1619 Views

မင်္ဂလာပါဆရာ သားသမီး(၄)ယောက်ရှိသည့်အနက် တစ်ယောက်တည်းကိုအမွေအားလုံးပေးပြီးဂရမ်အမည်ပေါက်ဖြစ်သွားကာမှ သားသမီးအားလုံးကိုခွဲပေးချင်နေပါတယ် ၊အခုအားလုံးရသွားသောသားမှ ဘာမှခွဲမပေးချင်ပါဘူးတဲ့ဆရာ ၊ မိဘအနေနဲ့အားလုံးအညီခွဲပေးချင်လို့ဘာများလုပ်လို့ရမလဲအကြံဥာဏ်တောင်းဆိုပါတယ်ဗျာ ။

မေးသူ - ဦးအောင်ဝင်း
"ဦး​အောင်​​၀င်း"​ သားကိုအ​မွေ​ပေးတာက တကယ်​​ပေးချင်​လို့မဟုတ်​ဘဲ အ​ကြောင်းတစ်​ခုခု​ကြောင့်​ ဟန်​​ဆောင်​​ပေးတာမျိုး ဖြစ်​ဖို့​တော့ လိုပါတယ်​။ တစ်​​ယောက်​တည်း​သော သားရဲ့ ဂရန်​အမည်​​ပေါက်​​ ဖြစ်​သွား​ပေမဲ့၊ ကျန်​သားသမီး(၃)ဦးကလည်း အ​မွေဆက်​ခံခွင့်​ ရှိပါတယ်​။ ဒီ​တော့ မိဘနှစ်​ပါး သက်​ရှိထင်​ရှားရှိစဉ်​မှာ ဂရန်​အမည်​​ပေါက်​​ သားဖြစ်​သူက အခြားသူတစ်​ဦးဦးကို ပြန်​​ရောင်းခဲ့မယ်​ဆိုရင်​​တော့ ပြန်​​ရောင်းလို့မရ​အောင်​ ရန်​ကုန်​မြို့​တော်​ စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ မြို့ပြစီမံကိန်းနှင့်​ ​မြေစီမံခန့်​ခွဲမှု ဌာနမှာ အ​ရောင်း​မြေပုံ ကူးတာတို့၊ တစ်​ဦးဦးကို​ပေးဖို့ ​မြေပုံကူးတာတို့ မလုပ်​ခင်​ ကန့်​ကွက်​လွှာ တင်​ထားရမယ်​။ နယ်​မြို့​တွေ ဆိုရင်​​တော့ မြို့နယ်​ လယ်​ယာ​မြေ စီမံခန့်ခွဲ​ရေး နှင့်​ စာရင်းအင်းဦးစီးဌာန (​ကြေးတိုင်​နှင့်​ ​မြေစာရင်းဦးစီးဋ္ဌာန )ရုံးကို သွားပြီး ကန့်​ကွက်​လွှာ တင်​ရမှာ​ပေါ့။
အဲ့ဒါဆိုရင်​​တော့ သားက​ရောင်းလို့မရ၊ ​ပေးလို့မရ၊ ရပ်​တန့်​​နေမှာ​ပေါ့။ အရပ်​ကတိ အ​ရောင်းအ၀ယ်​စာချုပ်​ နဲ့ ​ရောင်းရင်​​တော့ ရပြန်​တယ်​။ ဒါလည်း သိတာနဲ့ ၀ယ်​မယ့်​သူကို ကန့်​ကွက်​​ပေါ့။ ဂရန်​အမည်​​ပေါက်​​ သားက ကျန်​(၃)​ယောက်​ကိုလည်း ခွဲမ​ပေးဘူး။ ဒီအတိုင်းပဲ ဆက်​​နေမယ်​ဆိုရင်​​တော့ ဦး​အောင်​၀င်း အ​နေနဲ့"​မြေငှါးဂရန်​"ပယ်​ဖျက်​​ပေးပါရန်​နှင့်​ မိဘအမည်​​ပေါက်​ ပြန်​လည်​ပြုလုပ်​​ပေးပါရန်​ "တရားစွဲဆိုယူရမယ်​။ ဒါမှမဟုတ်​ မိဘပစ္စည်းကို သားဖြစ်​သူ အမည်​ငှါးထားခြင်း ဖြစ်​တဲ့အတွက်​ ​ ​ကြောင့်​ သားအမည်​​ပေါက်​ဂရန်​ဟာ အမည်​ငှါး ဖြစ်​​ကြောင်း မြွက်​ဟ​ကြေငြာ ​ပေး​စေလိုမှု နဲ့ တရားစွဲ​ပေါ့။ အဲ့ဒီလို တရားလည်းမစွဲချင်​ဘူး။ သားကလည်း ပြန်​မ​ရောင်းဘဲ ဒီအတိုင်းပဲ ​နေသွားမယ်​ဆိုရင်​​တော့ မိဘ​တွေကွယ်​လွန်​ ပြီးတဲ့​နောက်​မှာ ကျန်​သားသမီး (၃)ဦးက "အ​မွေပုံစီမံခန့်​ခွဲ​ပေး​စေလိုမှု" နဲ့ တရားစွဲပြီး ခွဲယူကြရမှာ ဖြစ်​ပါတယ်​လို့ အကြံ​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)