာ့ မူလ ပိုင္ရွင္က လခ်ဳပ္နဲ့ငွားထားတဲ့ အငွားရွိပါတယ္ရွင္။ စာခ်ဳပ္ လျပည့္ဖို႕ေတာ့ သံုးလ လုိပါေသးတယ္။ ညီမလည္း စာခ်ဳပ္ျပည့္မွ အိမ္ငွားကို ေျပာင္းေပးဖို့ သေဘာတူလိုက္ပါတယ္။ ေရာင္းတဲ့သူကလည္း ညီမကို ငွားထားတဲ့သံုးလစာ ျပန္အမ္းေပးျပီး အိမ္ငွားနဲ့ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ေပးလိုက္ပါတယ္။ ခုက အိမ္ငွားနဲ႕ ညီမတို့နဲ႕စာခ်ဳပ္ျပန္ခ်ဳပ္ဖို႕ကို အိမ္ငွားက ခရီးသြားေနလို႕ ျပန္လာရင္ ခ်ဳပ္ေပးမယ္လို႕ ေျပာပါတယ္ရွင္။ အဲ့တာေလးနဲ႕ပတ္သက္ျပီး ဘာျပႆနာရွိနိုင္လဲ သိခ်င္လို႕ပါရွင့္။

ေမးသူ- Moe Thuzar

 

အိမ္ျခံေျမမ်ား၊ တိုက္ခန္းမ်ား ၀ယ္ယူရာတြင္ ေရာင္းခ်သည့္ အခ်ိန္တြင္ အငွားခ်ထားသည့္ တိုက္ခန္း သို႔မဟုတ္ အိမ္ျခံေျမအား ၀ယ္ယူမိပါက ႀကိဳတင္ ျပင္ဆင္ထားရမည့္ အခ်က္မ်ား ရွိပါသည္။ ၀ယ္ယူသည့္ အခ်ိန္တြင္ အငွားခ်ထားလ်က္ရွိေသာ တိုက္ခန္း သို႔မဟုတ္ အိမ္ျခံေျမမ်ားႏွင့္စပ္ဆက္ၿပီး ေပၚေပါက္လာႏိုင္သည့္ အျငင္းပြားဖြယ္ရာမ်ားကို ႀကိဳတင္ ျပင္ဆင္ ကာကြယ္ထားမွသာ အဆိုပါ တိုက္ခန္း သို႔မဟုတ္ အိမ္ျခံေျမအား ၀ယ္ယူမည့္သူအေနျဖင့္ ထိခိုက္နစ္နာမႈမ်ားကို ေရွာင္ရွားႏိုင္မည္ ျဖစ္ပါသည္။

အငွားခ်ထားသည့္ဥပစာကို ၀ယ္ယူမိပါက အေရာင္းအ၀ယ္ေဆာင္ရြက္ရာတြင္ အဆိုပါ အငွား ခ် ထားျခင္းကို မျဖစ္မေန ထည့္သြင္းသံုးသပ္ရမည္ ျဖစ္ပါသည္။ အကယ္၍ အိမ္ငွားအေနျဖင့္ အငွား စာခ်ဳပ္သက္တမ္းကုန္ဆံုးေသာ္လည္း ဥပစာမွ ဖယ္ရွားျခင္း မရွိသည့္ အေျခအေနမ်ားႏွင့္ ၾကံဳေတြ႕ လာပါက မလိုလားအပ္ဘဲ တရားစြဲဆိုရသည့္ အေျခအေနမ်ား ေပၚေပါက္လာႏိုင္ပါသည္။

ယင္းကဲ့သို႔ေသာ ကိစၥမ်ားတြင္ အငွားခ်ထားသည့္ အိမ္အား ၀ယ္ယူထားသည့္ ဥပစာ ပိုင္ရွင္ အသစ္ႏွင့္ လက္ရွိေနထိုင္သည့္ အိမ္ငွားအၾကားတြင္ အိမ္ရွင္ အိမ္ငွား ဆက္သြယ္မႈတစ္ရပ္ျဖစ္သည့္ တိက် ခိုင္မာေသာ စာခ်ဳပ္မရွိပါက ေပၚေပါက္လာႏိုင္သည့္ အျငင္းပြားမႈမ်ားကို ေျဖရွင္းရာတြင္ ဥပစာ ပိုင္ရွင္အသစ္အေနျဖင့္ ခိုင္လံုသည့္ သက္ေသခံ အေထာက္အထား (အိမ္ရွင္၊ အိမ္ငွား စာခ်ဳပ္) ကို တင္ျပႏိုင္ျခင္းမရွိပါက အမႈ(အိမ္ငွားႏွင္လိုမႈ)အား ပလပ္ျခင္း ခံရႏိုင္ပါသည္။

သို႔ျဖစ္ပါ၍ အခ်ိန္တြင္ အငွားခ်ထားသည့္ တိုက္ခန္း သို႔မဟုတ္ အိမ္ျခံေျမအား ၀ယ္ယူရာတြင္ လက္ရွိ ငွားရမ္းေနထိုင္သူႏွင့္ လက္၀ယ္ပိုင္ဆိုင္မည့္ ပိုင္ရွင္အသစ္ၾကားတြင္ အိမ္ရွင္၊ အိမ္ငွား ဆက္ သြယ္မႈ တိက်ခိုင္မာစြာ ေပၚေပါက္ေစရန္ အိမ္ရွင္၊ အိမ္ငွား စာခ်ဳပ္အသစ္အား မျဖစ္မေန ထပ္မံ ခ်ဳပ္ဆိုၿပီး ငွားရမ္းခမ်ား ရယူထားရန္ႏွင့္ မူလအိမ္ပိုင္ရွင္ႏွင့္ အေရာင္းအ၀ယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ လည္း လက္ရွိေနထိုင္သည့္ အိမ္ငွားႏွင့္စပ္လ်ဉ္းသည့္ အျငင္းပြားမႈတစ္စံုတစ္ရာ ေပၚေပါက္လာပါက ၎ အေနျဖင့္ အမႈကိစၥအ၀၀ကို ၿပီးျပတ္သည္အထိ ၎၏စရိတ္ျဖင့္ က်ခံ ေျဖရွင္းေပးရန္ ထည့္သြင္း ခ်ဳပ္ ဆိုသင့္ေၾကာင္း အၾကံျပဳလိုပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)