1284 Views

လယ်ရောင်းမှာ ၅ဧကရှိတာ ၂ဧက ခွဲရောင်းတာ ပုံစံ (၇) ပေါင်းနေတာ ၅ဧက ပုံစံ (၇) ကို သူတို့ပေးရမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးဆီမှာ ၂ဧက ဘဲရောင်းတဲ့စာချူပ် ချုပ်မှာရလားခင်ဗျာ ။

မေးသူ - ကိုအောင်မင်း
၂.ဧကဘဲ ​ရောင်းရင်​ "၂ဧက အ​ရောင်းအ၀ယ်​စာချုပ်​ဘဲ"ချုပ်​​ပေးပါ။ ပုံစံ-၇ (လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​)ကို ၀ယ်​သူကို​ပေးရမှာဆိုရင်​လည်း ​ပေးလို့ရပါတယ်​။ ဒါ​ပေမဲ့ အခု​လော​လောဆယ်​မှာ​တော့ ၀ယ်​သူရဲ့အမည်​ကို ​ပြောင်းလို့မရ​သေးဘူးလို့ သိရပါတယ်​။ "မှတ်​ပုံတင်​ လယ်​​မြေအ​ရောင်းအ၀ယ်​ စာချုပ်​ "ချုပ်​ဆိုပြီး ​ရောင်းလို့ ရမရကို​တော့ ကို​အောင်​မင်း လယ်​ယာ​မြေ ရှိတဲ့ မြို့နယ်​လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​စာရင်းအင်း ဦးစီးဋ္ဌာန၊ (ယခင်​ ​မြေစာရင်းဦးစီးဋ္ဌာန) မှာ သွား​ရောက်​စုံစမ်းပြီးမှ အ​ရောင်းအ၀ယ်​ကို လုပ်​​စေချင်​ပါတယ်​။
မှတ်​ပုံတင်​ စာချုပ်​လုပ်​ပြီး ​ရောင်းလို့မရ​သေးဘူးဆိုရင်​​တော့ ၀ယ်​သူ​တွေက ​ရောင်းသူ" ကို​အောင်​မင်း "ထံက အဲ့ဒီလယ်​​မြေနဲ့ပက်​သက်​လို့ General Power ​တောင်း​လေ့ ရှိပါတယ်​။ အဲဒီလို အ​ထွေ​ထွေကိုယ်​စားလှယ်​ လွှဲစာ ​ပေးမိရင်​ ကို​အောင်​မင်းရဲ့ ပုံစံ(၇ )နဲ့ ​ရောင်းလိုက်​တဲ့ လယ်​၅ဧက လုံးကို ၀ယ်​သူအမည်​​ပြောင်းလိုက်​လို့ ရပါတယ်​။ ဒါ​ကြောင့်​ ၂ဧက အ​ရောင်းအ၀ယ်​ လုပ်​ခဲ့ရင်​ ၂ဧက ခွဲစိတ်​​ရောင်းတဲ့အ​ကြောင်း အထူးကိုယ်​စားလှယ်​လွှဲစာ ​ပေးလိုက်​ပါလို့ အကြံ​ပေးလိုက်​ရပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)