2024 Views

မင်္ဂလာပါဆရာ... ဆရာကိုတစ်ခုလောက်မေးချင်ပါတယ်ခင်ဗျာ။ လွန်ခဲ့တဲ့၂၀၀၅၀န်းကျင်ကအဖေနာမည်နဲ့ ပုသိမ်မြို့လယ်တီ( )လမ်းမှာမြေတစ်ကွက်ဝယ်ထားပါတယ်။ မြေနဲ့အတူပျည်ထောင်အိမ်အစုတ်ကလေးတစ်လုံးပါပါတယ်။ အဖေတို့ကအဲ့ဒီအိမ်ကိုဖျက်ပြီး၂၀၀၇လောက်မှာအုတ်ခံ၂ထပ်အိမ်ကလေးပြန်ဆောက်ထားပါတယ်။ အခုဆို၁၀နှစ်ကျော်ပြီပေါ့ဆရာ။ ဒါပေမယ့်ပြဿနာကအိမ်ဝယ်တုန်းကအရောင်းအ၀ယ်စာချုပ်ကလွဲပြီး မြေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းဘာတစ်ခုမှမပါပါဘူး ခင်ဗျာ။ ကျွန်တော်တို့လည်းအဝေးမှာရှိနေတော့သတိမထားမိဘူး ။ အခုမှအဖေနာမည်ကနေကျွန်တော့်နာမည်ကိုပြောင်းမယ်လုပ်တော့ စာရွက်စာ တမ်းရှာကြည့်တဲ့အခါမှာ အိမ်စ၀ယ်ကတည်းအရောင်းအ၀ယ်စာချုပ်ကလွဲပြီးဘာစာရွက်စာတမ်းမှမပါ အဖေတို့ကလည်းမသိတော့အသိသက်သေတွေနဲ့ဒီအတိုင်းပဲဝယ်ခဲ့ကြတယ်။ ခုချိန်မှာအဖေလည်းဆုံးသွားပြီ အမေတော့ရှိသေးတယ်။ရောင်းတဲ့အိမ်ရှင်နဲ့အသိသက်သေတစ်ချို့တော့ရှိသေးတယ်။ စာချုပ်ထဲမှာတော့မြေက ( ၂၀x၆၀ ) လို့တော့ပါပါတယ် ခင်ဗျာ ။အဲ့ဒါကိုအမည်ပေါက်ဖြစ်အောင်ခိုင်လုံမှုရှိအောင်ဘယ်လိုပြန်လုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီးဖြေးကြားပေးစေချင်ပါတယ်ခင်ဗျာ..ကျေးဇူးတင်ပါတယ်ဆရာ..

မေးသူ - ကိုသက်
မြေနှင့်​အိမ်​​ရောင်းသွားတဲ့ အိမ်​ရှင်​ရှိ​သေးတာ အလွန်​ကံ​ကောင်းပါတယ်​။ သက်​​သေတစ်​ချို့လည်း ရှိ​သေးတယ်​ဆို​တော့ ၀ယ်​ယူခဲ့တာ ပိုပြီး ခိုင်​မာ​အောင်​ လုပ်​လို့ရတာ​ပေါ့။ ကိုသက်​ တို့က ပုသိမ်​မြို့မှာ ၀ယ်​ထားတဲ့​မြေဆိုရင်​ ပုသိမ်​မြို့ရဲ့ မြို့နယ်​​မြေစာရင်းရုံး (ယခု လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​ စာရင်းအင်းဦးစီးဋ္ဌာန) မှာ​ ​ရောင်းသူရဲ့ ​မြေအမည်​​ပေါက်​ မှန်​ကန်​ရဲ့လား ဆိုတာ သွား​ရောက်​စုံစမ်းရပါမယ်​။ ​ရောင်းသူအမည်​ မှန်​ကန်​တယ်​ဆိုရင်​ ​ရောင်းသူကို အကူအညီ​တောင်းရပါလိမ့်​မယ်​။ ဘာ​ကြောင့်​လဲဆို​တော့ ဒါမှသာ "ကိုသက်​" တို့ နာမည်​​ပြောင်းလို့ရမှာပါ။ ညီ​လေးရဲ့အ​ဖေ ၀ယ်​ခဲ့တဲ့ ​မြေအကျယ်​အ၀န်း က (၂၀'×၆၀') ဆို​တော့ အမည်​​ပေါက်​​လျှောက်​ယူလို့ ရပါတယ်​။ အ​ဖေ၀ယ်​ခဲ့တဲ့ အရပ်​ကတိအ​ရောင်းအ၀ယ်​ကိုလည်း ပြန်​သုံးစရာမလို​တော့ပါဘူး။
 မြေရှင်​​တွေရှိ​သေးတယ်​ဆို​တော့ ​မြေရှင်​​တွေကိုပဲ အ​ရောင်းအ၀ယ်​စာချုပ်​ ချုပ်​ဆိုရန်​ ​မြေပုံ/​မြေရာဇ၀င်​ (ပုံစံ-၁၀၅/ပုံစံ-၁၀၆)ကူးခိုင်းရမယ်​။ ပြီး​တော့ ကာလတန်​ဖိုးဖြတ်​​ပေးဖို့ အခွန်​ရုံးမှာ တင်​ပြရမယ်​။ သတ်​မှတ်​တဲ့ အခွန်​​ဆောင်​ပြီးလို့ အခွန်​​ပြေစာနဲ့ စာချုပ်​ဖို့ တံဆိပ်​​ခေါင်း​တွေရရင်​ အဲဒီ ​မြေစာရင်းရုံးမှာပဲ ​မြေနဲ့အိမ်​ကို မှတ်​ပုံတင်​ အ​ရောင်းအ၀ယ်​ စာချုပ်​ချုပ်​ရမယ်​။ အဲဒီစာချုပ်​ရုံးမှာဘဲ ​ရောင်းသူဘက်​က သူတို့အမည်​​ပေါက်​ မှတ်​ပုံတင်​အ​ရောင်းအ၀ယ်​စာချုပ်​ ဒါမှမဟုတ်​ ဂရန်​​မြေဆိုရင်​ ​မြေငှါးဂရန်​စာချုပ်​ တင်​ပြပြီး ​ရောင်းသူအဖြစ်​ လက်​မှတ်​​ရေးထိုးခိုင်းရမယ်​။ စာချုပ်​စာတမ်းရုံးမှာ လက်​မှတ်​​ရေးထိုးပြီးရင်​ ​ရောင်းသူတာဝန်​ ပြီးသွားပြီ။ အမည်​​ပြောင်းတဲ့အခါ ၀ယ်​သူတစ်​ဦးတည်း လုပ်​လို့ရပါတယ်​။ ဒီ​တော့ ညီ​လေးတို့ရဲ့အမည်​​ပေါက်​ဖို့အ​ရေး အစအဆုံး ​ဆောင်​ရွက်​​ပေးနိုင်​တာက ​ရောင်းသူဖြစ်​လို့ ​ရောင်းသူအ​နေနဲ့ စိတ်​ပါလက်​ပါ ​ဆောင်​ရွက်​​ပေးနိုင်​​အောင်​ ​ရောင်းသူကို လက်​​ဆောင်​​ပေးပြီး အကူအညီ​တောင်းဖို့ လိုအပ်​ပါတယ်​။ အဲဒီလို အမည်​​ပေါက်​သူက ​မြေပုံ/​မြေရာဇ၀င်​ နဲ့ မှတ်​ပုံတင်​ အ​ရောင်းအ၀ယ်​ စာချုပ်​​ပေးတဲ့ ကိစ္စ​တွေကိုဘဲ လိုက်​ပါ​ဆောင်​ရွက်​​ပေးဖို့ လိုအပ်​ပါတယ်​။ အမည်​​ပြောင်း​လျှောက်​တဲ့အခါ ​ရောင်းသူ မလိုအပ်​​တော့ပါဘူး။ နိဂုံးချူပ်​ ​ပြောရရင်​​တော့ အရပ်​ကတိစာချုပ်​ကို ​မေ့ထားလိုက်​ပါ။ အခု​ပြောသလို အဆင့်​ဆင့်​​ဆောင်​ရွက်​ လုပ်​ကိုင်​မယ်​ဆိုရင်​ ညီ​လေးကိုသက်​တို့ရဲ့ အမည်​​ပေါက်​ရနိုင်​တဲ့ နည်းလမ်း​ကောင်း တစ်​ခု ဖြစ်​​ကြောင်း ​လေ့လာတင်​ပြလိုက်​ရပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)