မင်္ဂလာပါရှင့် စည်ပင်က Owner book နဲ့ ၀ယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။တောင်ဥက္ကလာပဘက်မှာပါ။ ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ။ မှန်ကန်ခိုင်မာမှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။စည်ပင်ဌာနမှ စည်ပင်ဝန်ထမ်းများအားပေးထားသော အိမ်ရာ ဟုသိထားပါတယ်။ ၀န်ထမ်းအိမ်ရာအား ပြန်ရောင်း၍ ရ၊ မရ ၀ယ်သင့်မ၀ယ်သင့်သုံးသပ်ပေးပါရှင်။ ကျေးဇူးတင်ပါတယ်။
မေးသူ - မကလျာ စည်ပင်က Owner Book နဲ့ ထုတ်ပေးတဲ့ တိုက်ခန်းဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံဋ္ဌာန)(ယာ/အုံ) မှာ မှန်ကန်မှုရှိမရှိ စစ်ကြည့်လို့ရပါတယ်။ ....အဲ.... စည်ပင်ဝန်ထမ်းတွေကို ချပေးထားတဲ့ ၀န်ထမ်းအိမ်ရာဆိုရင်တော့ မ၀ယ်သင့်ပါဘူး။ ၀န်ထမ်းအိမ်ရာဖြစ်တဲ့ အတွက် စည်ပင်ဝန်ထမ်းများသာ အစဉ်အဆက်နေထိုင်ခွင့်ရှိပါတယ်။
အကောင်းဆုံးကတော့ အဲ့ဒီစည်ပင် Owner Book စာအုပ်မိတ္တူနဲ့ အင်ဂျင်နီယာ (အဆောက်အအုံ)ဋ္ဌာန (၁၀-ထပ်ရုံး)မှာ သွားရောက် မေးမြန်းစုံစမ်းပြီးမှ ၀ယ်
သင့်မ၀ယ်သင့်၊ ဆုံးဖြတ်ပါလို့ အကြံပေးလိုက်ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.