788 Views

မင်္ဂလာပါခင်ဗျာ ..ဒုတိယအကြိမ်မေးခြင်းဖြစ်ပါတယ် (၄၀x၆၀) ပေ မြေကွက်ကို ပေ(၂၀x၆၀) စီခွဲ၍ဝယ်ထားပါတယ်၊ တစ်ဦးမှသူဆန္ဒအရအိမ်ဆောက်လိုသဖြင့်ဂရံခွဲခြင်း အမည်ပေါက်လုပ်ခြင်းကုန်ကျငွေကိုအခြား ပေ(၂၀x၆၀)ပိုင်ရှင်မှအချိုးကျခံရပါသလား ကျန်ရှိသောဂရန် (၂၀x၆၀) ပေ သည်မူလမြေပိုင်ရှင်နံမည်အဖြင့်သာကျန်ရှိပါသည်။ လက်ရှိပိုင်ရှင်အမည်မပေါက်ပါ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ …

မေးသူ - ဦးဝေဇင်
ပေ၄၀×ပေ၆၀ မြေကွက်တစ်ကွက်ကို ပေ၂၀×ပေ၆၀ဖြင့် နှစ်ကွက်ခွဲရောင်းချထားသည်ဆိုလျှင် ၀ယ်ယူသူ နှစ်ဦးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ပူးတွဲ၍ တစ်ပြိုင်တည်းလျှောက်ထားခြင်းများ ဆောင်ရွက်ရပါမည်။
လုပ်ငန်းစဉ်များအနေဖြင့် (၁) ခွဲစိတ်မြေပုံလျှောက်ထားခြင်း အမှုတွဲနှစ်ခုဖွင့်လှစ်၍ တစ်ပြိုင်တည်း လျှောက်ထားရပါမည်။ (၂) ခွဲစိတ်မြေပုံရပြီဆိုရင် မြေကွက်ခွဲစိတ်ရန် အတည်ပြုတိုင်းခွဲလျှောက်ထားခြင်းအား အမှုတွဲ နှစ်ခုဖွင့်လှစ်၍ တစ်ပြိုင်တည်းလျှောက်ထားရပါမည်။ ထိုသို့လျှောက်ထားလျှင် လျှောက်ထားသူ တစ်ဦးစီအား မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၁)စုံနှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံ(၁)ပုံ စုစုပေါင်း မြေပုံ(၂)ပုံအား ထုတ်ပေးပါသည်။ (၃) ထိုအခါမှ ဂရန်ခွဲလျှောက်ထားခြင်းဆောင်ရွက်ရပါမည်။ ဌာနမှ ဂရန်ခွဲစိတ်ခွင့်ပြုပါက မူလအမည်ပေါက်သူအမည်ဖြင့် ဂရန်စာအုပ်မူရင်းအား တောင်းခံပါသည်။ မြေတိုင်းမှ ခွဲစိတ်ထားသည့် မြေကွက်၏ အတိုင်းအတာပါသည့် မြေပုံရေးဆွဲ၍ သီးခြားဂရန်ခွဲစာအုပ်ထုတ်ပေးပါသည်။ လက်ရှိဝယ်ယူထားသူများအမည်ဖြင့် သီးခြား ဂရန်စာအုပ်များရရှိမှာဖြစ်ပါသည်။ ထို့ကြောင့် တစ်ပြိုင်တည်းအမှုတွဲ နှစ်ခုဖွင့်လှစ်ရခြင်းဖြစ်သဖြင့် ကုန်ကျစရိတ်သည် အချိုးကျကုန်ကျသည် ဆိုသည်ထက် နှစ်ဦးပူးပေါင်းလျှောက်ထား၍ မိမိအမှုတွဲအတွက် သီးခြားစီအကုန်အကျခံရခြင်းဖြစ်ပါသည်။ အိမ်ဂရန် မူရင်းသည် ဌာနကိုပေးအပ်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၀ယ်သူနှစ်ဦးတို့ ပူးပေါင်းလျှောက်ထားမှသာ လုပ်ငန်းစဉ်အား မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)