1339 Views
ကျွန်တော်အခုနေတာ ပေ၂၀ ပေ၆၀ ဂရံအမည်ပေါက်မြေမှာ ၉ပေ ၅၅ပေ ကို အိမ်ဆောက်နေပါတယ်ဆရာ။အိမ်ဘေးမှာက ပိုနေတဲ့မြေကွက် ၁၀ပေ ပေ၆၀ ရှိပါတယ်ဆရာ။ အခုက အဲ့မြေလေးက်ို ၈ပေ ၁၅ပေ လောက်ရှိတဲ အခန်းလေးတစ်ခန်းဆောက်ချင်လို့ပါ အိမ်ဆောက်သလိုမျိုးခွင့်ပြုမိန့်တွေ ပါမစ်တွေယူရသေးလား ခင်ဗျာ။ ယူရရင်ကော ဘယ်လိုမျိုး လုပ်ဆောင်ရပါသလဲ သိလိုပါတယ်ဆရာ။
မေးသူ - Min Thu Khant
[Unicode]
ဂရန်အမည်ပေါက်ထံတွင် ဝယ်ယူထားသည့်အတွက် ဝယ်ယူသူညွှန်ပြထားသည့် သူတစ်ဦးကို အထူးကိုယ်စား လှယ်လွှဲစာပေးအပ်ထားပါသလား။ အကယ်၍ ပါဝါရယူထားသူရှိပါက ၎င်းမှအိမ်ဆောက်လုပ်ခွင့် လျှောက်ထား ပေးရပါမယ်။ အစိုးရပိုင်မြေပေါ်တွင် မြေငှားဂရန်စာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်သည့်အတွက် ဆောက်လုပ်ခွင့် ပြုမိန့်ကျမှ ဆောက်လုပ်ခွင့်ရှိပါတယ်။ ခွင့်ပြုမိန့်လျှောက်ထားလိုပါက ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှေ့နေရှေ့ရပ်များနှင့် လာရောက်တိုင်ပင်နိုင်ပါကြောင်း ၊ ဆောက်လုပ်ခွင့်ကျရန် ဝန်ဆောင်မှုများကို iMyanmarHouse Company မှ ရှေ့နေအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးပါကြောင်း အကြံပေး ရေးသားလိုက်ရပါတယ်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.
To Make Property Questions
Other Property Questions And Answers
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)