1708 Views

ပြင်ဦးလွင် က ခြံမှာ အိမ်ဆောက်ချင်ပါတယ်၊ အိမ်က ( ပေ၈x ပေ၁၄၀ )လောက်ရှိပါတယ် တခြမ်းမှာတော့ အိမ် ခပ်သေးသေး ဆောက်ထားပါတယ်။ ကျန်တဲ့ တဖက်မှာ ဆောက်ချင်ပါတယ် နောက်မှ ဝယ်ထားတဲ့ အကွက်ပါ။ ဝယ်တုန်းက အရာရှိ တယောက် ဆီက ပါ GP ပဲရထားပါတယ် ခု ဆောက်မယ်ဆိုရင် အမည်ပေါက် လိုပါသလား အခွန်ရောဆောင်ရမှာလား သိချင်ပါတယ်ရှင်၊ ဘယ်လောက် ဆောင်ရမလဲ ကုန်ကျမဲ့ စရိတ်ပါ ခန့်မှန်းသိချင်ပါတယ် ကျေးဇူးပါ ။

မေးသူ - မေမိုးဆွေ
အရာရှိတစ်​​ယောက်​ဆီက ၀ယ်​တဲ့​မြေကွက်​က ပါမစ်​​မြေ ဒါမှမဟုတ်​ ဂရန်​​မြေ ဖြစ်​တယ်​လို့ ညီမက အတိအကျ​ရေးထားတာ မ​တွေ့ရဘူး​နော်​။ ထားပါ​တော့​လေ။ ဂရန်​​မြေ ပဲဖြစ်​ဖြစ်​၊ ပါမစ်​​မြေပဲဖြစ်​ဖြစ်​၊ အမည်​​ပေါက်​ဆီက General Power (GP) ယူထားတယ်​ဆိုရင်​ အမည်​​ပေါက်​ကို ပြန်​​ခေါ်စရာမလိုပါဘူး။
အခွန်​​ဆောင်​ရတယ်​ဆိုတာက သူများဂရန်​အမည်​​ပေါက်​​မြေကို ကိုယ့်​အမည်​​ပေါက်​​ပြောင်းရင်​ ​ဆောင်​ရတာ​ပေါ့။ ပါမစ်​​မြေ ဆိုရင်​ ​ဆောင်​စရာမလိုပါဘူး။ ​ဆောက်​လုပ်​ခွင့်​တင်​ပြီး ​ဆောက်​လို့ရပါတယ်​။ သူများ အမည်​​ပေါက်​ဂရန်​ကို ကိုယ့်​ရဲ့ဂရန်​အမည်​​ပေါက်​ လုပ်​ချင်​ရင်​​တော့ အခွန်​​ဆောင်​ရပါတယ်​။ အခွန်​နှုန်းထားက​တော့ ​မြေကွက်​တန်​ဖိုး ...သိန်း(၃၀၀)တန်​တယ်​ဆိုရင်​ ၁၅%ရာခိုင်​နှုန်း ​ဆောင်​ရပါတယ်​။ သိန်း(၃၀၀)မှ သိန်း(၁၀၀၀)အထိဆိုရင်​ ၂၀%ရာခိုင်​နှုန်း ​ဆောင်​ရပါတယ်​။ သိန်း(၁၀၀၀)အထက်​ဆိုရင်​ ၃၀%ရာခိုင်​နှုန်း ​ဆောင်​ရပါတယ်​။ အခွန်​တံဆိပ်​​ကောင်း ၀ယ်​ရ​သေးလို့ တံဆိပ်​​ခေါင်းဖိုး ၄%ရာခိုင်​နှုန်း ထပ်​​ဆောင်း​ပေးရပါတယ်​။ အခွန်​​ဆောင်​ပြီးမှ ​မြေကွက်​အ​ရောင်းအ၀ယ်​ စာချုပ်​ကို စာချုပ်​ရုံး မှာ မှတ်​ပုံတင်​ ရပါတယ်​။ မှတ်​ပုံတင်​အ​ရောင်းအ၀ယ်​ စာချုပ်​ပြီးမှ ​မြေစာရင်းရုံးမှာ အမည်​​ပြောင်းရပါတယ်​။ အဲဒီလို ညီမ အမည်​​ပေါက်​ဖြစ်​ပြီးမှ အိမ်​​ဆောက်​လုပ်​ခွင့်​ တင်​ရပါတယ်​။ ဒါက အမည်​​ပေါက်​ ဖြစ်​ပြီးမှ အိမ်​​ဆောက်​လုပ်​တဲ့ နည်းပါ။ အဲဒီလို ကိုယ့်​အမည်​မ​ပေါက်​ဘဲ၊ သူများအမည်​​ပေါက်​ ဂရန်​နဲ့လည်း အိမ်​​ဆောက်​လုပ်​ခွင့်​ တင်​လို့ရပါတယ်​။ အဲဒါဆိုရင်​​တော့ အခွန်​​ဆောင်​စရာ မလိုပါဘူး။ GP ပါဝါ ရသူက အမည်​​ပေါက်​ကိုယ်​စား အိမ်​​ဆောက်​လုပ်​ခွင့်​ တင်​လို့ရပါတယ်​။ ကုန်​ကျစရိတ်​ က​တော့ ​ဆောက်​လုပ်​ခွင့်​ တင်​တဲ့ စရိတ်​ ပဲလိုပါတယ်​။ (အဲ....တစ်​ခု​တော့မှာလိုက်​ ရဦးမယ်​။ GP ပါဝါက စာချုပ်​ ရုံးမှာ မှတ်​ပုံတင်​ ထားတဲ့ GPဖြစ်​ဖို့ လိုပါတယ်​။ နိုတြီ GP ဆိုရင်​ သုံးလို့မရပါဘူး။) သူများအမည်​​ပေါက်​ ဂရန်​နဲ့အိမ်​​ဆောက်​ခဲ့ရင်​ မ​ကောင်းတဲ့အချက်​က ​နောက်​မှ မိမိအမည်​​ပေါက်​ လုပ်​တဲ့အခါ ​မြေကွက်​တန်​ဖိုး အပြင်​ အိမ်​ရဲ့တန်​ဖိုးကိုပါ ထပ်​​ဆောင်းပြီး အခွန်​​ဆောင်​ရပါတယ်​။ ဒါ့အပြင်​ GP ပါဝါ​ပေးသူ ​သေသွားရင်​ ၊ GPကလည်း လိုက်​ပြီး ​သေသွားပါတယ်​။ GP​သေသွားပြီး ​နောက်​မှ မိမိအမည်​​ပြောင်းချင်​ရင်​ ​သေသူရဲ့ဇနီး/သားသမီး များက အ​မွေဆက်​ခံပိုင်​ဆိုင်​​ကြောင်း စာချုပ်​ချုပ်​ပြီး ပြန်​​ရောင်းတဲ့ပုံစံ လုပ်​ရပါတယ်​။ အဲဒီလို မလုပ်​ချင်​ဘူးဆိုရင်​ မှတ်​ပုံတင်​အ​ရောင်းအ၀ယ်​ စာချုပ်​ကို မှတ်​ပုံတင်​ ချုပ်​ဆို​ပေး​စေလိုမှု ဆိုပြီး ဇနီး/သားသမီး​တွေကို တရားစွဲပြီး အနိုင်​ဒီဂရီ ရမှ ကိုယ့်​အမည်​​ပြောင်းလို့ ရပါတယ်​။ ဒါဟာ ဂရန်​အမည်​​ပေါက်​ထံက GP ယူထားသူများ အ​နေနဲ့ ဂရန်​အမည်​​ပေါက်​​ ​သေသွားရင်​ ​တွေ့ကြုံရတဲ့ အခက်​အခဲ ပါ။ အခု​ပြောပြလိုက်​တဲ့ အ​ကြောင်းအရာ ကို သိပြီဆိုရင်​ ပါမစ်​​မြေ နဲ့ ဂရန်​​မြေ ဘယ်​လိုကွာခြားတယ်​ဆိုတာ ရှင်းသွား​လောက်​ပြီလို့ ထင်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)