1006 Views

သေတမ်းစာကိုဥပဒေအရတရားဝင်အောင် ဘယ်လိုဆောင်ရွက်ရပါသလဲ ?

မေးသူ - အောင်အောင်
ဗုဒ္ဓဘာသာဝင်များအနေဖြင့် သေတမ်းစာရေးခွင့်မရှိပါ။ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာဝင်များအနေဖြင့် သေတမ်းစာရေးခွင့်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် သားသမီးများ ဖြစ်ကြသည့် အမွေစားအမွေခံများအားလုံး၏ သဘောတူညီချက်ဖြင့် အမွေခွဲဝေရန် မိသားစုစီမံမှု ပြုလုပ်နိုင်ပါသည်။
သေတမ်းစာကို ရေးသားသူသက်ရှိထင်ရှားရှိစဉ် မည်သည့်အချိန်၌မဆိုရေးသားခွင့်ရှိပြီး မည်သည့်အချိန်မဆို ပြန်လည်ရုပ်သိမ်းခွင့်ရှိပါသည်။ သေတမ်းစာပြုလုပ်သူသည် သေတမ်းစာ၌ သေတမ်းစာအရ ဆောင်ရွက်သူတစ်ဦးခန့်ထားရပါမည်။ သေတမ်းကို စာဖြင့်ရေးသားပြီး သက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးရပါမည်။ သေတမ်းစာရေးသားသူသည် သေတမ်းစာ ကို စာအိတ်တွင်ထည့်သွင်း၍ ချိပ်တံဆိပ်နှိပ်ပြီး ယင်းစာအိတ်ပေါ်တွင် သေတမ်းစာရေးသားသူအမည် နှင့်တကွ မည်သည့်စာချုပ်စာတမ်းမျိုးဖြစ်ကြောင်း ဖော်ပြရေးသားကာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး တွင် မှတ်ပုံတင်ပြီး အပ်နှံထားရပါမည်။ မှတ်ပုံတင်အရာရှိမှ ချိတ်တံဆိပ်ခတ်နှိပ်ပါရှိသည့်စာအိတ်ကို သိမ်းဆည်းထားရပါတယ်။ သေတမ်းစာရေးသားသူက အပ်နှံထားသည့် သေတမ်းစာအိတ်ကို ပြန်ပေးရန် လျှောက်ထားခွင့်ရှိသည်။ သေတမ်းစာရေးသားသူ သေဆုံးလျှင် သေတမ်းစာထုတ်ပေးရန် လျှောက်ထားလာပါက သေဆုံးကြောင်း သေချာလျှင် လျှောက်ထားသူရှေ့တွင် သေတမ်းစာအိတ်ကိုဖွင့်၍ စာအိတ်အတွင်း ပါရှိသည့်စာကို ရေးကူးပြီးလျှင် မှတ်ပုံတင်အရာရှိက မူလသေတမ်းစာကို သိမ်းထားမြဲ သိမ်းထားရပါမည်။ ထို့နောက် အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ (၂၂၂) အရ သေတမ်းစာဆောင်ရွက်ခွင့်ရှိသူ ကသာ သက်ဆိုင်ရာတရားရုံး၌ သေတမ်းစာအတည်ပြုပေးရန် လျှောက်ထားရပါမည်။ သေတမ်းစာအတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။ စာချုပ်မှတ်ပုံတင်ခသာ ပေးသွင်းရမှာဖြစ် ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)