739 Views

ကျွန်တော်တို့ရွာမှာအဒေါ်ရဲ့ ခြံမြေအဖြစ်အမည်ပေါက်ထားတဲ့မြေပေါ်မှာ အမျိုးတွေကြီးပဲ အိမ်ခြေ ၁၄ အိမ် နေကြပါတယ်။ နေလာတာလဲ နှစ် ၃၀ လောက်ရှိပါပြီးအခုကျတော့ အဒေါ်ရဲ့ သမက်က လက်ရှိဆောက်ထားတဲ့ အိမ်ကိုမြေတိုင်းစာရေးနဲ့ရပ်ကွက်လူကြီးတွေ တိုင်းထွာပြီးပေဘယ်လောက်ရှိတယ် ဘယ်လောက် ပေးရမယ်ဆိုပြီး ပြောပါတယ်။ တစ်အိမ်နဲ့တစ်အိမ် အကျယ်အဝန်းပေါ်မူတည်ပြီးဈေးကလဲမတူပါဘူး။ ပြီးတော့ ဒီအတိုင်း မြေအရောင်း အဝယ်စာချုပ်မှာသူတို့ရောင်းလိုက်ကြောင်းပဲလက်မှတ်ထိုးပေးပါတယ်။ ဆရာအဲလိုရောင်းလို့ရပါသလား?။

မေးသူ - ကိုညီသက်
ရွာမြေလို့ခေါ်တဲ့ ဥယျာဉ်ခြံမြေအမျိုးအစားဖြစ်ပါသည်။ ဥယျာဉ်ခြံမြေကို ဂရန်မလျှောက်ခင် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)လျှောက်ရပါတယ်။ ပုံစံ(၇)ရလျှင် လယ်ယာမြေလုပ်ခွင့်ရပါပြီး တနည်း အားဖြင့် တရားဝင်မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆို၍ အရောင်းအ၀ယ် လုပ်လို့ရပြီဖြစ်ပါသည်။ ပုံစံ(၇)ရပြီး အချိန်နည်းနည်းကြာလျှင်တော့ အခြားနည်းသုံးစွဲခွင့် (လ/ယ ၃၀) လျှောက်ထားလို့ရပါသည်။ အခြားနည်းသုံးစွဲခွင့် ရရှိသည့်အခါ ကြိုက်သလို ရောင်းချခွင့်၊ အိမ်ဆောက်ခွင့်ရရှိသွားပြီဖြစ်ပါသည်။
ပထမအချက်အနေနဲ့ အဒေါ်ဖြစ်သူ သက်ရှိထင်ရှားရှိတယ်ဆိုလျှင် အဒေါ်ရဲ့သမက်ဖြစ်သူက အမွေ ဆက်ခံခွင့် မရရှိသေးတာဖြစ်၍ အဒေါ်ဖြစ်သူ သဘောမတူဘဲရောင်းချခြင်း ပြုလုပ်လို့မရပါဘူး။ ဒုတိယအချက် အနေနဲ့ သမက်ကနေ အမွေဆက်ခံခွင့်ရထားတယ်ဆိုလျှင် ပုံစံ(၇)ရရှိပြီးသားဖြစ်လျှင် တရားဝင်မှတ်ပုံတင် အရောင်း အ၀ယ်စာချုပ်ဖြင့် ရောင်းချလို့ရပါတယ်။ ခွဲစိတ်ပြီးရောင်းချလို့တော့မရပါဘူး မြေကွက်တစ်ကွက်လုံး ရောင်းချလို့ ဘဲရပါတယ်။ ပုံစံ(၇)မှ အခြားနည်းသုံးစွဲခွင့် (လ/ယ ၃၀) ရထားတဲ့မြေဆိုလျှင် မြေကွက်ကို မြေစာရင်းဦးစီးဌာနတွင် မြေကွက် ခွဲစိတ်ဖို့ လျှောက်ထားလို့ရပါသည်။ ထို့ကြောင့် အဒေါ်ရဲ့သမက်က မြေတိုင်းစာရေးနဲ့ရပ်ကွက်လူကြီးတွေ တိုင်းထွာပြီးရောင်းခြင်းသည် အရပ် စာချုပ်နဲ့သာရောင်းချလို့ရပါသည်။ တရားဝင်မြေကွက်ခွဲစိတ်ထားသည့် မြေကိုသာ မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုလို့ရပါတယ်။ အရပ်စာချုပ် နဲ့ဝယ်ယူထားလျှင် မိမိအမည်သို့ အမည်ပြောင်းလို့မရပါဘူး။ ရောင်းချ ပိုင်ခွင့်အတွက် မြေအရောင်း အ၀ယ်စာချုပ်တွင် လက်မှတ်ထိုးရေးထိုးရာတွင်လည်း အဒေါ်ဖြစ်သူ သက်ရှိ ထင်ရှားရှိနေပါက ၄င်းမှ လက်မှတ်ထိုး ရောင်းချမှသာ တရားဝင်မှာဖြစ်ပြီး အကယ်၍ အဒေါ်သက်ရှိထင်ရှားမရှိပါက ၄င်း၏အမွေ ဆက်ခံခွင့်ရရှိသော သားသမီး၊ မြေး၊ မြစ်မှ လက်မှတ်ထိုး ရောင်းချမှသာလျှင် တရားဝင်စာချုပ် စာတမ်းဖြစ်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)