ဆရာခင်များကျွန်တော်ခြံက ပုံစံ၇ ရှိပါတယ် (၁)ဧကပါ မပြေလည်လို့တစ်ခြမ်းဖဲ့ရောင်းပါတယ် ရွာသားအချို့ကရွာလူကြီးနဲ့ပေါင်းပီး မရောင်းရအောင်ကြိုးစားကြပါတယ် ပုံစံ (၇)နဲ့မြေသူတို့နှောက်ယှက်မရတော့ ၀ယ်မယ့်သူကိုပုဒ်မတက်ကြပါတယ် ၊ ၀ယ်သူကမွေးနွားထားဖို့ပါခင်ဗျာ ဗမာနို့စားနွားမအကောင် ၂၀၀လောက်ပါ ခုလည်းထားထားပါပီယာမြေပေါ် နွားမထားရဆိုပီ (နှင်စာ) ၂ဆောင်ရှိပါပီ
ဝယ်သူတွေကနွားမထားရရင်ဝယ်မည်မဟုတ်ပါ အဲဒါ (နှင်စာ) ကိုဘယ်လိုဖြေရှင်းရပါမလဲ ခင်ဗျား၊တကယ်လို့ အခြားသုံးစွဲခွင့်လျှောက်မှကို ဖြစ်မယ်ဆိုရင်လည်း လျှောက်ပုံလျှောက်နည်းနဲ့ ကုန်ကျနိုင်တာလေး ဖြေဆိုပေးရန်တောင်းပန်ပါတယ်ဆရာ အခတ်အခဲဖြစ်နေလို့ပါဆရာ မစားရတဲအမဲသဲနဲ့ပက်နေကြလို့ပါဆရာ…
မေးသူ - ကိုလင်းဦး ကိုလင်းဦး ပိုင်ဆိုင်တဲ့ လယ်မြေပေါ်မှာ အလုပ်လုပ်တာဖြစ်တဲ့အတွက် "နှင်စာ"ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းပြန်လိုက်ပေါ့။ အခြားသုံးစွဲခွင့် လျှောက်မယ်ဆိုရင်တော့ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီက တစ်ဆင့် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်တင်ပြရပါတယ်။ အဲ့ဒီအဆင့်ဆင့် ထောက်ခံချက်ပေါ် မူတည်ပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီက ခွင့်ပြုတာပါ။ ဗဟိုက ခွင့်ပြုချက်ရမှ အခြားနည်းသုံးစွဲခွင့်ရပါတယ်။
ကုန်ကျစရိတ် အနေနဲ့ နိုင်ငံတော်အစိုးရကို ပေးသွင်းရတာကတော့ တစ်သိန်းမကျော်လောက်ပါဘူး။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန သို့သွားရောက်ပြီး အသေးစိတ်စုံစမ်းကြည့်ပြီး စိတ်ချရမှ ၀ယ်တာ အကောင်းဆုံးပါလို့ ဖြေကြားပေးလိုက်ပါတယ်။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.