765 Views

ကျွန်တော်ကန်ထရိုက်တိုက်ခန်းဝယ်ပြီး BBC ကျလိုအိမ်ပြောင်းရွှေ့တောမယ်။ မြေပိုင်ကို မြေငှားရမ်းခမပေးမနေရ ပေးရတာလား။ ပြီးတော့ ၁လတစ်သောင်းတောင်းပါတယ်... ပေးရင်လည်း ၁ နှစ်စပေးရမယ်လို ပြောပါတယ်။ ရေဖိုး မပါသေးဘူးခင်ဗျာ။ ကျွန်တော်ကကန်ထရိုက်ဘက်ခြမ်းကိုဝယ်ထားတာ။တစ်ချက်လောက်ကူညီပေးပါဦး။

မေးသူ - ဦးဇွဲထိုက်ဇော်
တိုက်ခန်းဝယ်ယူခြင်းသည် မြေကိုပိုင်ဆိုင်မှုမပါဝင်၍ မြေပိုင်ရှင်၏ မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ် သောကြောင့် ၄င်းအား မြေငှားရမ်းခပေးချေရခြင်းဖြစ်ပါသည်။ ကန်ထရိုက်တာထံမှ ဝယ်ယူခြင်း၊ မြေရှင်ထံမှ ဝယ်ယူခြင်း မည်သည့်ဝယ်ယူခြင်းမဆို မြေငှားခပေးရပါသည်။ ကန်ထရိုက်ပိုင်ဆိုင်သည့် မြေဆိုလျှင်လည်း ကန်ထရိုက်တာကို မြေငှားခပေးရပါတယ်။
မြေငှားရမ်းခနှုန်းထားများသည် မြို့နယ်တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ အကောင်းဆုံးကတော့ ဝယ်ယူထားတဲ့ တိုက်ခန်း ပတ်ဝန်းကျင်ရှိ အခြားတိုက်ခန်းများကို မေးမြန်းစုံစမ်းခြင်းဖြင့် မြေငှားခနှုန်းကို သိရှိနိုင်ပါတယ်။ လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၁၀၀၀ိ/- ကျပ်မှ စတင်ကာ ၅၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါသည်။ ပေးချေပုံတွေကတော့ မြေရှင်ပေါ်မူတည်ပါတယ် တစ်လခြင်း ကောက်ခံကျသလို၊ တစ်နှစ်စာ ကောက်ခံခြင်းလည်းရှိပါတယ်။ မြေရှင်တောင်းခံသည့် နှုန်းထားသည် ဦးဇွဲထိုက်ဇော်တို့ တိုက်တစ်ခုတည်းများနေခြင်းဖြစ်သည်ဆိုလျှင် သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးကို တိုင်ကြားဖြေရှင်းခိုင်းလို့ရပါတယ်။ ရေဖိုးနှင့်ပတ်သက်လျှင်လည်း မီတာတစ်ခု တည်းကနေ တိုက်တစ်တိုက်လုံး စုပေါင်းသုံးခြင်းဖြစ်၍ အချိုးကျ ကျခံရပါတယ်။ အကောင်းဆုံးကတော့ တိုက်ခန်းဝယ်ယူခြင်း မပြုခင်ကတည်းက မြေဖိုး၊ ရေဖိုး တစ်ခါတည်းမေးမြန်းပြီးမှ ဝယ်ယူတာအကောင်းဆုံးပါလို့ ရှင်းလင်း အကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)