1328 Views

ကြၽန္ေတာ္ျခံကြက္ဝယ္မလို႔ပါ တသက္လံုးေနလို႔ရမယ့္ျခံလိုခ်င္ပါတယ္ ေျမအေၾကာင္းနားမလည္လို႔ပါ ဘယ္လိုေျမမ်ိဳးဝယ္သင့္ပါသလဲ။ေက်းဇူးျပဳ၍ေျဖၾကားေပးပါခင္ဗ်ာ

မေးသူ - ေက်ာ္ဝင္းထြန္း
[Unicode]
ရှေးဦးစွာ အရောင်းအဝယ်ပြုလုပ်နေသည့် မြေအမျိုးအစားများကို ပြောပြပေးပါမယ်။ မြေပိုင်မြေ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင်အခွင့်အရေးအဆင့်အတန်းရှိသည့် မြေကိုဆိုသည်။ ဘိုးဘွားပိုင်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မစိုက်ပျိုးသည့်မြေကို ဆိုသည်။ ပါမစ်မြေ ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ် နေထိုင်ခွင့်ပြုထားသောမြေကိုဆိုသည်။ မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများဥပဒေ ၇၊ ၈နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီက စည်းကမ်းချက်များသတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုသည်။ လယ်ယာမြေ ဆိုသည်မှာ လယ်မြေ ၊ ယာမြေ ၊ ကိုင်းကျွန်းမြေ ၊ တောင်ယာမြေ ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ ဟုသော် လည်းကောင်း၊ မြေနုကျွန်းမြေ ဟု သော်လည်းကောင်း သတ်မှတ်သည့် မြေများကိုဆိုလိုသည်။ ရန်ကုန်တွင် အဓိက အရောင်းအဝယ်ပြုလုပ်နေတာကတော့ မြေငှားဂရန်မြေ၊ ပါမစ်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေများဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအထောက်အထားအဖြစ် မြေငှားဂရန်မြေသည် ဂရန်စာအုပ် အထောက်အထားရှိပြီး မြေငှားဂရန်မြေကို ဝယ်ယူမည်ဆိုလျှင် အခြေပစ္စည်းဖြစ်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်းဖော်ပြရမှာဖြစ်ပါတယ်။ ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင်တော့ အခွန်အကောက်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ အခွန်ဆောင်ထားသည့်အထောက်အထား၊ အရောင်းအဝယ်ပြုလုပ်သည့် မြေကွက်၏ မြေပုံ၊ မြေရာဇဝင်တို့ဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး ဝယ်ယူရမှာဖြစ်ပါသည်။ ထိုသို့ ဝယ်ယူပြီးလျှင် စည်ပင်သာယာရေးကော်မတီတွင် ဂရန်အမည် ပြောင်းလျှောက်ထားခြင်းဖြင့် မိမိအမည်ပေါက်ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါသည်။ ပါမစ်မြေသည် သက်ဆိုင်ရာဌာနမှထုတ်ပေးသည့် မြေချထားပေးသူအမည်ဖြင့် ပါမစ်မူရင်းသည် ပိုင်ဆိုင်မှုအထောက်အထားဖြစ်ပြီး ကြားထဲတွင် လွှဲပြောင်းရောင်းချထားသည့် စာချုပ်အဆက်ဆက်ဖြင့် အရောင်းအဝယ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူပြီးပါက စည်ပင်သာယာရေးကော်မတီတွင် ဂရန် လျှောက်ထားရမှာဖြစ်ပါတယ်။ ထိုသို့မှသာ ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။ မြေပိုင်မြေနှင့် ဘိုးဘွားပိုင်မြေတို့သည် မှတ်ပုံတင်စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်မှုအထောက်အထား ဖြစ်ပါသည်။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးနောက် စည်ပင်သာယာရေးကော်မတီတွင် အမည်ပြောင်းလျှောက်ထားခြင်းဖြင့် မိမိအမည်ပေါက်ပိုင်ဆိုင်မှာဖြစ်ပါသည်။ လယ်ယာမြေ မှာ မှ လယ်မြေကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ရရှိပြီးပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ မေလတွင် အမိန့်ညွှန်ကြားချက်ဖြင့် တရားဝင်လွှဲပြောင်းရောင်းချခွင့်ပြုလိုက်သဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုထားသော လယ်ယာ်မြေနှုန်းထားအရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်များပေးဆောင်စေပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုစေပြီး ချုပ်ဆိုထားသောစာချုပ်ကို ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် မှတ်ပုံတင်ဆောင်ရွက်ရမည်။ မှတ်ပုံတင်ပြီးနောက် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ကို အမည်ပြောင်းလျှောက်ထားရခြင်းကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇) ကိုအမည်ပြောင်းပြီးလျှင် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ကို လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားသည့် နည်းလမ်းအတိုင်း (၆) လအတွင် အကောင်အထည်ဖော်သုံးစွဲပြီး နောက် သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ ထို့ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ရရှိထားသည့် မြေကို ဝယ်ယူမည်ဆိုလျှင် ပိုင်ဆိုင်မှုခိုင်မာပါတယ်။ မြေပိုင်ဆိုင်မှုအထောက်အထားများကို ရှင်းပြထားတာဖြစ်သည့်အတွက် မိမိကြိုက်နှစ်သက်သည့် မြေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။ [Zawgyi] ေရွးဦးစြာ အေရာင္းအ၀ယ္ျပဳလုပ္ေနသည့္ ေျမအမ်ိဳးအစားမ်ားကို ေျပာျပေပးပါမယ္။ ေျမပိုင္ေျမ ဆိုသည္မွာ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း စနစ္တက် ၿမိဳ႕ကြက္ေဖာ္ထုတ္ကာ ေရာင္းခ်ခဲ့၍ ၀ယ္ယူပိုင္ဆိုင္ခဲ့ၿပီး ေျမပိုင္ရွင္အခြင့္အေရးအဆင့္အတန္းရွိသည့္ ေျမကိုဆိုသည္။ ဘိုးဘြားပိုင္ေျမ ဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား အက္ဥပေဒပုဒ္မ ၄၊ ပုဒ္မခြဲ (၁၀) အရ ဘိုးဘြားမိဘလက္ထက္ကပင္ ဓားမဦးခ်ပိုင္ဆိုင္လာ၍ လႊဲေျပာင္းဆက္ခံခြင့္ရွိေသာ မစိုက္ပ်ိဳးသည့္ေျမကို ဆိုသည္။ ပါမစ္ေျမ ဆိုသည္မွာ ေကာ္မတီက သတ္မွတ္သည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ လူေနအိမ္ သို႔မဟုတ္ အေဆာက္အအံုေဆာက္လုပ္ ေနထိုင္ခြင့္ျပဳထားေသာေျမကိုဆိုသည္။ ေျမငွားဂရန္ေျမ ဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ားဥပေဒ ၇၊ ၈ႏွင့္ နည္းဥပေဒ အပိုဒ္ ၂၉ တို႔အရ ေကာ္မတီက စည္းကမ္းခ်က္မ်ားသတ္မွတ္ၿပီး ႏွစ္ကာလ အပိုင္းအျခားသတ္မွတ္၍ ေျမငွားစာခ်ဳပ္ျဖင့္ အငွားခ်ထားသည့္ေျမကိုဆိုသည္။ လယ္ယာေျမ ဆိုသည္မွာ လယ္ေျမ ၊ ယာေျမ ၊ ကိုင္းကြ်န္းေျမ ၊ ေတာင္ယာေျမ ၊ နွစ္ရွည္ပင္စိုက္ပ်ိဳးေသာေျမ၊ ဓနိေျမ၊ ဥယ်ာဉ္ေျမ ဟုေသာ္လည္းေကာင္း၊ ဟင္းသီးဟင္းရြက္၊ ပန္းမန္စိုက္ပ်ိုးသည့္ ျခံေျမ ဟုေသာ္ လည္းေကာင္း၊ ေျမနုကြ်န္းေျမ ဟု ေသာ္လည္းေကာင္း သတ္မွတ္သည့္ ေျမမ်ားကိုဆိုလိုသည္။ ရန္ကုန္တြင္ အဓိက အေရာင္းအ၀ယ္ျပဳလုပ္ေနတာကေတာ့ ေျမငွားဂရန္ေျမ၊ ပါမစ္ေျမ၊ ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမမ်ားျဖစ္ပါတယ္။ ပိုင္ဆိုင္မႈအေထာက္အထားအျဖစ္ ေျမငွားဂရန္ေျမသည္ ဂရန္စာအုပ္ အေထာက္အထားရွိၿပီး ေျမငွားဂရန္ေျမကို ၀ယ္ယူမည္ဆိုလွ်င္ အေျခပစၥည္းျဖစ္သည့္ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း၀ယ္ယူျခင္းအတြက္ ၀င္ေငြရလမ္းေဖာ္ျပရမွာျဖစ္ပါတယ္။ ၀င္ေငြရလမ္းမေဖာ္ျပႏိုင္လွ်င္ေတာ့ အခြန္အေကာက္ဥပေဒႏွင့္အညီ အခြန္ေပးေဆာင္ရမွာျဖစ္ပါတယ္။ အခြန္ေဆာင္ထားသည့္အေထာက္အထား၊ အေရာင္းအ၀ယ္ျပဳလုပ္သည့္ ေျမကြက္၏ ေျမပံု၊ ေျမရာဇ၀င္တို႔ျဖင့္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ မွတ္ပံုတင္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ၀ယ္ယူရမွာျဖစ္ပါသည္။ ထိုသို႔ ၀ယ္ယူၿပီးလွ်င္ စည္ပင္သာယာေရးေကာ္မတီတြင္ ဂရန္အမည္ ေျပာင္းေလွ်ာက္ထားျခင္းျဖင့္ မိမိအမည္ေပါက္ပိုင္ဆိုင္ခြင့္ရမွာျဖစ္ပါသည္။ ပါမစ္ေျမသည္ သက္ဆိုင္ရာဌာနမွထုတ္ေပးသည့္ ေျမခ်ထားေပးသူအမည္ျဖင့္ ပါမစ္မူရင္းသည္ ပိုင္ဆိုင္မႈအေထာက္အထားျဖစ္ၿပီး ၾကားထဲတြင္ လႊဲေျပာင္းေရာင္းခ်ထားသည့္ စာခ်ဳပ္အဆက္ဆက္ျဖင့္ အေရာင္းအ၀ယ္ျပဳလုပ္ရမွာျဖစ္ပါတယ္။ ပါမစ္ေျမကို ၀ယ္ယူၿပီးပါက စည္ပင္သာယာေရးေကာ္မတီတြင္ ဂရန္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ထိုသို႔မွသာ ပိုင္ဆိုင္မႈခိုင္မာမွာျဖစ္ပါသည္။ ေျမပိုင္ေျမႏွင့္ ဘိုးဘြားပိုင္ေျမတို႔သည္ မွတ္ပံုတင္စာခ်ဳပ္အဆက္ဆက္ျဖင့္ ပိုင္ဆိုင္မႈအေထာက္အထား ျဖစ္ပါသည္။ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ စည္ပင္သာယာေရးေကာ္မတီတြင္ အမည္ေျပာင္းေလွ်ာက္ထားျခင္းျဖင့္ မိမိအမည္ေပါက္ပိုင္ဆိုင္မွာျဖစ္ပါသည္။ လယ္ယာေျမ မွာ မွ လယ္ေျမကို လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ (၇) ရရွိၿပီးပါက ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕မွ ၂၀၁၉ ခုႏွစ္၊ ေမလတြင္ အမိန္႔ၫႊန္ၾကားခ်က္ျဖင့္ တရား၀င္လႊဲေျပာင္းေရာင္းခ်ခြင့္ျပဳလိုက္သျဖင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ စိစစ္အတည္ျပဳထားေသာ လယ္ယာ္ေျမႏႈန္းထားအရ ထိုက္သင့္သည့္ တံဆိပ္ေခါင္းခြန္မ်ားေပးေဆာင္ေစၿပီး ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔ ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးခ်ဳပ္ဆိုေစၿပီး ခ်ဳပ္ဆိုထားေသာစာခ်ဳပ္ကို ရက္ေပါင္း (၁၂၀) အတြင္း သက္ဆိုင္ရာၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနရံုးတြင္ မွတ္ပံုတင္ေဆာင္ရြက္ရမည္။ မွတ္ပံုတင္ၿပီးေနာက္ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ကို အမည္ေျပာင္းေလွ်ာက္ထားရျခင္းကို ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနရံုးတြင္ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ လယ္ယာေျမ လုပ္ကိုင္ခြင့္လက္မွတ္ပံုစံ (၇) ကိုအမည္ေျပာင္းၿပီးလွ်င္ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ လ/ယ ၃၀ကို ေလွ်ာက္ထားရမွာျဖစ္ၿပီး ေလွ်ာက္ထားသည့္ နည္းလမ္းအတိုင္း (၆) လအတြင္ အေကာင္အထည္ေဖာ္သံုးစဲြၿပီး ေနာက္ သက္ဆိုင္ရာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ဂရန္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ထို႔ေၾကာင့္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ (၇) ရရွိထားသည့္ ေျမကို ၀ယ္ယူမည္ဆိုလွ်င္ ပိုင္ဆိုင္မႈခိုင္မာပါတယ္။ ေျမပိုင္ဆိုင္မႈအေထာက္အထားမ်ားကို ရွင္းျပထားတာျဖစ္သည့္အတြက္ မိမိႀကိဳက္ႏွစ္သက္သည့္ ေျမကို ေရြးခ်ယ္၀ယ္ယူႏိုင္မွာျဖစ္ပါေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)